CH 6

653 22 7
                                        

တာရာခွန်းချို ရင်ဘက္မှ နှလုံးခုန်သံတို့ဟာ မြင်းရိုင်းတစ်ကောင် ကဆုန်ပေါက်ကာ ကခုန်နေသလားပင်ထင်ရလေသည်။

🎧So as long as I live I'll love you

Will have and hold you

You look so beautiful in white.....🎧

တွေ့ဆုံရန် ချိန်းထားသည့် ကဖေးဆိုင်လေးထဲ
Beautiful in white သီချင်းက သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လို့နေခဲ့လေသည်။
.
.
.
.
.
.
.
.
.
တာရာခွန်းချို ချိန်းထားသည့် ဆိုင်သို့ ရောက်ရှိနေကာ Black coffee နှစ်ခွက္မှာထားပီး တစ်စုံတစ်ယောက်ကို စောင့်နေလေသည်။

"Sorry တာရာ ကိုယ်နည်းနည်းနောက်ကျသွားတယ်။ အားနာပါတယ်ကွာ စောင့်ရတာ။

တာရာခွန်းချို အသံကြားရာ အနောက်ကိုလှည့်ကြည့်မိတော့-
အနက်​ရောင်ရှပ်နဲ့ ခဲရောင် style pant ကို တွဲဖက်ဝတ်ဆင်ထားသည့် လူကြီး ၊ Fit size ကို ဝတ်ထားသည့်အတွက် အဝတ်ကို မပြဲအောင် ထိန်းထားရသည့် လက္မောင်းကြွက်သားများ ၊ကြီးမားကျယ်ပြန့်လွန်းသည့် ရွှေရင်အုပ်အစုံတို့က နိမ့်တစ်ခါြမင့်တစ်လှည့်ဖြစ်နေလေသည်။ တာရာ အသက်ရှူဖို့ကိုပင် မေ့သွားလေသည်။ ပြီးမှ-

" အော်.....ရပါတယ်ဆရာ မကြာသေးပါဘူး ။

နှစ်ဉီးသားအခြေအနေက ယခုထိ ငြိမ်နေစဲ။
တာရာ အကြောင်းပြချက္မရှိ အရှေ့မှာ ချထားတဲ့ ရေဘူးထဲမှ ရေကို ခဏခဏသောက္နေမိသည်။ ။

" တာရာ "

" ဗျာ! ဟုတ်ကဲ့ဆရာ"

" ကိုယ့်ကို စဉ်းစားပေးမယ်ဆိုတာလေ အဲ့..အဲ့တာ စဉ်းစားပြီးသွားပီလား။ အဖြေကရော..

မောင်နှိုင်းရှိန် ရင်တထိပ်ထိပ်နဲ့ နားစွင့်နေရလေသည်။
" ချစ်တယ် "
တာရာ မျက်နှာလေးကို ငုံကာပြောလေသည်။

" ဟင်! တာ.. တာရာ ကိုယ့်ကို အဖြေ.....ပေးလိုက်တာလား? ဟုတ် ဟုတ်လားလို့တာရာ!

" ဟုတ်တယ်လေ ဆရာ "

"ဟာ..... တာရာရယ် ပျော်လိုက်တာကွာ ပျော်တာမှာ ထတောင်ကချင်တယ်"( တော်တော်ဆိုးနေပါ့ရော)

" တာရာ ကိုယ့်ကို နောက်တစ်ခါလောက် ပြန်ပြောပေးလို့ရမလားဟင် တာရာ "

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now