Extra

376 9 0
                                    

Uni

ပင်လယ်လေတစ်ချက်ဝှေ့လိုက်တိုင်း ကျောပြင်မှစိမ့်နေအောင် အေးလို့နေလေသည်။
နံနက်ရဲ့ အာရုဏ်အလင်းရောင်နဲ့ ပင်လယ်ပြင်ရဲ့လှုပ်ခပ်နေတဲ့ လှိုင်းလေးတွေနဲ့ပေါင်းစပ်ကာ တစ်ခုသောမနက်ရဲ့အလှဟာ ပန်းချီကားသဖွယ် ။

.
.
ထုံစံအတိုင်းနံနက်ဆည်းဆာရဲ့အလှကို ဘန်ဂလိုပေါ်မှနေ၍ သောက်နေကျ ကော်ဖီခွက်လေးကိုကိုင်ကာ နှိုင်းရှိန် ငေးမောကာနေလေရဲ့။
.
.
.
.
.
"ဒယ်ဒီ "
အသံကြားရာလှည့်ကြည့်တဲ့အခါ နှိုင်းရှိန်ရဲ့မွေးစားသား ဒေးဗစ်ရှိန်နဲ့ သူ့ရဲ့နှလုံးသားကို သော့ဖွင့်ခဲ့တဲ့ မြတ်နိုးရတဲ့ လူသားလေး တာရာခွန်းချို တို့ပင်။

" မောင် "
" ဟင် "
...........

" က..ကလေး... ဘယ်လိုခေါ်လိုက်တာ "
တာရာမျက်နှာလေးနီလာကာ

" ပါးလို့ခေါ်တာထက် မောင် ဆိုတာက ပိုခေါ်လို့ ကောင်းမယ်ထင်လို့ "
" ဟာ.........ချွဲပီဟေ့.....ဒီကောင်ကလဲ အရည်ပျော်ပါြပီဗျာ..."

လာပါအုံးကွာ ဆိုပီး တာရာနဲ့ဒေးဗစ်အား နှစ်ယောက်လုံးကို နှိုင်းရှိန် သူ့ရင်ခွင်ကျယ်ကြီးထဲထွေးကာပွေ့လို့ထားလေသည်။ ပင်လယ်ကမ်းခြေမှ လှိုင်းတံပိုးတို့ကလဲ ေလငြိမ်နေ၍ ဖြေးညှင်းစွာ လှုပ်ခတ်စဲ။ မျက်စိတစ်ဆုံးမြင်နေတဲ့ မြင်ကွင်းထဲ ယနေ့မြင်ကွင်းက အချိုဆုံးနဲ့ အမှတ်တရ မြင်ကွင်းဖြစ်လို့နေခဲ့လေသည်။

ကမ်းခြေမှ အိမ်အပြန် လမ်းမှာ ဟိုသားဖနှစ်ယောက် စကားတတွတ်တွတ်ပြောရင်း မောရင်းအိပ်ပျော်သွားကြလေသည်။ ကားထဲက နောက်ကြည့်မှန်မှတစ်ဆင့် နှိုင်းရှိန်ကြည့်မိသောအခါ ဒေးဗစ်အားဖတ်ကာ အိပ်ရင်းလိုက်လာကြတဲ့ မူပိုင်လေးကို ငေးကြည့်နေမိသည်။

ရက်ပေါင်းများစွာထဲမှ အမှတ်တရ နေ့တွေကို နှိုင်းရှိန်ပြန်လည်မြင်ယောင်လာပါတော့သည်။
ထိုအရာအားလုံးကလဲ အဓိပ္ပါယ်ရှိခဲ့လေသည်။
ထိုသူတို့နှစ်ယောက်ထဲ ဆည်းလည်းလေးပါထပ်မံရောက်ရှိခဲ့လေသည်။ မိဘမဲ့ဂေဟာကို အလှူသွားလုပ်ရင်း နှစ်လသားအရွယ်လေးကိုတွေ့မိခဲ့ရာ နှစ်ယောက်သာ စိတ်တူကိုယ်တူ မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြလေသည်။ပြဿနာက ကလေးနာမည်ပေးရာမှာတက်ခဲ့ကြသေးလေသည်။ နှိုင်းရှိန်က တာရာ့နာမည်ပါတာကိုပေးချင်သည်။ တာရာကလဲနှိုင်းရှိန်နာမည်နဲ့ပေးချင်သည်။ နောက်ဆုံးတော့လဲ ချစ်ရတဲ့လူက အရှုံးပေးကာ နှိုင်းရှိန်တစ်ယောက် သူ့နာမည်မှ
ရှိန် ကိုယူကာ ဒေးဗစ်ရှိန်ဟု ပေးခဲ့ကြလေသည်။

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now