Chapter 2

670 54 5
                                    

မီးရောင် စုံစုံ၊ လူစီစီကားကား ရှိတဲ့ Seoulမြို့ရဲ့ အများပိုင် ကားလမ်းပေါ်၌ လှပတင့်တယ်စွာ တည်ရှိနေတဲ့ Ferrari အနီတစ်စီး။

သိန်းချီ သန်းချီတန်တဲ့ ထို ကားထဲမှာတော့ တလောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ ရုပ်နဲ့ ကားကို မောင်းနေတဲ့ ကောင်လေးတစ်ယောက်ရယ် အထက်တန်းကျလွန်းတဲ့ ကောင်‌မလေးတစ်ယောက်ရယ်။ Black Suitအား ဝတ်ဆင်ထားကာ ဘယ်ဘက် လက်‌ကောက်ဝတ်၌ တင့်တယ်စွာ တည်ရှိနေတဲ့ Rolex ရဲ့ Limited edition ထုတ် နာရီတစ်လုံး။

ကား စီယာဒိုင်ပေါ်တွင် တည်ရှိနေတဲ့ လက်သွယ်သွယ်တွေမှာတော့ ဈေးကြီးကြီး လက်စွပ် နှစ်ကွင်းဟာ နေရာယူလျက်။

ကြီးမားလှတဲ့ Hotel ရှေ့၌ တိခနဲရပ်သွားပြီး ကားထဲက ထိုကောင်လေးနဲ့ ကောင်မလေးတစ်ယောက်ဟာလဲ ထွက်လာခဲ့သည်။

" ဘယ်ကိုသွားမလဲ လူကြီးမင်း "

" Rooftop "

Lift ထဲက ကောင်လေးဟာ အလှဆုံး ပြုံးပြရင်း ခေါင်မိုးထပ်သို့ သွားရန် ခလုပ်လေးအား နှိပ်လိုက်သည်။

" နူနား ကျွန်တော် အဆင်ပြေလား "

" ပြေတယ်! အားလုံးပြေတယ် "

ကျေနပ်ပီတိဖြာနေတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလျက် Blazer အားနေရာချလိုက်သည်။ ခါးသွယ်သွယ်လေးကို ပြချင်တော့ ကျပ်ထုတ်နေတဲ့ Vest အနက်ကြောင့် နီခီ့မှာ အသက်ရှု ကြပ်ရသည်။

တိန် ဟုမြည်သံနှင့်အတူ ရောက်ရှိသွားတဲ့ Bar၊ ထိုBarကို ဖြတ်ပြီးမှ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ Elizaရဲ့ Birthday partyကို ရောက်ရသည်။

Djသံ ဆူဆူညံညံနဲ့ ထိုparty ဟာ နီခီ့အကြိုက်။

" Ni-Ki!! "

သူ့ကို မြင်တာနဲ့ Eliza ဆီကထွက်ပေါ်လာတဲ့ ပျော်ရွှင်တဲ့လေသံ။

" ကျစ်! နင်ကအခု နာမည်ကြီး Modelတစ်ယောက်ဖြစ်နေပြီဆို image လဲထိန်းအုံး "

ဘောင်းဘီ အိတ်ကပ်ထဲ လက်နှိုက်ကာ ပြောတော့ တက်သစ်စ modelလေး ဖြစ်တဲ့
Eliza ဟာ နှုတ်ခမ်းလေး တစ်ချက်ထော်ကာ 'နင်ကလဲ' ဟုပြန်ပြောသည်။

Sophie ကကြားထဲက ယူလာတဲ့ လက်ဆောင်ကို Elizaလက်ထဲ ထိုးထည့်ပေးရင်း မွေးနေ့ဆုတောင်းပေးသည်။ နီခီတစ်ယောက်ကတော့ ခုနက သူတို့ဖြတ်လာတဲ့ Bar နဲ့ Party မှာရှိသမျှ ခုံတွေကို လိုက်ဝှေ့ကြည့်သော်လဲ ဂျယ်ယွန်းနဲ့ တူတဲ့ အရိပ်အယောင်ဆိုလို့ မရှိ။

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now