CH-2

932 28 4
                                    

လွန်ခဲ့သောတစ်နှစ်ခန့်
____________________

မနက် မိုးလင်းကတည်းက ရန်ကုန်မြို့လမ်းမကြီးထက်တွင် ရုံးတက်ရုံးသွားကားများ ရှုပ်ယှက်ခတ်နေလေသည်။

Milky way galaxy ကုမ္ပဏီရှေ့သို့ အနက်ရောင်တောက်တောက် ကားတစ်စီးထိုးရပ်လာလေသည်။တံခါးပွင့်လာသောအခါ ကားပေါ်မှ လူတစ်ယောက်ဆင်းလာလေသည်။လေးထောင့်ကျကျမျက်နှာပေါက်နဲ့ ပါသိုင်းမွှေးများရိတ်ထားသောကြောင့် ကြည်လင်နေသည့် မျက်နှာထား ၊ ဆံပင်ဘေးခွဲပုံစံကိုမှာ ဆံပင်မွှေး အနည်းငယ်အားရှေ့ထားချကာ စွဲဆောင်မှုရှိလှပေသည်။
ရှပ်အင်္ကျီအဖြူ style pant အမဲ ခါးထက်ကလည်သာခါးပတ် နဲ့ ကုမ္ပဏီထဲသို့ ဝင်လာသည့်ပုံစံက မြင်သူမငေးဘဲမနေနိုင်။နှိုင်းရှိန်ဇေယျာ
ကုမ္ပဏီထဲသို့ဝင်လာသောအခါ

" မင်္ဂလာပါဆရာ "
တစ်ပြိုင်ထဲထွက်သာသော နှုတ်ဆက်သံများ။
အသက်ရွယ်အားဖြင့် ၅၀ စွန်းစွန်း လောက်ရှိမည့်လူတစ်ယောက်ရောက်လာခါ......

"မောင်နှိုင်းရှိန် ဒီနေ့လာတာနောက်ကျလှချည်လား။"
"ဟုတ်တယ် ဉီးသွင် ကျွန်တော်လမ်းမှာ ကောင်လေးတစ်ယောက် ချော်လဲတာမြင်လို့ ၊
ကြည့်ရတာ ခြေခေါက္ပီးလဲတာထင်ပါတယ် မထနိုင်လို့ ဆေးခန်းဝင်ပို့နေတာ ၊ လက်ထဲမှာလဲ ဖိုင်တွဲနဲ့ဆိုတော့ အလုပ်လျှောက်ဖို့နဲ့တူပါတယ်။"
.
.
.
.
.
.
.
.
"အားလားလား....ကျစ်...နာလိုက်တာကွာ"
တော်သေးတာပေါ့ ငါ့ကို သူတော်ကောင်းကယ်လို့"

"မောင်တာရာခွန်းချို ဝင်လို့ရပါပီ"
အင်တာဗျူးဖြေရန် တာရာခွန်းချို သူ့အလှည့်ရောက်လာ၍ ရုံးခန်းထဲသို့ဝင်ရောက်ခဲ့လေသည္။

   "ဆရာ ဒီမှာ ကျွန်တော့်ရဲ့ CV form ပါဆရာ"
နှိုင်းရှိန်ဇေယျာ လူသစ်လေးကို အင်တာဗျူးရန် မော့ကြည့်လိုက်သောအခါ
       "ဟင်.......ကောင်လေး"
နှိုင်းရှိန်ဇေယျာ လမ်းမှာသူကူညီခဲ့တဲ့ ကောင်လေးက သူ့စီ အလုပ်လာလျှောက္္ခြင်းသည် တိုက်ဆိုင်မှုလား။
         "ဟာ အဘ"
နှိုင်းရှိန်ဇေယျာ နည်းနည်းတော့ Psycho ဝင်သွားလေသည်။
       "မင်းအမေကြီးတော်ကို အဘလား ဉီးလောက်တော့လုပ္ပါဟ"
စိတ်ထဲ ကောင်လေးအား ကျိန်ဆဲမိလေသည်။

နှလုံးသားတံခါးအတွက်သော့ကိုရှာဖွေခြင်း(Complate)Where stories live. Discover now