မရောက်တာကြာပြီဖြစ်တဲ့ Simစံအိမ်တော်အား ဂျိတ်ခ် ရောက်နေ၏ ၊ ဆင်စွယ်ရောင် အိမ်တော်ကြီးဟာ သူ့ရဲ့ စိတ်အေးချမ်းရာလေး။
ပြာလဲ့နေတဲ့ ရေကူးကန်ကြီး တစ်ခုအတွင်း ဟိုဘက် ဒီဘက်ကူးခတ်ရင်း အလုပ်ရှုပ်နေ၏။ ဗိုက်၌နေရာယူနေတဲ့ ကြွက်သားတွေဟာ ရေများတွဲလဲခိုနေသေးသည်မို့ မိန်းမပျိုလေးတွေသာ တွေ့ရင် ငေါက်ခနဲသေနိုင်သည်။
ညအလင်းရောင်ဆိုလို့ အိမ်ထဲ၌ထွန်းထားသည့် ရွှေရောင်မီးရဲ့ အကူအညီရယ် လမင်းရဲ့ အကူအညီရယ်။
" တိုးတက်လာသားပဲ "
ရင်းနှီးသည့် လေသံ ဖိနပ်၏ ခွာသံအဆုံး ဘောင်ပေါ်အား လက်များတင်ကာ အသက်ရှုနေတဲ့ ဂျိတ်ခ်ရှေ့ရောက်လာသည့် အရပ်6ပေကျော် Nishimura
ဘောင်းဘီတို အမဲနဲ့ တီရှပ် oversized ကြီးကို ဝတ်ထားတဲ့ ဒီကောင်လေးဟာ အရင်နေ့တွေကနဲ့မတူ ရိုးရှင်းလှသည် ၊ သို့ပင်မဲ့ အရောင်တော့ မပြောင်းသွား။
ဂျိတ်ခ် မျက်လုံးလည်မိရင်း ဘောင်ပေါ်အားထိုင်မိသည်။
" ယွန်းကို ဖုန်းခေါ်သေးတယ် "
" အိမ်ထဲမှာ ဖုန်းက "
ဒူးပေါ်လက်တင်ကာ ဂျိတ်ခ်ကို ငေးမောနေတဲ့ ကလေးဟာ ဂျိတ်ခ်ရေထဲ ပြန်ဆင်းသွားတော့ t-shirt နှင့် ဖိနပ်အား ချွတ်ကာ သူနဲ့အတူ ရေထဲလိုက်ဆင်းသည်။ ထို့နောက် သူ့ခါးကို ဖက်လိုက်ပြီး ခန္ဓာကိုယ်အား နီးကပ်အောင် ဆွဲခေါ်သည်။
" ယွန်းက ကိုယ့်ကို ပြစ်ထားလိုက်တာ "
" သောက်ပိုတွေမပြောနဲ့ နှစ်ရက်ပဲ မတွေ့ရတာကို "
နီခီ ဂျိတ်ခ်ရဲ့ပုခုံးများထက် နားခိုရင်း တစ်ချက်ရယ်သည်။ ဂျိတ်ခ်ဟာ ရုန်းကန်ခြင်း တစ်ချက်မှ မရှိခဲ့ပါ။
" အဲ့နှစ်ရက်က မောင့်အတွက်တော့ နှစ်နှစ်လိုပဲ ယွန်းရဲ့ "
ရေထဲက ဂျိတ်ခ်ရဲ့ ခါးသွယ်သွယ်လေးအား တင်းကြပ်စွာ ဖက်ရင်း ပုခုံးထက် အနမ်းများချွေ၏။ စိတ်ကြိုက် အမှတ်သားများ ရေးစွဲပြီးတော့ နှစ်ခြိုက်စွာ ပြုံးသည်။
" ပြောပါအုံး မောင့်ကို ချစ်လား "
" မချစ်ဘူး "
YOU ARE READING
삼각 관계 | 𝗟𝗼𝘃𝗲 𝗧𝗿𝗶𝗮𝗻𝗴𝗹𝗲 ✓
Fanfictionကျုပ်ရဲ့ အချစ်ဆုံးက Sim Jaeyun ပဲ အခုလဲ ချစ်သလို သေတဲ့အထိလဲ ဒီကကောင်က ယွန်းကို ချစ်သွားအုံးမှာ။ Ethan is the only one who can won my heart. နီခီ နဲ့ ဂျယ်ယွန်းနှစ်ယောက်လုံးကို ပြတ်ပြတ်သားသားရွေးဖို့ လိုနေပြီ အီသန်လီ။