ch 37

1.8K 257 6
                                    

အခန်း ၃၇


အောက်တိုဘာလလယ်တွင် "လောင်ကျွမ်းနေသောအချစ်"
ဇာတ်ကားရိုက်ကူးမှုပြီးဆုံးတော့မည် ဖြစ်ကာ  အဖွဲ့သားများသည် နေ့စဉ် နံနက်မှ ညအထိ ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိသည်။

လင်ကျိုး သည်လည်း သူ၏ အခမ်းနားဆုံး sceneဖြစ်သည့် လင်းလန်ယွီ၏ သေဆုံးခြင်း နိဂုံးတွင်လည်း ပါဝင်ခဲ့သည်။

ဇာတ်လမ်းတွင် လင်းလန်ယွီ သည်
ယွမ်ဒန် ကို ဆုံးရှုံးပြီးနောက် အခြားနည်းလမ်းကို ရှာဖွေခဲ့ရပြီး သူ၏ သက်တမ်းတစ်လျှောက်တွင် နတ်ဆိုးကျင့်စဉ် နည်းစနစ်များကို ကျင့်သုံးခဲ့ရသည်။
အကောင်းနှင့်အဆိုးကြား နောက်ဆုံးတိုက်ပွဲတွင် သူသည် အချိန်တိုအတွင်း ကန့်သတ်ချက်သို့ မရောက်စေရန် တားမြစ်ဆေးများကိုပင် သောက်သုံးခဲ့သည်။
ရွှမ်ကျန်းသည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
သို့သော် ဒုတိယမြောက် အမျိုးသားခေါင်းဆောင်သည် ဇာတ်ဆောင်အား အနိုင်ရခြင်း မရှိခဲ့ပေ။
နောက်ဆုံးအခိုက်အတန့်တွင်ရွှမ်ကျန်းသည် သူ၏ကျွမ်းကျင်မှုတွင် ချို့ယွင်းချက်များကိုတွေ့မြင်ပြီး ဖိနှိပ်ခံခဲ့ရသည်။

ကျူကောရုံ က ရွှမ်ကျန်း ချမှတ်ထားတဲ့ တားမြစ်နည်းကနေ ရုန်းထွက်နိုင်စေဖို့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ နတ်ဆိုးဂူထဲကနေ လွတ်မြောက်ရန်ကြိုးစားနေ၏။
လင်ကျိုး က ရွှမ်ကျန်း ကို သူရဲ့ နောက်ဆုံးထွက်သက်နဲ့ ထိန်းထားခဲ့သည်။
ကျူကောရုံ ထွက်သွားပြီး အရေးကြီးတဲ့အခိုက်အတန့်မှာ ရွှမ်ကျန်း က လင်းလန်ယွီ၏ အသက်နှင့် ပြန်ချိန်းခြောက်မည်ကို လင်းလန်ယွီ စိုးထိတ်၍
သူ့ကိုယ်သူ အသက်ပြန်သွင်းပြီး ရွှမ်ကျန်း အား သူနှင့် အတူ သေသွားဖို့ရာအတွက် နောက်ဆုံး လက်ကျန် သေစေနိုင်တဲ့စွမ်းအား ကို အသုံးပြုခဲ့သည်။

ရွှမ်ကျန်း သည် ကြိုတင်သတိထားကာ လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် သူပြင်းထန်စွာ ဒဏ်ရာရပြီး အသက်ဝိညာဉ်ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် သူ၏ လေ့ကျင့်မှုအဆင့်သည် အလွန်ကျဆင်းသွားပြီး မှတ်ဉာဏ်များ ပျောက်ဆုံးသွားကာ ဆယ်ကျော်သက်ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
လင်းလန်ယွီ မှာတော့ ကျုကောရုံ ရဲ့ ရင်ခွင်ထဲမှာ သူရဲ့ ဝိညာဉ်ဟာ ပျောက်ကွယ်သွားခဲ့ပြီး အဲဒီအချိန်ကစပြီး ကောင်းကင်နဲ့ မြေကြီး ပြန်လည်ဝင်စားခြင်း မဖြစ်နိုင်တော့ချေ။

Dark fire (暗火)  { COMPLETE }Where stories live. Discover now