Part1

1.6K 77 9
                                    

နေ့လည်စာ စားချိန်မှပေါ်လာတဲ့ သားကိုကြည့်ရင်း

"မိုးလင်းလာတာနဲ့ကို အိမ်မကပ်ဘူး မင်းဘယ်တော့လိမ္မာမှာလဲ ဝမ်ရီပေါ်"

"ပါးကလဲ ပေါက်ကရတွေ ကျတော်ခုမှပြန်လာတဲ့ဟာ"

"ဘာ ညကဘယ်မှာအိပ်တာလဲ"

"အဲ့တာပဲ သားတယောက်လုံး အိမ်ပြန်မလာတာတောင် မသိဘူး ပါးစိတ်တွေဘယ်ရောက်နေလဲ
ဒီလိုအိမ်မျိုးဘယ်ကလေးကနေချင်မှာလဲ.."

"ဘယ်ကလေးက ရန်ဖြစ်လူရိုက်နေတာလဲ.."

"အာာာ ပါးပဲငယ်ငယ်တည်းက ခံမလာနဲ့ပြန်ချဆို.."

"ပြန်ပဲချခိုင်းတာလေ အရင်ရန်စခိုင်းလို့လား..."

"ပါးးး ရန်လေးဖြစ်တာဘာဖြစ်လို့လဲ
သူများတွေလို ရည်းစားကိုကိုယ်ဝန်နဲ့ခေါ်လာလား ဆေးလွန်ပြီးသေသွားလို့လား လောင်းကစားနဲ့အိမ်ပေါင်နေလို့လား"

"အိမ်မပေါင်ရပေမယ့် မင်းတိုက်ခဲ့တဲ့ကားတွေဘယ်နှစ်စီးလဲ ဆေးဖိုးလိုက်ပေးရတာ ဘယ်နှစ်ကြိမ်လဲ"

"ကားကုမ္ပဏီထောင်ပြီး ကားဖိုးကိုနှမြောနေတယ်
ပါး ကျတော်ကသားအရင်းမဟုတ်ဘူးလား
မားကိုစော်ကားနေတာလား..."

"ဝမ်ရီပေါ် !
ငါတို့လင်မယားကိုလာမမွှေနဲ့ ငွေကုန်လို့ပြောနေတာမဟုတ်ဘူး မင်းတခုခုဖြစ်ရင် မင်းမားမားပဲ စိတ်ဆင်းရဲရမှာ
လူဆိုတာဆိုးချင်သလောက်ဆိုး ကိုယ့်ကိုချစ်တဲ့သူတွေကိုတော့ စိတ်နာကျင်အောင်မလုပ်ရဘူး"

နားဆွဲတွဲလောင်း ချိန်းကြိုးမျိုးစုံနဲ့ကောင်လေးက ဒီစကားကြားတော့ တချက်တော့ငြိမ်ကျသွားသည်
သူသိပါတယ် သူဘယ်လောက်ဆိုးဆိုး မားမျက်ရည်ကျမှာတော့ ကြောက်သည်
ပြီးတော့ပါးရောပဲ ပါးနဲ့သူကတွေ့တိုင်းငြင်းခုန်နေပေမယ့် ပါးက မားနဲ့သူ့ကို အရမ်းချစ်သည်

"အိုက်ယားးး ထမင်းစားခါနီးကို ဝမ်လူကြီးမင်းက ဒရမ်မာတွေခင်းနေပြန်ပြီ.."

"မင်း...
ခဏနေမင်းအမေလာရင် အိမ်ပြန်မလာတာမသိစေနဲ့.."

"သားအမိကြားကို အလိမ်အညာတွေပြောခိုင်းပြန်ပြီ.."

သူဆင်းရဲလေး ကျွန်တော့်ချစ်သူDonde viven las historias. Descúbrelo ahora