အိမ်ရှေ့ဧည့်ခန်းထဲဝယ်-
တာရာ ဆိုဖာပေါ် ထိုင်ကာ နှိုင်းရှိန်အား ကျောပေးထားလေသည်။
" ကလေး..... ကလေး ပါးကိုကြည့်ပါအုံးကွာ "
"..........."
"ကလေး ပါးမနေ့က pary မှာ တကယ်အိပ်ပျော်သွားတာပါကွာ "
တာရာစကားတစ်ခွန်းမှမပြောဘဲ ထထွက်သွားလေသည်။
နှုိင်းရှိန်ရုံးခန်းထဲ စိတ်မအေးချမ်းနိုင်ပေ ။တာရာလေးသူ့ကို စိတ်ဆိုးနေသောကြောင့်ဖြစ်လေသည်။ မနက်ဆို သူစီစဉ်ပေးမှ မနက်စာ စားသည့်ကလေးငယ်က အခုတော့ သူ့ဘာသာ အပြင်ထွက်စားလေရဲ့ ။ ကုမ္ပဏီရောက်တော့လဲ အမြဲလိုလို ရုံးခန်းထဲလာပီး ချွဲတက်သည့် ကလေးငယ် အခုတော့ ရုံးခန်းထဲလဲ မလာတော့ပေ။
.
.
.
.
.
.
.
.
.
" သမီး...ရတီ "
" ရှင်!!Daddy "
" အဖေ အခု မောင်နှိုင်းရှိန်ဆီကိုသွားမယ်
အဖေ့ရဲ့ အစီအစဉ် အထမြောက်ရင် ကျန်တာသမီးတာဝန်နော် "
"စိတ်ချပါ အဖေ ရတီပါ အဖေ့သမီးရတီပါ အဖေရယ်"
ဉီးဝနတို့ သားအဖနှစ်ယောက်ပေါင်းကာ မောင်နှိုင်းရဲ့ လုပ်ငန်းစုကို ခြယ်လှယ်ဖို့ ကြံစည်ကြလေတော့သည်။
.
.
.
.
.
မကြာခင်ဉီးဝန နှိုင်းရှိန်ရဲ့ကုမ္ပဏီထဲသို့ရောက်ရှိလာလေသည်။
" မောင်နှိုင်းရှိန် "
" ေဩာ် ဉီးဝန လာထိုင်ဗျာ "
ဉီးဝန ထိုင်ခုံယူ၍ထိုင်လိုက်ကာ
" ကဲဆိုပါအုံးဗျ လာရင်းကိစ္စလေး "
" လာရင်းကိစ္စဆို မောင်နှိုင်းရှိန်ကိုလဲ ဉီးအားနာမိပါတယ် "
" ဘာလဲ ငွေလိုပြန်ပီလား ဉီးဝန "
" အင်း"
ဉီးဝနသက်ပြင်းချလိုက်ကာ
" ဟုတ်တယ် မောင်နှိုင်းရှိန် ဖြစ်ပုံက...."
ဉီးဝန စကားပြောလက်စကို နှိုင်းရှိန် လက်ကာြပလိုက္ရင်း
" ဒီမယ် ဉီးဝန ခင်များကို ကျုပ်ဟိုတစ်ခါတည်းက ပြောထားတယ် မဟုတ်ဘူးလား ။ ဉီးဝနဘာသာ တခြားရှယ်ယာဝင်တွေနဲ့ဖြစ်တဲ့ကိစ္စကို ကျွန်တော့်ကို လာမနွယ် နဲ့လို့ပြောခဲ့တယ်မဟုတ်ဘူးလား ။ ကတိစကားတစ်လုံးကို လွယ်လွယ်မဖြတ်ပါနဲ့ဉီးဝန "
" ဉီးသိပါတယ် မောင်နှိုင်းရှိန် အခုကလဲ ဘယ်လိုမှ အဆင်မပြေလို့ မောင်ရင့်ဆီ အကူညီတောင်းရတာပါ "
YOU ARE READING
နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)
Любовные романыဖြူစင်လွန်းတဲ့ပါးရဲ့ကလေးကို ပါးလက္မလွှတ်နိုင်ဘူး BL story /romance
