တဝုန်းဝုန်း မြည်နေတဲ့ လှိုင်းပုတ်သံတွေ ၊ ဇင်ယော်တို့၏ အသံများနှင့်အတူ လေယူရာ ယိမ်းနွဲ့လျက် ရှိတဲ့ သစ်ပင်တွေနဲ့ ခပ်သင်းသင်း ပန်းရနံ့များ။ လက်ဆတ်သည့် လေကို ဆောင်းဟွန်း တဝကြီးရှုရှိုက်လိုက်သည်။
ခပ်လှမ်းလှမ်းက ပန်းခင်းကြီးထဲမှာ ဂျိတ်ခ်ရယ် အီသန်ရယ်ဟာ ပြုံးပျော်လျက် ဓာတ်ပုံရိုက်နေကြ၏။ သူနဲ့ နီခီနဲ့ကတော့ တောင်ကုန်းပေါ်က မြင်နေရတဲ့ အလှအား စက်ဘီးများ ဘေးတွင် ထိုင်ရင်း ကြည့်နေ၏။
လေတိုးဝှေ့တိုင်း ယိမ်းနွဲ့လျက်ရှိနေတဲ့ ဆောင်းဟွန်းရဲ့ ဆံနွယ်များ။
" ပျော်လား နီခီ "
နှုတ်ခမ်းထောင့်စွန်းဟာ အပေါ်သို့ တက်နေပြီး လှပသည့် အပြုံးကို ချိတ်ဆွဲထားတဲ့ နီခီ။
ဘုရားရေ..။ လှပါတယ် ဆိုတဲ့ သူ့မျက်စိရှေ့က မြင်ကွင်းတောင် နီခီ့လောက် မလှနိုင်တော့ပေ။
" ပျော်တယ် ယွန်းလဲပါတယ် ဟျောင်းလဲ ပါတော့ ဒီခရီးစဉ်က ပိုပျော်စရာကောင်းတယ် "
ဆောင်းဟွန်း အပြုံးဖြင့်သာ လက်ခံကြောင်း ပြလိုက်သည်။ ကောင်းကင်ပြာကို ပါရမီဖြည့်ပေးနေတဲ့ တိမ်စိုင်တွေရဲ့ ပုံဏ္ဍာန်တွေဟာ အမျိုးမျိုး ဖြစ်ပေါ်လျက် ရှိနေ၏။
" ဆောင်းဟွန်း! ငါတို့တွေ ကမ်းခြေသွားကြမယ် "
စက်ဘီးအား ဒေါက်ဖြုတ်ရင်း ဆိုလာသည့် ဂျိတ်ခ်ကြောင့် နီခီ့အပြုံးတွေဟာ နှစ်ဆဖြစ်ပေါ်သွားရ၏။ နား၌ ညှပ်ထားသည့် အဝါရောင် ပန်းပွင့်လေးတစ်ပွင့် ၊ နီခီရဲ့ အပြုံးတွေတောင် မရပ်တန့်နိုင်သည်အထိ ၊ ရင်ခုန်နှုန်း တွေ အစမတန် ခုန်ပေါက်နေသည်အထိ။
စက်ဘီးလေး လေးစီးဟာ တစ်ဦးကို တစ်ဦးကျော်တက်ရင်း ရယ်မောရင်းနဲ့အတူ ကမ်းခြေသို့ ကြိုးစားပမ်းစား ချီတက်နေ၏။ညနေစောင်းလေဟာ ပင်လယ်ရေနဲ့အတူ ပါဝင်လာတာကြောင့် ချမ်းစိမ့်စိမ့် အနေအထားလေး။
ပုဇွန်ဆီရောင် ကောင်းကင်ဟာ ပင်လယ်ရေနဲ့ ထိတွေ့လိုက်တော့ ပန်းချီအားအမျှ လှပလျက်။ အိပ်တန်းတက် ငှက်တွေရဲ့ တကျီကျီအော်သံတွေ လှိုင်းပုတ်သံတွေနဲ့ မလှမ်းမကမ်း တောင်ကုန်းပေါ်က မြင်နေရတဲ့ အိမ်သို့ ပြန်နေကြတဲ့ ကျောင်းသူ/သားတွေ။
YOU ARE READING
삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓
Fanfictionကျုပ်ရဲ့ အချစ်ဆုံးက Sim Jaeyun ပဲ အခုလဲ ချစ်သလို သေတဲ့အထိလဲ ဒီကကောင်က ယွန်းကို ချစ်သွားအုံးမှာ။ Ethan is the only one who can won my heart. နီခီ နဲ့ ဂျယ်ယွန်းနှစ်ယောက်လုံးကို ပြတ်ပြတ်သားသားရွေးဖို့ လိုနေပြီ အီသန်လီ။