လမ်းမထက်ဝယ် ကားများရှုပ်ယှက်ခက်ကာနေလေသည်။ ကားအဖြူလေးတစ်စီး ပုံမှန်နှုန်းနဲ့ သွားနေလေသည်။ ကားတွင်းအပူချိန်ကြောင့်
aircon ကို ပုံမှန်လေးဖွင့်ကာ တရိပ်ရိပ် မောင်းနှင်နေလေသည်။
" အခုသွားနေတာ ဉီးဝနတို့အိမ်ဆိုတာသေချာလား နက္ခတ် "
" ဟုတ်ကဲ့ boss သေချာပါတယ် ကျွန်တော်သေချာစုံစမ်းထားတာပါ "
" တွေ့ပြီပေါ့ကွာ ဉီးဝနရာ ဘအေး ဆိုတဲ့ ကျုပ်နဲ့ခင်များနဲ့တွေ့ပီ သွေးမနွေးတဲ့ဘအေး ဆိုတာ ဘာလဲသိအောင်ပြရမယ် "
ကားထဲမှ ဒေါသများကြိမ်းဝါးနေတဲ့ အသက်၃၀ ကျော်အရွယ် ဘအေးဆိုတဲ့ လူတစ်ယောက်။
.
.
.
.
.
" တီ...တီ.."
ကားဟွန်းကြား၍ ခြံစောင့်ရောက္လာကာ
" ဘာကိစ္စရှိလို့လဲဗျ "
" ဉီးဝန နဲ့တွေ့ချင်လို့ "
" ဘယ်သူလို့ပြောပေးရမလဲ "
ြခံရှေ့က လူတစ်ယောက် ပါးစပ်ဖျားမှာ နာမည်ကို တစ်လုံးချင်း ထွက်ကာ
" ဘ.....အေး လို့ပြောလိုက် "
" ဘယ်သူလဲကွ အိမ်ရှေ့က.... ဟေ"
" ဆရာ........ ဆရာနဲ့တွေ့ချင်လို့တဲ့ ဘအေးလို့ပြောတယ် "
" ဘာ!! "
ဉီးဝန တစ်ယောက် ပြာပြာသလဲ နေချိန်
" ဉီး...ဝ....န "
အသံပါဝါကတော့ ကြားတဲ့သူကို ဒူးပင် တုန်စေနိုင်လေသည်။
" မင်း...မင်း ဘာလာလုပ်တာလဲ ငါ့ခြံထဲက အခုထွက်သွား "
" အဟက်!! ခင်များက တကယ် သရုပ်ဆောင်ကောင်းတယ်နော် ......ဟင့်.... ဘယ်မှာလဲ ကျုပ်ရမဲ့ပိုက်ဆံတွေ ကျုပ်ပစ္စည်းတွေကိုတော့ ခင်များကယူတယ် အခု ကျုပ်ရမဲ့ပိုက်ဆံလာတောင်းတော့ မောင်းထုတ်တယ်......တရားရဲ့လား သူတော်ကောင်းကြီးရဲ့... "
ထိုစဉ်............
" Daddy... ဘယ်သူလဲ ဧည့်သည်ရောက်နေတာလား......"
" ဟဲ့!! သမီး သွား အခုအပေါ် ပြန်တက် ဆင်းမလားနဲ့ "
.
.
.
.
.
.
.
" ဘအေး!! ငါမင်းကို ပေးမယ်လို့ ပြောထားတယ်လေကွာ ရက်လေးအနည်းငယ်တော့ စောင့်ပေးလို့မရဘူးလားကွာ "
" ခင်များ ပိုက်ဆံမပေးနိုင်ရင် ကျုပ်ဆေးတွေ ပြန်ယူလာပေး "
" ဟ!! ငါဆေးတွေက ကုန်သည်တွေဆီပို့လိုက်ပြီလေကွာ "
" ဒါဆို ဘယ်မှာလဲ ကျုပ်ကို ပေးရမဲ့ပိုက်ဆံ သိန်း၁၂၀ လောက်ကတော့ ခင်များလို ကုမ္ပဏီပိုင်ရှင်လောက်က မပြောပလောက်ပါဘူး.. ဟုတ်တယ်ဟုတ်.... အဟက်!! ေဩာ်.. ဒါနဲ့ စောနက ခင်များသမီးလေးလား ချစ်စရာလေးနော် "
YOU ARE READING
နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)
Romanceဖြူစင်လွန်းတဲ့ပါးရဲ့ကလေးကို ပါးလက္မလွှတ်နိုင်ဘူး BL story /romance
