" ယွန်းရယ် လုပ်ပါကွာ မောင်နဲ့အတူ အပြင်သွားကြရအောင်လေ "
" ငါ့ကို အားယားနေတယ်များ ထင်နေလား Nishimura "
စားပွဲပေါ် အားပြင်းသည့် ရိုက်ချက်ဟာ ကျရောက်သွားပြီး ဂျိတ်ခ်ရဲ့ မျက်နှာဟာလဲ တည်တင်းလျက်။ အကြောင်းမှာ အနည်းငယ်အလုပ်ရှုပ်နေတဲ့ ဂျိတ်ခ်အား အပြင်သွားရန် အတင်းဆွဲခေါ်နေသည့် နီခီကြောင့်ပင်။
အလုပ်ကိုဆို ထမင်းမေ့ဟင်းမေ့ လုပ်တတ်ပြီး အလုပ်ချိန်အတွင်း အပျော်အပါးအတွက်လာခေါ်ရင်တောင် CEO Sim Jake ဟာ စိတ်ဆိုးတတ်သည့် လူစားမျိုးပါ။
ဒါကို Mura group ရဲ့ဆက်ခံသူ Nishimura Riki ဟာ မရရအောင် ဆွဲခေါ်မည့် အနေအထားတွင် ရှိနေသည်။
" ငါမလိုက်ဘူး မင်းဘာသာ သွား "
" ယွန်းကလဲ လိုက်ခဲ့ပါ ယွန်းက နာရီအကြောင်းဆို မောင့်ထက် ပိုသိတယ်လေ ဆောင်းဟွန်းဟျောင်း မွေးနေ့အတွက် လက်ဆောင် သွားဝယ်ပေးချင်လို့ "
" အပိုတွေမပြောနဲ့ Nishimura Riki နာရီအကြောင်းပိုသိတာ ငါမဟုတ်ဘူး အီသန် "
အီသန့်အား ရည်စူးပြီး ပြောတဲ့စကားဖြစ်တာကြောင့် အသံဟာလဲ နူးညံ့ကာ ဝါဂွမ်းလေးသဖွယ်။ လူတွေက အပြောင်းအလဲမြန်တယ်ဆိုတဲ့ စကားကို ဂျိတ်ခ်အစမယုံခဲ့ပင်မဲ့ သူကိုယ်တိုင် ဖြစ်နေတော့ ပိုလို့တောင် ယုံကြည်သွားသည်။
အီသန် ဆိုသည့် နာမည်ကြားတော့ နီခီ့ရဲ့ မျက်နှာဟာ သိသိသာသာ ပျက်ယွင်းသွားသည်။ အဲ့လူမပါတဲ့ စကားတစ်ခွန်းသာ ဂျိတ်ခ် ပါးစပ်က ထွက်လာရင် နီခီသေပျော်ပါပြီ။
" ယွန်း.. နောက်နှစ်ရက်နေရင် အီသန် ပြန်လာတော့မှာ "
ဒေါသထွက်နေသည့် ဂျိတ်ခ်အား 'အဲ့လူကြီး' လို့သုံးပြီး ပြောလိုက်ရင်လဲ အကြီးကိုဘယ်လို ခေါ်တာလဲဆိုပြီး အရစ်ခံရအုံးမှာမို့ နီခီ ပြဿနာမှ ရှောင်ရှားရန် မနှစ်သက်သည့် နာမ်အား ထုတ်ပြောလိုက်သည်။
ဂျိတ်ခ်ဟာ ခေါင်းညှိမ့်ပြပင်မဲ့ keyboard ပေါ်ရွေ့လျားနေတဲ့ လက်ချောင်းသွယ်သွယ်တွေဟာ မရပ်တန့်သွား။
" အဲ့တာကြောင့်တစ်ရက်လောက် ယွန်းနဲ့အတူ ကုန်ဆုံးချင်တယ် အီသန်ပြန်လာရင် ယွန်းက အီသန့်အတွက်နဲ့ အလုပ်ရှုပ်တော့မှာ မဟုတ်လား "
YOU ARE READING
삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓
Fanfictionကျုပ်ရဲ့ အချစ်ဆုံးက Sim Jaeyun ပဲ အခုလဲ ချစ်သလို သေတဲ့အထိလဲ ဒီကကောင်က ယွန်းကို ချစ်သွားအုံးမှာ။ Ethan is the only one who can won my heart. နီခီ နဲ့ ဂျယ်ယွန်းနှစ်ယောက်လုံးကို ပြတ်ပြတ်သားသားရွေးဖို့ လိုနေပြီ အီသန်လီ။