အိမ်ပြန်ရောက်ရောက်ချင်း အီသန့်ခမျာ ဘာမှမလုပ်နိုင်ပဲ ဧည့်ခန်းတွင် ငူငူငိုင်ငိုင် ကြီးထိုင်ကာ စဉ်းစားခန်းဝင်နေရ၏။
နှုတ်ခမ်းထူထူ လေးတွေကနေ 'အီသန်!' ဟုနှုတ်ခမ်းလေး ဆူပြီး ခေါ်လိုက်တုန်းကဆို အီသန့် ရင်ထဲ ကုလားဘုရား လှည့်နေသလိုပဲ။
ဟော! နောက်ကျတော့ ဂျယ်ယွန်းကို ပွေ့ချီသွားတဲ့ ကလေးငယ်ရဲ့ မျက်နှာပေါ်က အပြုံးအချို့။ ကလေးငယ် နှစ်ယောက်လုံးဟာ ဘာကြောင့်များ ဒီလောက်တောင် စွဲလမ်း ချင်စရာကောင်းနေတာပါလိမ့်။
" သူဌေး.. သံပုရာရည်ဖျော်လာပေးရမလား "
စိတ်ရှုပ်နေဟန် ရတဲ့ သူတို့သူဌေးအား မေးတော့ အီသန်ဟာ သက်ပြင်းရှည်ရှည် ချပြီးမျက်နှာအား အကြမ်းပတမ်း ပွတ်သပ်သည်။
မျက်နှာနုနုလေး ပျက်ဆီးသွားမှာ မကြောက်တာလား..။
ဝန်ထမ်းကောင်လေးဟာ တစ်ခုခုအား ပြောရနိုး မပြောရနိုး စဉ်းစားနေပုံ။
" ဘာပြောမလို့လဲ "
ရိပ်မိတဲ့ အီသန်ဟာ ဩဇာအပြည့်နဲ့မေးတော့ ဝန်ထမ်းကောင်လေးက သက်ပြင်းခိုးချသည်။
" သူဌေး အခုမှပြောမိတာ အားနာပါတယ် Japan က hotel ဆောက်ဖို့ မြေနေရာအခက်အခဲ ဖြစ်နေတယ် "
" အခုမှပြောရလား!! "
ဒေါသသံတို့ ကပ်ပါနေသည့် စကားကြောင့် ထိုကောင်လေးဟာ ခေါင်းလေး ငုံ့လျက်။
" ကျွန်တော်တို့ဘာသာ လုပ်ကြည့်ပါသေးတယ် သူဌေး မရလို့ပါ "
" ငါပါမှ ဖြစ်မှာလား "
" ဟုတ်ပါတယ် သူဌေး "
" မင်းတို့က အဲ့တိုင်းပဲ!! ဒီနေ့ private jet ပြင်ထား "
အီသန်ဟာ 'ငါစိတ်ညစ်တယ်' လို့တစ်ချက် ညီးညူရင်း အပေါ်ထပ်သို့ တက်သွား၏။ သေချာပေါက် သူတို့သူဌေးရဲ့ စိတ်အား အမြဲတမ်း ရှုပ်ထွေးအောင် လုပ်တဲ့အရာဟာ ထိုရှယ်ယာ အတက်အကျ မဟုတ်တော့ပဲ အချစ်ရေးသာ ဖြစ်ခဲ့သည်။
အီသန် စိတ်ညစ်စွာပင် luggage အိတ်ထဲအား အဝတ်များထည့်ကာ မည်သူ့အား ကျိန်ဆဲမှန်းမသိ ကျိန်ဆဲနေမိသည်။ သူတကယ်မသွားချင်ပါ ၊ အကယ်လို့ သွားရင် သူကလေးနှစ်ယောက်အား အချိန်တစ်ခုထိ တွေ့ရတော့မည် မဟုတ်ပါ။
YOU ARE READING
삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓
Fanfictionကျုပ်ရဲ့ အချစ်ဆုံးက Sim Jaeyun ပဲ အခုလဲ ချစ်သလို သေတဲ့အထိလဲ ဒီကကောင်က ယွန်းကို ချစ်သွားအုံးမှာ။ Ethan is the only one who can won my heart. နီခီ နဲ့ ဂျယ်ယွန်းနှစ်ယောက်လုံးကို ပြတ်ပြတ်သားသားရွေးဖို့ လိုနေပြီ အီသန်လီ။