Chapter 5

548 46 1
                                    

မရင်းနှီးတဲ့ အငွေ့အသက်နဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုနဲ့အတူ နီခီ တစ်ယောက် နိုးထခဲ့သည်။ နှာခေါင်းထဲ တိုးဝင်လာတဲ့ ပိုးသတ်ဆေးနံ့ နှင့်အတူ ဘေးဘီကို ငေးကြည့်မိတော့ ဆို‌ဖာပေါ် ထိုင်လျက်သား အိပ်ပျော်နေတဲ့ အီသန်နဲ့ သူ့ပေါင်ပေါ် ခေါင်းအုံးထားတဲ့ ဂျယ်ယွန်း။

တစ်ချိန်ထဲမှာပဲ ချစ်ဖို့‌ကောင်းသလို ဒေါသလဲ ထွက်ရပါသေးတယ်..။

သေချာပေါက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် အီသန်နဲ့ ဂျယ်ယွန်းကို တွဲမြင်နေရတာ သိပ်တော့ အဆင်မပြေလှပါ။

နကိုထဲက ကိုက်နေတဲ့ ခေါင်းဟာ ထိုမြင်ကွင်းကြောင့် ပိုတောင် ကိုက်ရပြန်သည်..။

ဒါနဲ့..မနေ့ကညကတောင် ဆောင်းဟွန်းဟျောင်းရဲ့ အငွေ့အသက်ရပါသေးတယ် ၊ ဘယ်ရောက်သွားပါလိမ့်။

" နီခီ နိုးလာပြီလား.. "

ဆောင်းဟွန်းဟျောင်းရဲ့ ဝမ်းသာသံဟာ အိပ်မောကျနေတဲ့ ဆိုဖာပေါ်က နှစ်ယောက်အား တစ်ပြိုင်ထဲ နိုးစေတယ်။

" ခနနော်.. ဆောင်းဟွန်း ကိုယ် ဆရာဝန်သွားခေါ်လိုက်မယ် "

အခန်းအပြင် ပြေးထွက်သွားတဲ့ အီသန်နဲ့ သူ့အနားကို ရောက်လာတဲ့ ဂျယ်ယွန်းနဲ့ ဆောင်းဟွန်း။

အနည်းငယ် ညိုနေတဲ့ မျက်ကွင်းဟာ နှစ်ယောက်လုံးတွင် တည်ရှိနေလေရဲ့။ သို့သော် ငိုထားဟန် ရှိတဲ့ ဆောင်းဟွန်းရဲ့ မျက်လုံးတွေဟာ အစ်လို့။

" ‌ဟျောင်း.. ငိုထားတာလား "

" အင်း.. "

အားမရှိသလို နုံးချိနေတဲ့ အသံ..။

" ယွန်းငယ်.. "

" ဟင်.. "

" မျက်ကွင်းတွေ ညိုနေတယ် "

ထိုစကားကြားတော့ ဆောင်းဟွန်း ရဲ့ဘယ်ဘက်ခြမ်းဟာ ဆစ်ခနဲ။

" ခေါက်ထားလိုက်.. "

" Mr.Nishimura ကိုက်တာခဲတာတွေ ရှိရဲ့လား "

အခန်းထဲ ဝင်လာတဲ့ ဆရာဝန်ဆီက ကြားလိုက်ရတဲ့ အသံကြောင့် နီခီ ထိုဆရာဝန်ထံသို့ အာရုံပေးမိသည်။

삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓Where stories live. Discover now