Extra

708 40 2
                                    

မနက်မိုးလင်းလို့ နေထွက်တာနဲ့ ပတ်ခ် အိမ်တော်အတွင်း အသံဆူညံညံတို့နှင့် စတင်လေ့ရှိလေသည်။ weekend တွေမှာတောင် ဆူညံလေ့ရှိတဲ့ အိမ်ခြံဝန်းဟာ ကျယ်ဝန်းလှတဲ့ ခြံကြီးကြောင့်သာ မဟုတ်ရင် သေချာပေါက် ပတ်ဝန်းကျင် တိုင်တာခံရပေမည်။

ယောင်းမကိုင်ကာ မီးဖိုချောင်ထဲ တစ်ယောက်ထဲ အလုပ်ရှုပ်နေတဲ့ နီခီ့ ခြေထောက်အား ပြေးဖက်လာတဲ့ သားတော်မောင်။

" သား ဘာဖြစ်လို့လဲ "

ငိုမဲ့မဲ့ ဖြစ်နေတဲ့ လေးနှစ်သားလေးအား နီခီ ကောက်ချီလိုက်ရင်း ပါးပြင်၌ စီးကျနေတဲ့ မျက်ရည်တွေကို အသာတကျီ သုတ်ပေးလိုက်၏။

" ဒယ်ဒီက သားကို ဆူတယ် "

" ဒယ်ဒီ ဆူတယ် ဟုတ်လား? တွေ့မယ် အဲ့ ဒယ်ဒီ "

ကလေးအလိုကျ သူ့ဒယ်ဒီအားဆူရန် ထွက်လာတော့ ဆိုဖာထက် တင်ပုလ္လင်ခွေ ထိုင်ကာ လက်ထဲ အကျီလေးကိုင်ကာ ကြောင်အအဖြင့် ကျန်ခဲ့တဲ့ နီခီ့ရဲ့ အမျိုးသား။

" ကလေးကို ဘာလို့ဆူတာလဲ ကိုကို "

" Bae ကိုကိုက Minjun လေးကို အကျီဝတ်ပေးမလို့ကို ကလေးက မဝတ်ဘူးပဲ ပြောနေတာ အဲ့တာကြောင့် ဆူမိသွားတာ "

" ဒယ်ဒီပြောတာ ဟုတ်လား Minjun "

" သားသားမှ အကျီမဝတ်ချင်တာ "

ဆူဆောင့်အောင့်ကာ ပြောလာတဲ့ ကလေးငယ်ကြောင့် နီခီ ဆုံးမဩဝါဒ ပို့ချရတော့မယ်ဆိုတာ သိလိုက်လေသည်။

" သားသား အကျီမဝတ်ရင် ပါပါးတို့ ဒယ်ဒီတို့ မချစ်တော့ပဲ နေမှာနော် "

ထိုအခါမှ Minjun လေးဟာ ပြာပြာသလဲဖြစ်သွားကာ ဆောင်းဟွန်းရဲ့ အကျီဝတ်ပေးခြင်း ကိုအသာတကျီ လက်ခံလေသည်။ တစ်ခုတစ်လေလဲ သိပ်ကို ခေါင်းမာလွန်းတဲ့ သားငယ်အား ထိန်းရသည်က သူတို့နှစ်ယောက်ရဲ့ ဒုက္ခတစ်မျိုး။

ဒါပင်မဲ့ အဲ့ဒုက္ခလေးကပဲ သူ့ကို ပျော်ရွှင်စေခဲ့သည်လေ။

ရယ်မောကာ စကားပြောနေတုန်း အိမ်ထဲကို အထုပ်အပိုးများဖြင့် ဝင်လာတဲ့ ဂျိတ်ခ်နဲ့ အီသန်။ သူတို့နှစ်ယောက်ထဲမဟုတ်ပဲ အီသန်ဟာ လက်တစ်ဖက်က မုန့်ထုပ်ကို ကိုင်ကာ တစ်ဖက်က ကလေးလေးတစ်ယောက်ကို ချီထားလေသည်။

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now