ch 12

1.9K 274 5
                                    

Chapter 12 Limited patience

တစ်ပတ်အကြာတွင် လင်ကျိုး သည် ရိုက်ကူး‌ ရေးအဖွဲ့သားများမှ နှစ်ရက်ခွဲ ခွင့်တောင်းလိုက်ကာ variety ရှိုးတွင် ပါဝင်ရိုက်ကူးရန် မြို့ပြင်သို့ပြန်‌သွား ခဲ့ရသည်။

နေ့လယ်ခင်းရဲ့ နောက်ဆုံးဇာတ်ကွက်ကို ရိုက်ကူးပြီးနောက် လေဆိပ်ကို အမြန်သွားခဲ့၏။

ကျုံရိရန် နဲ့ တခြားသူတွေက  မနက်ခင်းကတည်းက ထွက်လာခဲ့ကြသည်ဖြစ်သည်။

လေဆိပ်သို့သွားရာလမ်းတွင် လင်ကျိုးသည် ကျုံရိရန် ထံမှ WeChat မက်ဆေ့ချ်ကို လက်ခံရရှိပြီးသူတို့အားလုံး ဟိုတယ်မှာ  စောင့်ဆိုင်းနေပြီး ညစာအတူတူစားမည်ဟုဆိုသည်။

လင်ကျိုး က 'ကောင်းပြီ။' ဟု ပြန်ပို့လိုက်၏

လေယာဉ်သည် ၁ နာရီ ၄၀ တွင် ထွက်ခွာခဲ့သည်။လင်ကျိုး သည် လေယာဉ်ပေါ်တက်ပြီးထိုင်ခုံပေါ်သို့ ထိုင်ချလိုက် ပြီးနောက်ငါးမိနစ်မပြည့်မီတွင် သူရင်းနှီးနေတဲ့အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။


ဦးထုပ်ဆောင်းပြီး နေကာမျက်မှန်တပ်ထားသည့် အမျိုးသားသည် သူ့ထံသို့ ချဉ်းကပ်လာသည်။

လင်ကျိုး က မသိစိတ်ဖြင့် နောက်တစ်ခါ  လှည့်ကြည့်လိုက် ရာ သူ့ရှေ့ကလူက သူ့အပေါ်ဝတ် လက်ရှည်အကျီ အား ချွတ်လိုက်သည်။

ထိုနောက် နေကာမျက်မှန်တပ်ထားလျက်
'လောင်လင်၊ တိုက်ဆိုင်လိုက်တာ'
လို့ ပြုံးပြီး နှုတ်ဆက်လာသည်။


လင်ကျိုး: '...ဆရာ လု က ဘာလို့ ဒီမှာဘာလာတာလဲ။'

လုချီရှဲ- 'လောင် လင်ဘယ်သွားသွား ကိုယ်ကအနောက်က လိုက်ခဲ့ရမှာပေါ့။'


လုချီရှဲ က သူ့ဘေးမှာ ထိုင်လိုက်ပြီး လင်ကျိုး ကမေးလိုက်၏
'Around the world' ကိုဆရာလု လည်းသွားရိုက်မှာလား'

လုချီရှဲ: 'အာ.'

လင်ကျိုး က ပြောစရာစကား မဲ့သွား၏။

လင်ကျိုးက စကားဆက်မပြောတော့ဘဲ မျက်လုံး အကာအားဝတ်လိုက်ပြီး နားကြပ်တပ်ကာ အိပ်ပျော်သွားခဲ့သည်။

Dark fire (暗火)  { COMPLETE }Where stories live. Discover now