Chapter 20 Final

967 44 7
                                    

မွေ့ယာအိစက်စက်ထက် လှပစွာ အိပ်မောကျနေတဲ့ နီခီရဲ့ ရင်အုံတောင့်တောင့်ထက် ဆောင်းဟွန်းရဲ့ လှပစွာ ချယ်သထားတဲ့ အနီရောင် အကွက်တွေဟာ ထင်းလို့။ မျက်လွှာများချထားသည်မို့ နီခီ့ရဲ့ ‌မျက်တောင်ရှည်ရှည်‌တွေကို သေချာ မြင်နေရ၏။

ပါးပြင်နုနုထက် နေရာယူနေတဲ့ မျက်ရည်စီးကြောင်း တွေဟာ ခြောက်ခမ်းလို့။ သူဆိုးသွမ်းတိုင်း မညီးမညူတဲ့ ကလေးငယ်ကို ဆောင်းဟွန်း လိုတာထက် ပို၍ ချစ်မိနေ၏။

အင်း အဲ ပြုလာတဲ့ နီခီကို ခါးအောက်ပိုင်းက နာကျင်မှုက နိုးနိုးခြင်း ဆောက်နဲ့ ထွင်းလိုက်သလိုရှိ၏။

" နာနေလား bae ကိုကို ဘာလုပ်ပေးရမလဲဟင် "

" ကိုကို လူဆိုးကြီး!! "

နာကျင်မှုဒဏ် ခံစားနေရတဲ့ ကြားထဲကနေ သူ့ကို ချွဲလိုက်တဲ့ နီခီ့ကြောင့် ဆောင်းဟွန်းဟက်ဟက် ပက်ပက် ရယ်မိသည်။

ပေါက်ပြဲနေတဲ့ နှုတ်ခမ်း နှစ်စုံ ၊ ဆောင်းဟွန်း လည်ပင်းနှင့် နီခီ့ ရင်အုံတို့၌ ပျံ့နှံ့နေတဲ့ အနီရောင် အကွက်တို့ဟာ ချစ်ချင်း၏ သက်သေပြ လက္ခဏာများ။

အရင်တုန်းက ပေါက်ပြဲနေတဲ့ နီခီ့ရဲ့ နှုတ်ခမ်းတို့ဟာ ဂျိတ်ခ်နဲ့ အကြင်နာပေးခဲ့လို့ ဖြစ်ခဲ့ပင်မဲ့ ယခုတွင်တော့ ဆောင်းဟွန်းရဲ့ လက်ချက် ဖြစ်လေသည်။

" ကိုကို တောင်းပန်ပါတယ်နော် "

" နာလိုက်တာဗျာ "

ခါးအားကိုင်ကာ ညီးညူနေတဲ့ ကလေးဟာ ကျောပြင်မှာ သူ့လက်သည်းရာတွေနဲ့ ပြည့်နှံ့နေတဲ့ ဆောင်းဟွန်းတောင် မညီးညူရ။

" ကိုကို့ ကျောမှာလဲ bae ရဲ့ လက်သည်းရာတွေပဲနော် "

အတူတူခြင်းပဲကို ဒီလူကြီး သက်သက် အသက်ကြီးပြီး ကလေးဖြစ်ချင်နေတာ။

" အနာပျောက်သွားအောင် "

ဆောင်းဟွန်းရဲ့ နှင်းကဲ့သို့ ဖြူဖွေးဖွေး ပါးလေးအား နှုတ်ခမ်းထူထူလေးဖြင့် ဖိကပ်ရင်း အကြင်နာပေး၏။

" ကျေနပ်လား "

" ကျေနပ်ပါ့ "

အပြုံးတို့အား ဝေဆာသွားတဲ့ ဆောင်းဟွန်းအား မျက်စောင်းတစ်ချက် ထိုးခိုက် နီခီဟာ ခပ်သဲ့သဲ့လေး ရယ်မောသည်။

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now