တာရာ တစ်ယောက် ဒီနေ့အလုပ်စဆင်းရမယ်ဆိုတော့ စိတ်ဓာတ်တို့ တက်ကြွလန်းဆန်းနေလေသည်။
"ကဲ....ဒီနေ့ အလုပ်စဝင်ရမဲ့နေ့ ငါလန်းဆန်းနေမှရမယ် အလုပ်မှာ အမှားမရှိအောင်အတက်နိုင်ဆုံးနေရမယ်"...
သို့သော်.....
"တာရာခွန်းချို ဘယ်နှစ်နာရီရှိပီလဲ"
"အယ်....ရှစ်..ရှစ်နာရီခွဲသွားပါပီ..."
"ရုံးတက်ချိန်ကဘယ်နှစ်နာရီလဲ"
"ခု..ခုနှစ်နာရီပါဗျ"
"ဒီနေ့မှ အလုပ်စဝင်တယ် ဒီနေ့ဘဲနောက်ကျတယ် "
" ဟီး..ဟုတ်နောက္မဖြစ်စေရပါဘူး"
ရုံးရောက်ရောက်ချင်း ပထမဆုံးနေ့မှာတင်
ဉီးသွင်ဆူတာခံလိုက်ရလေသည်။
မှန်းချက်နဲ့နှမ်းထွက် မကိုက်လိုက်ပေ။
.
.
.
.
.
.
.
"တာရာ ဆရာက စာရင်းတွေလုပ်လို့ပီးရင် သူ့ကိုကော်ဖီတစ်ခွက်လောက် လာပို့ပေးပါတဲ့ ..
ဉီးသွင် ကိစ္စရှိလို့ အပြင်ခဏသွားလိုက်အုံးမယ်
"ဟုတ်ကဲ့ ဉီးသွင် တာရာ သွားပို့လိုက်ပါမယ်.."ဒေါက်...ဒေါက်...ဒေါက်"
ဆရာ ကော်ဖီလာပို့တာပါ....
"အေး ဝင်ခဲ့..."
တာရာခွန်းချို ကော်ဖီခွက်ကို ကိုင်ကာ မောင်နှိုင်းရှိန်ရဲ့ ရုံးခန်းထဲသို့ ဝင်လာလေသည်။"ဆရာ ကော်ဖီရပါပီ...ခုံပေါ်တင်ထားခဲ့လိုက္မယ်နော်... "
"အေးအေး တာရာ တင်ထားခဲ့လိုက် "
မောင်နှိုင်းရှိန် Dream bed ပေါ်လှဲနေရင်းပြောလိုက်လေသည်။"ကျွန်တော့်ကိုခွင့်ပြုပါအုံး ဆရာ"
" အေး...ရပီ သွားတော့"
"ဟုတ်ကဲ့ ဆရာ"
တာရာခွန်းချို လှည့်ထွက်ဖို့ ပြင်လိုက်ချိန်....
" အ..."
ရုတ်တရက် ခြေချော်ကာ နောက်ပြန်လှဲကျသည်ကို မောင်နှိုင်းရှိန် အချိန်မှီ ဖမ်းလိုက်လေသည်။
ကြမ်းခင်းများက ဒီနေ့မနက္မှ တိုက်ထားသည့်အတွက်ကြောင့် ချော်နေလေသည်။တာရာ အကြောက်လွန်သွား၍ မောင်နှိုင်းရှိန် ရင်ခွင်ထဲ မျက်နှာအပ်ထားမိလေသည်။
"ကောင်လေး ငါ့ကိုလွှတ်အုံးမှာလား"
" ဗျာ.....ဟုတ်..ဟုတ်ကဲ့ တောင်းပန်ပါတယ်ဆရာ
ဟုပြောကာ ရင်ဘက်ပေါ်ကအင်္ကျီစကို ကိုင်ထားရာမှလွတ်လိုက်လေသည်။ရှက်သွားဟန်တူသည်
မျက်နှာလေးမှာရဲတက်သွားလေသည်။ကောင်လေးရုံးခန်းထဲမှ ထွက်သွားပီးသည့်တိုင် မောင်နှိုင်းရှိန် မတ်တပ်ရပ်နေလေသည်။ရင်ဘက်ရဲ့ဘယ်ဘက်ခြမ်းမှာပုံမှန်မဟုတ်တဲ့ တုန်ခါမှု (၂)
ခါရှိလေပီ။
"ဒီကောင်လေးနဲ့တွေ့တိုင်း ငါဘာလို့ရင်တွေခုန်နေတာလဲ "မောင်နှိုင်းရှိန်တွေဝေနေမိလေသည်။
.
