" ဒီနေ့ အီသန် တော်တော် ကုန်သွားပြီ "
" ဒီလောက်က နည်းနည်းလေးပါ ဂျယ်ယွန်းလေးရဲ့ "
အထုပ်တွေဆွဲကာ ကား parking သို့ လျှောက်လာရင်း ပြုံးရွှင်ကာ စကားပြောနေမိသည်။
ဘေးတိုက်ကြည့်တော့မှ နတ်သားအမျှ ချောမောလွန်းတဲ့ အီသန်ကြောင့် ဂျိတ်ခ်မှာ ရင်ခုန်ရပြန်သည်။
ချွန်လှသည့် နှာတံ လှလှလေးဟာ ဘေးတိုက်အနေအထားမို့ ထင်းလျက် ၊ ထို့နောက် ပြုံးလိုက်တိုင်း အပေါ်သို့ တွန့်ကွေးတက်သွား တတ်သွား နှုတ်ခမ်းတစ်စုံ။ အဓိပ္ပာယ် ဖွင့်ဆိုလို့ မရသည့် ချောမောမှုမျိုး။
ဘယ်ဘဝက ကုသိုလ်ကံတွေပါလိမ့်..။
" ဒါ.. နီခီ့ကားမှတ်လား "
အီသန့် လက်ညိုးညွှန်ရာ ကြည့်လိုက်တော့ Ferrari အနီတစ်စီး။ ဘာရယ်ကြောင့်မှန်း မသိ လက်ဖျားခြေဖျားတွေ အေးစက်လာကာ တစ်စုံတစ်ခုအား သေလောက်အောင် ကြောက်သည့် ခံစားချက်။
" ယွန်းငယ်!! "
ဟိန်းခနဲ ထွက်လာတဲ့ အသံဟာ parking ၏ အသံလုံလုံထက် ပဲ့တင်သံရိုက်လို့။ ဒေါသတကြီး သူ့ဆီလျှောက်လာတဲ့ နီခီဟာ leather bomber jacket ကို လက်ဖျန်ပေါ်သည်အထိ ဆွဲတင်ထားပြီး style pants အနက်နှင့် ဟိုတစ်ခေါက်ကမှ ဆိုးထားသည့် blonde highlights တွေဟာ လေထဲဝဲလျက်။
ဘယ်ဘက် လက်ကောက်ဝတ်၌ မြောက်မြားလှသည့် လက်ကောက်တွေနှင့် ညာဘက်၌ ဆင်မြန်းထားသော ဈေးကြီးကြီး နာရီတစ်လုံး။
" ယွန်းငယ် ကိုယ်မပါပဲ အပြင်သွားပြန်ပြီ "
မကျေနပ်မှုဟာ အပြည့်။
အကျယ်လှသော်ညား မတိုးလှသည့် လေသံနောက် မာထန်မှုတွေဟာ ကပ်ပါလျက်။ အီသန့်အား တစ်ချက်ဝှေ့ကြည့်ကာ နီခီတစ်ယောက် နှာခေါင်းအား ရှုံ့လိုက်သည်။
" ယွန်းငယ် ကာဗွန်ဒိုင်အောက်ဆိုဒ် တွေမရှုမိဘူးလား "
" ငါကအဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုချင်လွန်းလို့ မအားတဲ့ကြားက ထွက်လာရတာ "
သူ့အား ဘယ်လို ဖဲ့ရမလဲ ဆိုတာ ရှင်းမ်ဂျယ်ယွန်းတို့ သိပ်သိပါရဲ့။
YOU ARE READING
삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓
Fanfictionကျုပ်ရဲ့ အချစ်ဆုံးက Sim Jaeyun ပဲ အခုလဲ ချစ်သလို သေတဲ့အထိလဲ ဒီကကောင်က ယွန်းကို ချစ်သွားအုံးမှာ။ Ethan is the only one who can won my heart. နီခီ နဲ့ ဂျယ်ယွန်းနှစ်ယောက်လုံးကို ပြတ်ပြတ်သားသားရွေးဖို့ လိုနေပြီ အီသန်လီ။