CH 11 (🚨 အနည်းငယ်)

545 21 4
                                    

လပြည့်ညမဟုတ်ပေမဲ့ တိမ်များကင်းစင်နေသောကြောင့် ကောင်းကင် စက်ဝန်းကြီးကို တစ်လက်လက်တောက်ပနေတဲ့ ကြယ်စင်များနဲ့ ဖိုးလမင်းကိုလဲ တွေ့နေရလေသည်။ ဆောင်းရဲ့ အအေးဓာတ်က ပိုလာတာနဲ့အမျှ အချမ်းဓာတ်တို့ကလဲ ကမ္ဘာမြေပေါ် အလည်ပတ်ရောက်လာလို့နေလေသည်။

ညအချိန်ကား ဆယ်နာရီ.....
တိတ်ဆိတ်အေးချမ်းလှတဲ့ ညလေးမှာ ကုတင်ပေါ်မှာလူနှစ်ယောက်....

" ကလေး "
" ဗျာ ပါး"
" ကလေးကို ပါးမခွဲနိုင်ဘူး ကလေးရယ် ပါးကိုအနားကနေ ပယ်မထုတ်လိုက်ပါနဲ့နော် ကလေးအတွက်ဆို ပါးအကုန်ဖြည့်ဆည်းပေးချင်ခဲ့တာ ကလေးကို စပီး ပါးချစ်ခဲ့မိတဲ့ အချိန်ကစပြီး ။
ကလေး ပါးရဲ့နှလုံးသားကို လိုချင်တယ်ပြောရင်တောင် ရင်ခွဲပီးထုတ်ပေးဖို့ ဝန်မလေးဘူး "

နှိုင်းရှိန် သူ့မူပိုင်လေး တာရာအား ကလေးတစ်ယောက်လိုချွဲကာပြောနေသည်မှာ ရုံပတေသီးပင်အဖေခေါ်ရလောက်ပေသည်။

" ပါးရယ် ကလေးယုံပါတယ် ပါးရင်ဘက်ကြီးကိုခွဲပေးစရာ မလိုပါဘူး ပါးနှလုံသားကို ကလေးကရထားတာပဲ ပါးက ကလေးတစ်ရောက်ဘဲပိုင်တာ "

တာရာဆိုတဲ့ ကလေးငယ်ကလဲ ခေသူမှမဟုတ်တာ နှိုင်းရှိန်တို့ အရည်ပျော်ပီလေ။

" ဟာ!! ချွဲပီဟေ့။ နှလုံးသားတင်မကတော့ဘူး လူပါအရည်ပျော်ချင်သွားပီ။

" ကလေး"
" ဗျ "
" ပါးမရတော့ဘူး "
" ဟမ်!! "
နှိုင်းရှိန်ရဲ့ ဟိုမရောက်ဒီမရောက်စကားကို အဓိပ္ပါယ်ဖော်မရပေ။

"ဘာမရတာလဲ ပါးရဲ့ "
" ဟို! ဟိုလေ ကလေးရာ ပါး....နေချင်နေပီ
ေဆာင်းတွင်းလေးမှာ တွင်းလေးအောင်းချင်နေတာ "
နှိုင်းရှိန်ရဲ့ ကာရန်ညီတဲ့ အပြောကြောင့် တာရာလေး ကိုယ်လုံးလေးတောင့်ခနဲ ဖြစ်သွားကာ တုန်သွားလေသည်။
တာရာ နှိုင်းရှိန်ဘက်ကို လှည့်လိုက်ကာ

" ပါးကလဲ......"
စကားက လမ်းတစ်ဝက္မှာတင်ရပ်တန့်သွားကာ
အနမ်းတစ်စုံက တာဆီးထားလိုက်လေသည်။
နှိုင်းရှိန် ညှင်သာလွန်းတဲ့ အနမ်းအောက် ဝယ် တာရာလေးကျရှုံးလေသည်။

" အွမ်း!! ပြွတ်စ်!!
နှုတ်ခမ်းနှစ်ခု ထပ်တူကျကာ အနမ်းကမ္ဘာထဲဝယ်"

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now