.
.
.
.
.
.
.
.
.
တာရာခွန်းချို တစ်ယောက် ညဆယ်နာရီကျော်တဲ့အထိအိပ်၍မပျော်။
တာရာခွန်းချိုဆိုတဲ့ ကောင်လေးလဲ ချစ်တက်တဲ့နှလုံးသားပိုင်ဆိုင်ထားသူပင် မဟုတ်လား။တာရာသည် ယခုသူအလုပ်ဝင်နေသည့် ကုမ္ပဏီက ဆရာလဲဟုတ်သလို ကုမ္ပဏီရဲ့ဉက္ကဋ္ဌကိုမှ သဘောကျနေမိတဲ့သူဖြစ်နေလေသည်။ ရုံးခန်းထဲချော်လဲတာကိုဖမ်းပေးထားတဲ့ လူကြီးကို ပြန်တွေးနေမိလေသည်။သို့သော် ဝန်ထမ်းနဲ့ သူဌေးဆိုသည့် စည်းကြောင့် အဆင့်ကျော်၍မရပေ။
.
.
.
.
.
.
.
မောင်နှိုင်းရှိန် အပေါ်ကုတ်ကိုချွတ်ကာ အသက်ရှူချောင်ရန် necktie ကို အနည်းငယ်လျှော့ကာ လေပူတစ်ချက္မှတ်ထုတ်လိုက်လေသည်။
"ဟူး...."
ခေါင်းထဲမှာ ကောင်လေးပုံပဲ အမြဲမြင်ယောင်နေမိကာ မောင်နှိုင်းရှိန် မေ့ဖျောက္မရဖြစ်နေလေသည်။
"ဉီးသွင်ရေ.....
.
.
.
"ဗျာဆရာ လာပါပီ ဘာခိုင်းမလို့လဲဆရာ"
"မခိုင်းပါဘူး ဉီးသွင် ပြောစရာရှိလို့"
"ဗျာ...."
ပုံမှန်ဆို ခိုင်းစရာရှိတဲ့အလုပ်ကိုသာခိုင်းပီးဉီးသွင်နဲ့ တစ်လတစ်ခါတောင် ဖော်ဖော်ရွေရွေ စကာမပြောတဲ့ လူက အခုမှ ပြောစရာရှိလို့ ဆိုတော့ ဉီးသွင်"ဗျာ"လိုက်ရလေသည်။
"အော်....ဟုတ် ပြောပါဆရာ"
"ထိုင်ခုံယူဗျာ"
"ဉီးသွင်.... လူတစ်ယောက်ကိုချစ်မိရင် အဲ့လူကို သူ့ကိုချစ်မိနေကြောင်းကိုသိအောင် ဘယ်လိုလုပ်ရမလဲ"
"ခင်ဗျာ...."
ကုမ္ပဏီမှာ ဉီးသွင်လုပ်လာတဲ့သက်တမ်းတလျှောက် လူပျိုကြီးမောင်နှိုင်းရှိန်ဆီမှ ဒီလိုစကား
မျိုးကြားရခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
YOU ARE READING
နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)
Romanceဖြူစင်လွန်းတဲ့ပါးရဲ့ကလေးကို ပါးလက္မလွှတ်နိုင်ဘူး BL story /romance