CH4

767 27 2
                                        

"ဒီလို ဆရာ..ဆရာမွေးနေ့က မနက်ဖြန် သန်ဘက်ခါဆို ရောက်ပီလေ ဟုတ်တယ်မလား"

"ဟုတ်တယ်လေ ဉီးသွင်....ဒါနဲ့ ကျွန်တော့်မွေးနေ့နဲ့ အချစ်နဲ့က ဘာဆိုင်လို့လဲ။

"ဟာ ဆရာကလဲ စကားမဆုံးသေးဘူးလေ သေချာနားထောင္...ဆရာ့မွေးနေ့မှာ ကျွန်တော်က တာရာကို ဆရာနဲ့ အနီးဆုံးနေရာမှ ထားပေးမယ် ကိတ်ခွဲချိန်ရောက်ရင် ကိတ်ခွဲပီး တာရာ့ကို အရင်ဆုံးခွံ့ကျွေးလိုက်..."

"ဟာ.ဉီးသွင်ကလဲ ဖြစ်ပါ့မလားဗျာ "
"ကျစ်"
ဉီးသွင် ကျစ် တစ်ချက်သပ်လိုက်ကာ

"ဆရာက တိုက်ရိုက်ကြီးမှမပြောရဲတာ ဖြေးဖြေးချင်း step by step သွားမှရမှာပေါ့ ဆရာရဲ့..
အကျိုးမယုတ်ပါဘူး ဆရာရဲ့ လုပ်ကြည့်ပါ။

"ဟင်း....မောင်နှိုင်းရှိန် သက်ပြင်းချလိုက်ကာ
"အင်းပေါ့ဗျာ လုပ်ကြည့်ရတာပေါ့ စွဲလမ်းမိသွားတော့လဲ မရ ရအောင်လုပ်ရမှာပေါ့ဗျာ...

________________________________________

နောက်နေ့ရောက်သောအခါ...

ဉီးသွင် အစည်းဝေးခန်းထဲတွင်

"ကဲ..အားလုံးခဏလောက်နားထောင်ပေးကြပါ
မနက်ဖြန်ကျရင် ဉီးသွင်တို့ ဆရာရဲ့ birthday လေးရှိပါတယ်ဗျာ။ ကုမ္ပဏီက ဝန်ထမ်းအားလုံးတက်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

"ဝေး...ဟေး"
ဝန်ထမ်းအားလုံးပျော်ရွှင်သွားကြလေသည်။
.
.
.
.
.
.
.
ဒီလိုနဲ့ မွေးနေ့ပွဲရက်သို့ ရောက်ရှိလာခဲ့လေသည်။
ခန်းမထဲ မီးဆိုင်းများလှပစွာတည်ရှိနေပီး အခန်းဖွဲ့စည်းပုံကို ကြည့်တာနဲ့ သာမန် Hotel မဟုတ်မှန်းသိသာလေသည်။
ဝန်ထမ်းများလဲ စုံလင်စွာရောက်ရှိနေလေပီ။တာရာအပါအဝင်ပေါ့။
ခဏကြာတော့
"ဂျိမ်း...."
တံခါးပွင့်ကာ အပြာရောင်ရှပ်နှင့် လူတစ်ယောက်ဝင်ရောက်လာလေသည်။ချောလိုက်တဲ့လူကြီးရာ။
နှစ်ထပ်လုပ်ထားတဲ့ မွေးနေ့ကိတ်ကြီး ရောက်ရှိလာကာ ခန်းမထဲ မွေးနေ့သီချင်းဆိုသံ ဆုတောင်းစကားသံများ ကြားရလေသည်။
( Happy birthday to you )×2
happy birthday dear our master.
happy birthday to you............
္"ဝေး...ဟေး ဟေး..."
ဉီးသွင် ရုတ်တရက်ထလိုက်ကာ -
"ဆရာ ဝန်ထမ်းတွေကို ကိတ်ခွံ့ကျွေးပါ ဆရာ"
ဉီးသွင် စကားသံလဲဆုံး
"ဟုတ်ပါတယ်ဆရာ ခွံ့ကျွေးပါ"

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now