Chapter 19

569 34 1
                                    

" darling ကိုယ်တို့ လက်ထပ်လက်စွပ်ကို ဒါလေးရွေးရင်ရော "

လက်စွပ်တစ်ခုကိုင်ကာ ဂျိတ်ခ်အနားရောက်လာတဲ့ အီသန်။ ဂျိတ်ခ်က ထိတ်လန့်စွာဖြင့် မော့ကြည့်တော့မှ အီသန်ဟာ ဆောင်းဟွန်းနဲ့ နီခီ အနားရောက်နေမှန်းသိသည်။

လက်ထပ်လက်စွပ် အနေနဲ့?

လက်ထပ်လက်စွပ် အနေနဲ့?

လက်ထပ်လက်စွပ် အနေနဲ့?

ဆိုလိုချင်တာက ၊ လက်ထပ်တော့မယ်ပေါ့။

ကမ္ဘာကြီးပြိုကျမတတ် ၊ ခြေထောက်တွေတောင် မခိုင်ချင်တော့ပေ ၊ မျက်ဝန်းတွေဟာလဲ ဝေဝါးလာ၏။ သူ့ရဲ့ပန်းလေးဟာ တစ်ခြားသူတစ်ယောက်ရဲ့ အပိုင်ဖြစ်လာတော့မည်တဲ့လေ။

" Bae ဘာဖြစ်လို့လဲ "

မျက်ရည်များဝိုင်းလာသည့် နီခီ့၏ ပါးပြင်အား အုပ်ကိုင်ရင်း ‌ဆောင်းဟွန်းဟာ စိတ်ပူပန်စွာ မေး၏။ သူသိပါသည် ၊ ဂျိတ်ခ်ရဲ့ လက်ထပ်မည်ဆိုတဲ့ သတင်းအား မခံနိုင်ပဲ shock ရသည်ဆိုတာ သူသိပါသည်။

သူနားလည်ပါတယ်။

အချိန်အတန်ကြာအောင် နှလုံးသားထဲမှာ အမြစ်တွယ်သည်အထိ ချစ်ခဲ့တဲ့ တစ်စုံတစ်ဦးကို ယခုလို အချိန်တိုတိုလေးနဲ့ မေ့ဖြစ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်‌ခဲ့ပါ။

သူ့လက်အား ဖယ်ရှားကာ ဆိုင်ထဲက ထွက်ပြေးသွားတဲ့ နီခီ့နောက် သူပြေးလိုက်ရပြန်သည်။

-----

" Bae! Bae! "

ဆောင်းဟွန်း ခြေထောက်တွေကို အသားကုန်အရှိန်တင်ကာ ‌သူ့ဆီက ပြေးထွက်သွားတဲ့ နီခီ့နောက် ပြေးလိုက်ရသည်။ နီခီမှာလဲ မျက်ရည်တွေနဲ့ မည်မျှပင် နာကျင်စရာ ကောင်းလိုက်မလဲ။

မေ့နိုင်ပြီဟု ကြွေးကြော်ထားပင်မဲ့ နားနှင့် ဆက်ဆက်ကြားလိုက်သည့် အရာဟာ လက်ထပ် တော့မည်ဆိုတဲ့ သတင်း။ ပျိုးထောင်ချင်လွန်းလို့ သူ့ကို ရွေးချယ်ချင် အောင်အမျိုးမျိုး လုပ်ပြခဲ့ပင်မဲ့ ယွန်းငယ် ဟာ ဘဝလက်တွဲဖော်ကို သူ့အစား အီသန်လီ့ ကိုရွေးခဲ့သည်။

ကံကြမ္မာစီစဉ်မှုကို ဒီအချိန်တော့ လက်မခံနိုင်ပေ။

ငိုထားသည်လဲ ပါတာကြောင့် နီခီမောဟိုက်နေလေပြီ။ တစ်ဆက်ထဲ ဘယ်ဘက်တစ်နေရာက ဆူးကာ အောင့်မှုဟာ ပိုလို့တောင် ထင်ရှားလာလေ၏။

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now