Chapter 6

509 46 1
                                    

နှစ်ပတ်လောက် ဆေးရုံရဲ့ ပိုးသတ်ဆေးရောနှော နေသည့် လေထုအား ရှုရှိုက် ပြီးသည့် အချိန်မှာတော့ နီခီဟာ ဆေးရုံဆင်းခွင့် ရခဲ့၏။ ကြားထဲမှာ ဂျယ်ယွန်း ၊ ဆောင်းဟွန်း နဲ့ အီသန်တို့ရဲ့ ဂရုစိုက်မှုကြောင့် အရင်ကထက် ပိုသန်မာလာတာကြောင့် ဆရာဝန်မှာ ဆေးရုံဆင်းခွင့် ပေးလိုက်ခြင်းသာ။

ဂျယ်ယွန်းကတော့ ‌အခန်းထဲက ပစ္စည်းတွေကို သိမ်းရင်း နီခီကတော့ အိမ်ရှင်မ တစ်ယောက်နဲ့ တူတဲ့ ဂျယ်ယွန်းကို ကုတင်ပေါ်ကနေသာ လက်ပိုက်လျက် ကြည့်မိတော့၏။

ညာဘက် နှဖူးထောင့်တွင် နေရာယူနေတဲ့ အနာကပ် ပလာစတာ ခပ်ကြီးကြီး ရှေ့တွင် ဝဲနေတဲ့ ဆံသားအချို့။

အထုပ်တွေအား အပေါ်စီးမှ ခါးထောက်ကာ စစ်နေတဲ့ ဂျယ်ယွန်းအား သိုင်းဖက်လိုက်တော့ ကိုခွေးပေါက် ဆီကထွက်ပေါ်လာတဲ့ စုတ်တစ်ချက်။

" ကျစ်! ဘာတုန်း! ငါ့ကို စိတ်ညစ်အောင် လုပ်ပြန်ပြီ "

" Hk! Sorry Sweetheart "

ခပ်ဩဩ လေသံနှင့် စကားအဆုံးမှာတော့ နီခီက ထုံးစံအတိုင်း ဂျယ်ယွန်းရဲ့ မေးရိုးလေးအား နှုတ်ခမ်းဖြင့် ခပ်ဖွဖွ အကျင်နာပေးလိုက်၏။ ထို့နောက် အရောင်အနည်းငယ် လွင့်နေတဲ့ မဟော်ဂနီ ရောင်ဆံနွယ်တွေအား နမ်းရှိုက်၏။ ခပ်သင်းသင်း ရောက်လာတဲ့ ပူရှိမ်းအနံ့ဟာ တစ်စုံတစ်ယောက်အား သတိရစေ၏။

" တော်တော့ နီခီ ငါမင်းကို အိမ်လိုက်ပို့ပြီးရင် အလုပ်သွားရမှာအကျီ‌တွေ ကြေကုန်မယ် "

" ကြေတော့ရော? ဘာဂရုစိုက်ရမှာလဲ "

" ပြောလေကဲလေ ဆိုးလေပါလား မင်း "

အနည်းငယ် ဒေါသလေးဖြင့် သူ့အား ပြော‌တဲ့ ဂျယ်ယွန်းရဲ့လေသံဟာ သေးသေးလေးမှ တကယ့်ကို သေးသေးလေး။

" လာပါ သွားကြမယ် စိတ်မကောက်လိုက်ပါနဲ့ "

မကြာခင် စိတ်ကောက်တော့မဲ့ အရိပ်အယောင်အား သတိထားမိတော့ နီခီဖက်နေရာက ခွာလိုက်ရင်း ထိုအခန်းထဲမှာ ထွက်ရန် ဂျယ်ယွန်းရဲ့ လက်လေးအား ဆွဲလိုက်၏။

" အခန်းထဲက အထုပ်တွေ တစ်ချက် ကျွန်တော့် ကားထဲထည့်ပေး "

အမိန့်မဆန်သော်ညား အနည်းငယ် မာထန်နေတဲ့ အသံနှင့် အခန်းပြင်၌ စောင့်နေတဲ့ လူနှစ်ယောက်အား ပြောလိုက်၏။

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now