CH 7

496 22 4
                                    

တစ်နှစ်ကြာသောအခါ---
Flash back end---
"ခွန်းချို...ဘာလိုချင်လို့လဲ ပါးကိုပြောလေ"
"ဟို....ဟိုလေ....ပါး ကလေးတို့ ညနေရုံဆင်းရင်လေ..ဟို..အပြင်သွားပီး မုန့်ဝယ်စားချင်လို့"
နှုတ်ခမ်းစူကာပြောလာတဲ့ ခွန်းချို ကို နှိုင်းရှိန်ဇေယျာ အသဲယားနေလေသည်။
.
.
.
"ကဲ...ဟုတ်ပါပီဗျာ.. ပါးတို့ညနေရုံးတာနဲ့ ခွန်းချိုလေး စားချင်တာ လိုက်ဝယ်ကျွေးမယ် ဟုတ်ပီးလား....အခုတော့ မျက်နှာသွားသစ်အုံး.. သွား.."

"ဟီး...ဟုတ်.. အဲ့တာကြောင့်ပါးကိုချစ်တာ...မွ"
လိုချင်တာရသွားတော့ မမှီတဲ့အရပ်ကိုခြေဖျားထောက် ပါးကိုနမ်းသွားသည့်ကောင်လေးကို နှိုင်းရှိန်ဇေယျာ ကြည့်ပီး ရင်ထဲမှာ ပန်းပွင့်တွေ ရှပ်ပြေးနေလေရဲ့။
.
.
.
.
.
"ပါး...ရေခဲမုန့်စားချင်တယ်"
ညနေရုံးဆင်းတော့ နှိုင်းရှိန်ဇေယျာ သူ့မူပိုင်လေးအား ပေးထားတဲ့ကတိအတိုင်း မုန့်လိုက်ဝယ်ကျွေးရလေသည်။

ကတိမတည်လျှင် နှိုင်းရှိန်ဇေယျာ လန့်ရသည်။
သူ့မူပိုင်လေးစိတ်ဆိုးမှာကိုမလိုလားပေ။
ကတိမတည်ခဲ့လျှင် ရစ်စရာမရှိ ကြံဖန်ရစ်တက်တဲ့ တာရာခွန်းချိုကြောင့် ရုံးဆင်းအပြန်မုန့်လိုက်ဝယ်ကျွေးခြင်းပင်။

"ကလေး........ ထမင်းစားမယ်
"ဟင့်....ပါးကလဲ ကလေး ညနေကမှ မုန့်တွေစားထားတာလေ...ဗိုက္မဆာသေးဘူး"

"ကဲ....ဟုတ်ပါပီဗျာ
ကလေးမဆာရင်လဲ မစားနဲ့တော့နော် ဟုတ်ပီလား။"
.
.
.
.

"ကလေး ၉နာရီထိုးပီ အိပ်တော့ "
"ပါးချော့သိပ်မှ အိပ်မှာ"
နှိုင်းရှိန်ဇေယျာ သူပေါ် တာရာခွန်းချို ချွဲလေလေ
အရည်ပျော်လေလေ ဖြစ်ကာ သွားများ အအေးပတ်သွားလောက်တဲ့အထိ ပြုံးဖြီးနေလေသည်။

"ကလေး သိလား ၊ ကလေး ပါးကိုချွဲလေလေ ဒီကကောင်ကြီးက အရည်ပျော်မတက်ဘဲ။

"ဘာလဲ ကလေးက အဲ့တာဆို မချွဲရဘူးလား...
ဟွန့်"

နှုတ်ခမ်းလေးစူပုတ်ကာ ပြောလိုက်ပုံက အသည်းယားဖွယ်....။
"ဟား ဟား ဟား ...."နှိုင်းရှိန်ဇေယျာ ဗိုက်ကိုနှိပ်ကာ ရီပါတော့သည်။

"မဟုတ်ရပါဘူးဗျာ ချွဲပါ ပါးရဲ့ကလေး ချွဲလေ ပါးက ပိုအသည်းယားလေပဲ၊
ကဲ...... လာ ပါးချော့သိပ်မယ် ပါးကလေးကို "
နှိုင်းရှိန်ဇေယျာ သူ့ရဲ့မူပိုင်လေးအား ရင်ခွင်ထဲ
ထည့်ကာ ကျောလေးကိုပုပ်၍ ချော့သိပ်နေလေသည်။

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now