ch 29

1.8K 291 13
                                    

အခန်း ၂၉ ကိုယ့်ကိုနမ်း

လုချီရှဲ တက်လာသောအခါ၊ လင်ကျိုး သည် အပြင်ဘက် လှေကားထစ်တွင် ဖုန်းပြောနေသည်။
"အမ်း အင်း"ဟု စကားနည်းနည်းပြောပြီးတာနဲ့ သူ ဖုန်းချသွားသည်။
လင်ကျိုး ပြန်ကြည့်လိုက်တော့ လုချီရှဲ က မနက်စာ ယူလာပေးပြီးဝရန်
တာ ဝရန်တာအပြင်ဘက်က စားပွဲပေါ်မှာ တင်ထားတာကို တွေ့လိုက်၏။
ထို့နောက်လင်ကျိုး နောက်တဖန် ပြန်လှည့်လာပြီး လက်ရန်းကို မှီလိုက်သည်။
အဝေးကို ခဏလောက် မျှော်ကြည့်ရင်း ရေကန်နဲ့ တောင်တန်းတွေရဲ့ ရှုခင်းတွေက မနက်စောစော တောက်ပတဲ့ ဆောင်းဦးအလင်းရောင်မှာ မျက်စိထဲ ပိုလို့တောင် ကြည်နူးစရာဖြစ်နေ၏။
လုချီရှဲ က wicker ကုလားထိုင်ကို ဆွဲလိုက်ပြီး "မနက်စာစားဖို့ လာခဲ့"

လင်ကျိုး က သူ့ကို ငုံ့ကြည့်ကာ ထိုင်ချလိုက်သည်။
လုချီရှဲ က လင်ကျိုး အတွက် ဖျော်ရည်လောင်းပြီး
"မင်းမိသားစုနဲ့ စကားပြောနေတာလား။"
လင်ကျိုး: "မားနဲ့ပြောနေတာ၊ သူက ကျွန်တော့်မွေးနေ့ကို အခုလို အမှတ်ရနေတာ ရှားတယ်။"
လုချီရှဲ : "မင်းမိဘတွေ အရမ်းအလုပ်များနေ ကြတာလား?"
လင်ကျိုး: "ဟုတ်တယ်၊ သူတို့က အရမ်းက အလုပ်ရှုပ်ကြတာ။"
သူ့မိသားစုက တောင်ပိုင်းက လာတာဖြစ်သည်။
သူ့မိဘနှစ်ပါးစလုံးက တက္ကသိုလ် ပါမောက္ခတွေဖြစ်ကြပြီး လူတွေကို စာသင်ပေးကာ၊ သိပ္ပံသုသေသနတွေ လုပ်ရင်း နဲ့အလုပ်များ‌ နေကြပြီး သူ့ကိစ္စတွေကို သိပ်ဂရုမစိုက်ကြပေ။
သူ့မိဘတွေက သူ့အလုပ်အကြောင်း လည်းဘယ်တော့မှ မမေးခဲ့ပေ။
တရုတ်နှစ်သစ်ကူးတုန်းကပဲ ပြန်လာကြပြီး တခြားအချိန်တွေဆို အိမ်မှာ ဘယ်သူမှ မရှိတော့ချေ။
လင်ကျိုး ရုပ်ရှင်ရိုက်ခါနီးမှာတောင် မိသားစုကို တစ်ခါမှ မပြောဖူးပေ။
ထို့ပြင် သူ့မိဘတွေက ဖျော်ဖြေရေးသတင်းတွေကို ဂရုမစိုက်တဲ့အတွက် အစအဆုံးသူတို့ မသိခဲ့ကြ။။
လုချီရှဲ - "မင်း ပထမတုန်းက မင်းကုမ္ပဏီကို ဘယ်လိုရောက်လာတာလဲ။"

လင်ကျိုး က တစ်လုပ် စားလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလာ၏
" အလယ်တန်း တတိယနှစ် ဘွဲ့ရပြီးတဲ့နောက် အတန်းဖော်တွေနဲ့ ကစားဖို့ ကျွန်တော်မြို့ပေါ် လာခဲ့တာ။ ကုမ္ပဏီကလူတွေက ကျွန်တော့်ကို တွေ့ပြီး
ထရိန်နင်အဖြစ် ကုမ္ပဏီမှာ ပါဝင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။
ငယ်ငယ်က ကြယ်တစ်ပွင့်ဖြစ်ဖို့ အိပ်မက်မရှိခဲ့ဘူး၊ အစက ကျွန်တော်က ဂီတကို ဝါသနာပါတယ်လို့ မိဘတွေကို ပြောလိုက်တဲ့အခါ သေချာအောင်လုပ်ဖို့ မားက အချိန်ယူပြီး လူကိုယ်တိုင် လာပြီးအရင်စစ်ဆေးကြည့်တယ်။ သူတို့က တရားဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး လိမ်လည်သူမဟုတ်တဲ့အတွက် သူမသဘောတူခဲ့တယ်‌ လေ
ကျွန်တော် အထက်တန်းကျောင်းမှာ သုံးနှစ်ကြာ ပညာသင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ စာမေးပွဲအောင်ခဲ့ပြီး တရားဝင် ပွဲဦးထွက်ခဲ့တာ။"

Dark fire (暗火)  { COMPLETE }Where stories live. Discover now