နာရီသံချက်ချက်က တာရာ့အိမ်ထဲ ကျယ်လောင်စွာထွက်ပေါ်နေလေသည်။အချိန်ကား ညဆယ့်နှစ်နာရီ ကျော်လေပီ။အခုထိတိုင်တာရာအိပ်၍မပျော်။ နှုတ်ခမ်းမှအပြုံးတို့က ချိုနေ၏။
အကြောင်းရင်းက-
သူခိုးချစ်နေရတဲ့ ကုမ္ပဏီဉက္ကဋ္ဌ မောင်နှိုင်းရှိန်ဇေယျာ ညနေရုံးချိန် တာရာအား propose လုပ်ခဲ့သောကြောင့်ပင်။
ဒီနေ့ဖြစ်ခဲ့
*
*
*
*
"တာရာ ဒီလအတွက် စာရင်းပေါင်းချုပ်ကို ဆရာ က လာပေးပါတဲ့
"အော် ဟုတ်ကဲ့ ဉီးသွင် တာရာသွားလိုက်ပါ့မယ်"
"အေးအေး"
တာရာ အလုပ်စားပွဲမှရုံးခန်းထဲဝင်သွားချိန် အနောက္မှာ အောင်နိုင်သူ အပြုံးနဲ့ဉီးသွင်....
"ဟေ့ ဒို့ဆရာလူပျိုကြီးတော့ အိုရချည်သေးရဲ့..!
.
.
.
.
.
"ဒေါက် ဒေါက်!!
"ဝင်ခဲ့"
"ဆရာ ဒီလအတွက် စာရင်းချုပ် လာပေးတာပါ"
"ဟမ်"
ကိုယ်လဲလာမပေးခိုင်းဘဲ လာလို့လချုပ်စာရင်းကိုလာပေးရတာလဲဟုစဉ်းစားသွားသည်။အကြောင်းအရာကိုလျှင်မြန်စွာအဖြေရှာမိတော့
ဟော...တွေ့ပီ....... ဉီးသွင်ရဲ့ကောင်းမှု....!
ဒါမျိုးကျကိုယ့်ရဲ့ဉီးသွင်က ခြေတစ်လှမ်းသာသွားပြန်ပီ...."
နှိုင်းရှိန် စိတ်ထဲကြိတ်ပြုံးမိကာ-----"အော် အေး လာလာတာရာ ဝင်ခဲ့"
"ဟုတ်ကဲ့ပါဆရာ အဲ့တာဆိုဝင်လာပီနော်"
"အေး ဝင်ခဲ့"
တံခါးကို ဖွင့်ကာဝင်လာသော တာရာကို နှိုင်းရှိန်တို့မော့ကြည့်မိရင်း ရင်ဘက်က ရထားတစ်စင်းခုတ်မောင်းသွားသည့်ပမာ တဒုန်းဒုန်းခုန်နေလေရဲ့။.......
"ဆရာ ဒီမှာ အခုလရဲ့ လချုပ်စာရင်းပါ...."
ွ"အေးအေး ဟုတ်ပြီတာရာ"
"ဟုတ်ကဲ့ဆရာ ဒါဆို တာရာ့ကို သွားခွင့်ပြုပါအုံး"
"ကောင်းပါပြီ"
"ဟုတ်ကဲ့ဆရာ"
"ေဩာ် ဒါနဲ့ တာရာ!
တာရာခြေလှမ်းများရပ်တန့်သွားကာ --
"ဟုတ်ဆရာ ဘာများရှိလို့လဲ"
"ဟို! ဟို!! တာရာ အလုပ်မများရင် လချုပ်စာရင်းကို ဆယ်ရက်စာ စာရင်းပြန်ချုပ်ပေးလို့ရမလား"
ကိုယ်ချစ်နေရတဲ့ လူကို ကြည့်ဖို့က ဒီချိန်လေးပဲ အခွင့်ရသည်မဟုတ်ပေလား။ ေမာင်နှိုင်းရှိန်တို့ အကြံကုန် ဂဋုန်ဆားချက်ပေတော့မည်။"ဟမ် ဘယ်လိုဆရာ ဆယ်ရက်စာ စာရင်းချုပ်"
တာရာ နားမလည်ဟန်နဲ့ပြန်မေးတော့
YOU ARE READING
နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)
Lãng mạnဖြူစင်လွန်းတဲ့ပါးရဲ့ကလေးကို ပါးလက္မလွှတ်နိုင်ဘူး BL story /romance