CH 9

485 17 5
                                    

ကုမ္ပဏီရုံးခန်းထဲ လူသုံးယောက် -
ဒီနေ့ကုမ္ပဏီကို စာရေးတစ်ယောက်အသစ်ဝင်လာသည်။ရင်းနှီးတဲ့လူဖြစ်သည့်အတွက် စကားဝိုင်းကောင်းနေလေသည်။

" နှိုင်းရှိန် အဲ့တာဆို ဉီးသမီးကို ထားခဲ့မယ်နော်
သေချာဂရုစိုက်ပေးပါအုံး "

" ကောင်းပါပြီ ဉီးဝန "
" ဉီးသွင်........ ရတီ့ကို နေရာလိုက်ပြပေးပါအုံး"

" ဟုတ်ကဲ့ပါဆရာ.... လာရတီ ဉီးသွင်နောက်ကိုလိုက်ခဲ့ "

" ဟုတ်ကဲ့ ဉီးသွင် "
ထိုင်မသိမ်း ရင်ဖုံးဝမ်းဆက် နဲ့ ကိုယ်ခန္ဓာအချိုးဆစ်က ပြောရက်စရာမရှိအောင် လူတကာလည်ပြန်ငေးရတဲ့ အနေထားကို ပိုင်ဆိုင်ထားတဲ့ ရတီလဲ့ရွှင် ဉီးသွင်နောက်သို့ ပါသွားလေသည်။

ဉီးဝနရဲ့ တစ်ဉီးတည်းသော သမီးဖြစ်တာကြောင့်
အလိုလိုက်ခြင်းကို ခံခဲ့ရသူဖြစ်လေသည်။ နှိုင်းရှိန် ကုမ္ပဏီ ြပီးရင် ဉီးဝန ကုမ္ပဏီက ဒုတိယ အကြီးဆုံးဖြစ်လေသည်။ မြို့မျက်နှာဖုံးနှစ်ယောက်ကို ပြောပါဆိုလျှင် နှိုင်းရှိန်နဲ့ ဉီးဝန ။

" ဆရာ !! "
" ဟုတ် ဉီးသွင်!ဘာပြောမလို့လဲဗျ "
" အခု ဝင်လာတဲ့ မိန်းကလေးက...."
" အော် အဲ့တာ ကျွန်တော့်အသိရဲ့ သမီးပါ "
" ကောင်မလေး ပုံစံကတော့ ရိုးရိုးအေးအေးလေးပါပဲ....ဒါပေမဲ့.......
ဉီးသွင် စကားကိုရပ်လိုက်ကာ..
" ဘာဖြစ်လို့လဲ ဉီးသွင် "
" သူက ဟိုတစ်ခါ ကုမ္ပဏီအခက်ခဲနဲ့ကြုံနေလို့ ဆရာကူညီပေးလိုက်တဲ့ ဉီးဝနဆိုတဲ့လူရဲ့သမီးမလား"

" ဟုတ်တယ်လေ "
" ဘာမှတော့ မဖြစ်ပါဘူး.... ဆိုပေမဲ့.... ကျွန်တော့်စိတ်ထဲ တစ်ခုခုပဲ ဆရာနဲ့ လာနွယ်မှာကို စိုးရိမ်နေတာ... "
" ဟက်"
နှိုင်းရှိန် ဟက် ကနဲ တစ်ချက်ရယ်လိုက်တာ
" ဘာမှမဖြစ်ပါဘူး ဉီးသွင် အဲ့လောက်လဲမစိုးရိမ်ပါနဲ့ "
*
*
*
*
*
" ပါး.... ပင်ပန်းနေပီလား"
တာရာ ရုံးခန်းထဲဝင်လာကာ အကြောင်းမရှိ လက်သည်းလေးတွေကို ကုတ်ခြစ်နေလေသည်။

" ကလေးမျက်နှာကို မြင်ရရင်ကို ပင်ပန်းတာတွေ အကုန်ပျောက်သွားပါြပီကွာ.... ​ပြောပါအုံး ဘာလိုချင်လို့လဲ "

တာရာ့ ပုံစံကြည့်တာနဲ့ တန်းသိတဲ့ လူကြီးကတကယ်ချစ်စရာကြီးပါဗျာ။

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now