ch 64

970 100 4
                                    

အခန်း 64-  မတော်တဆ တိုက်ရိုက်ထုတ်လွှင့်မှု ရဲ့ နောက်ကွယ်

       
နေ့တစ်‌ နေ့ရဲ့ အပြောင်းအလဲမှာတော့  လုချီရှဲ  မွန်းလွဲပိုင်းအထိ ရုပ်ရှင်ရိုက်စရာ မရှိ၍ လင်ကျိုး က သူ့နောက်လိုက်သွားခဲ့သည်။

       

       
မသွားခင် လုချီရှဲ  က "နေ့ခင်းဘက် လူများတယ် မင်းသွားချင်တာ သေချာလား"

       
လင်ကျိုး " အင်းသွားမှာ ကျွန်တော်ဒီမှာလည်းဘာမှလုပ်စရာမရှိဘူးလေ"

       
ဒီနေ့ သူသွားရုံတင်မက ဖုံးကွယ်မထားဘဲ ပေါ်ပေါ်ထင်ထင် နောက်မှ လိုက်ခဲ့ကာ လေယာဉ် ဆင်းသက်ပြီးနောက် ဟိုတယ်နှင့် စတူဒီယိုတွင် ရှိနေသော ပရိသတ်များကိုပါ ဓာတ်ပုံရိုက်ခွင့် ပေးခဲ့သည်။

       
နာရီဝက်အတွင်း လုချီရှဲ  အလည်အပတ်ရောက်လာတဲ့သတင်းက အွန်လိုင်းမှာပျံ့နှံ့သွားပြီး Weibo မှာတောင် ရေပန်းစားနေခဲ့၏။၀ယ်ထားတာမဟုတ်ပေမယ့် မားကက်တင်းအကောင့်တွေနဲ့ ပရိသတ်တွေအကြားနာမည်ကြီးမှုကြောင့်သာ။

       
သူ အခန်းထဲကို လှမ်းကြည့်လိုက်တော့ ယွီစု ကို တွေ့ရပြန်လိုက်သည်။ ဒီလူက ဒီနေ့ နည်းနည်း မျက်နှာပျက် နေပုံရကာ လုချီရှဲ  ကို နှုတ်ဆက်တောင် မနှုတ်ဆက်တော့ဘဲ သူ့ကို ထပ်မနှောင့်ယှက်ရဲတော့။

       
မျက်နှာကို လုချီရှဲ ရဲ့  ဖြတ်ရိုက်ခံရခြင်းက အံ့သြစရာမဟုတ်ပေ။
ဒါပေမယ့် လုချီရှဲ  က  တော့ လုချီရှဲ ပင်။ သူ့ရဲ့ ဒေါသက လွန်ခဲ့ တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပိုကောင်းလာခဲ့ပြီး မင်းသားလေးက ဟော်မုန်းတွေပြောင်းသွားပြီလို့ပင် လူတွေကို အထင်ကြီးစေခဲ့သည်။ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပြီးမှာတော့ ဒီလူဟာ အခြေခံအားဖြင့် နှုတ်မဆက်နိုင် တော့ဘူးဆိုတာ လူတိုင်းသိကြမှာပါ။

  ယွီစု ကဲ့သို့ သူ့အပေါ် ကောက်ကျစ်တဲ့ အကြံစည်တွေ ထားနေတဲ့လူများသည် စိတ်တည်ငြိမ်အောင် ထားသင့်သည်။

       
လင်ကျိုး ကတော့ မနေ့ညသန်းခေါင်ယံမှာ လုချီရှဲ  ရဲ့ Weibo ပို့စ်ကို မြင်လိုက်ရတော့ အနည်းငယ် အံ့သြသွားပြီး စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ တခြားသူတွေ ဘယ်လိုပဲတွေးနေပါစေ သူပျော်နေရင် ရပြီပင်။

Dark fire (暗火)  { COMPLETE }Where stories live. Discover now