Chapter 3

610 55 4
                                    

အပျော် အပါးတွေပြီးတော့ နီခီတစ်ယောက် Daddy Father ခိုင်းတဲ့ အလုပ်တွေကို လုပ်နေရပြီလေ။ MacBook ထဲခေါင်းဝင်မတတ် ကြည့်ရင်း ဒူးတစ်ဖက်ကို ထောင်ထားလေ၏။

မျက်မှန်အဝိုင်းလေး တပ်ကာ ရင်းနှီးပြီးသား အလုပ်တွေဖြစ်တဲ့ စာရင်းဇယားတွေကို စတင်ပြုလိုက်‌၏။

" ဒါပြီးရင်- အများကြီး ကျန်သေးတယ် "

သူ့ရှေ့မှာ ရှိနေတဲ့ မြောက်မြားလှတဲ့ ဖိုင်တွဲတွေက နီခီ့ကို ပြုံးပြီး ကြိုဆိုလျက်။
နီခီ သက်ပြင်းချရင်း အလုပ်ကိုသာ ဆက်လုပ်ရန် ပြင်လိုက်သည်။

*Ti

ဝင်လာတဲ့ Message လေးဆီ အကြည့်ပို့မိတော့ ' Ice Prince' ဆိုတဲ့ Messageလေး ၊ စာလေးဟာ ဖုန်းပြန်ခေါ်ရန် စာပို့ခြင်းသာ။

" Sunghoon Hyung "

" နေကောင်းလား နီခီ "

" ကောင်းပါတယ် ဘာလို့လဲ ဟျောင်း "

ထူးထူးဆန်းဆန်း။ ဒီအချိန်ဆိုတာ ဆောင်းဟွန်းဟျောင်းတို့ အလုပ်လုပ်လို့ ကောင်းတုန်း၊ ဒီအချိန် နီခီဖုန်းဆက်မိရင် ပြောမဆုံးနိုင်တော့တဲ့ စီးပွားရေးသမားကြီးက အခုကြတော့ ဖုန်းဆက်ပြီး နေကောင်းလား မေးနေ၏။

" ဘာမှမဖြစ်ပါဘူး ဒီတိုင်းလေး... "

အဖျား၌ စွတ်ဝင်ကာ တိုးသွားတဲ့ လေသံလေး သေချာ‌နားထောင်ကြည့်ရင် စိတ်မချမ်းသာမှုတွေ ပါနေမှာ ကြိမ်းသေတယ်။

" စိတ်ညစ်စရာရှိလို့လား ဟျောင်း အလုပ်အဆင်မပြေဘူးလား ကျွန်တော် ဘာကူညီပေးရမလဲ "

ဆောင်းဟွန်းက နီခီ့ရဲ့ ထိုစကားကိုကြားတော့ ခပ်ဟဟလေးရယ်လိုက်၏။

" ကိုယ်သောက်တာနေ သောက်အုံးမလား "

အနည်းငယ် လေးနေတဲ့အသံနဲ့ ရေခဲနဲ့ ဖန်ခွက်ရိုက်သံ၊ ပြီးတော့ ရှိုက်သံနှင့် လေ‌မှုတ်ထုတ်သံတွေကြောင့် အရက်တင်မက ဆေးလိပ်ပါ သောက်နေမှန်း နီခီ သိလိုက်သည်။ စဉ်စစ် အားဖြင့် ဆောင်းဟွန်းဟာ ဆေးလိပ်ကို ထိတောင် မထိဖူးပါ။

" ဘယ်မှာလဲ ဟျောင်း "

" ကိုယ်လား..? အိမ်မှာပေါ့ "

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now