CH 13

474 16 4
                                    

နှိုင်းရှိန်ကုမ္ပဏီထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိနေသည်။ မျက်နှာမှာ စိုးရိမ်ပူပန်မှုတို့က အထင်းသား ။ဝမ်းနည်းမှုပုံရိပ်တို့လဲ ြမင်နေရလေသည်။ ဖုန်းနံပါတ်တစ်ခုကိုပဲထပ်ခါတလဲလဲခေါ်နေမိလေသည်။ ထိုစဉ် ဉီးသွင်ရောက်လာကာ......

" ဉီးသွင် ဘာသတင်းကြားသေးလဲ "
" ဒီအနီးနားက အဆောင်တွေမှာ နေနေတယ်လို့တော့ သတင်းကြားမိတယ်ဆရာ စုံစမ်းပီးပြန်ခေါ်လာခဲ့ရမလား "

နှိုင်းရှိန် သက်ပြင်းချလိုက်ကာ

" ဟင်း!! အခုချိန် ပြန်ခေါ်လဲ မထူးဘူး သူကျွန်တော့်ကို အထင်လွဲသွားတာ........

" တောက်!! "
နှိုင်းရှိန် တောက် တစ်ချက်ခေါက်လိုက်ကာ

" ဟိုသားဖ လက်ချက် ဒင်းတို့ ပြန်ခံစားစေရမယ်"

လွန်ခဲ့သော သုံးနာရီခန့်က
*********************
" ဆရာ!! ဆရာရေ ကွိုင်ဘဲဆရာရေ "
"ဘာဖြစ်လို့လဲ ဉီးသွင် "
" ဒီမှာကြည့် ဆရာရေ "
နှိုင်းရှိန် ဉီးသွင်ဆီမှ လှမ်းလာသော ဖုန်းကို ယူ
ကြည့်လိုက်ရာ

" ဟင်!! "
နှိုင်းရှိန် ကိုယ့်မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားလေသည်။
လိုင်းပေါ်မှာ ပူလူပျံသွားသည့် party ပွဲ ညက နှိုင်းရှိန်နဲ့ ရတီတို့ရဲ့ အဝတ်ဗလာ ထပ်ရက်သားပုံများ ။ ခေါင်းထဲ ဒိန်းကနဲ ဝင်လာသည့် အတွေးက တာရာ ။ ချက်ချင်း ဖုန်းကို ယူလိုက်ပီး ဖုန်းနံပတ်တွေထဲက အပေါ်ဆုံးက နံပတ်လေးကို အမြန်နှိပ်လိုက်လေသည်။ သို့သော်......

" Sorry , the number you calling is
unavilable..........."

နောက်ကျသွားလေပြီ။
.
.
.
.
.
.
.
" ဟား ဟား ဟား ရှင်ဘယ်လိုဖြေရှင်းနိုင်မလဲ
ကြည့်ရသေးတာပေါ့ ဉီးရှိန်ရယ် "
ရတီ ဖုန်းကိုကြည့်ရင်း ဟားတိုက်ရယ်နေလေသည်။

ကုမ္ပဏီရဲ့ အရေးပါဆုံး သူလာရင် အကုန်ငြိမ်ရတဲ့အထိ ဩဇာရှိလှတဲ့ သူတစ်ယောက်ရဲ့ သတင်းမို့ တခဏလေးအတွင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားလေသည်။ သတင်းခေါင်းစဉ်အောက်တွင်လဲ

" ဟယ် ဒီလိုသူဌေးမျိုး ပျောက်ကွယ်သွားစေပါဟယ် "
" စီးပွားလောကကနေ ဖယ်လိုက်ကြပါလား "
" ကျက်သရေတုန်းလိုက်တာ..
" ကိုယ့်ရဲ့ ဝန်ထမ်းကိုမှ ဟယ် လုပ်ရက်လိုက်တာ ဘယ်လိုသူဌေးလဲ....... စသည်ဖြင့် အမျိုးမျိုး ​ေဝဖန်ထားကြလေသည်။

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now