ch 23

1.7K 284 8
                                    

အခန်း ၂၃ မီးပန်းကြည့်ရှုခြင်း။


ညနေခင်း၏ နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် လင်ကျိုး သည် အ၀တ်အစားများလဲကာ မိတ်ကပ်ဖျက်ပြီးနောက် ဧည့်ခန်းသို့ ချက်ချင်းပြန်သွားခဲ့သည်။
ထို့နောက် ကျုံရိရန်ထံသို့ ပေါ့ပေါ့ပါးပါး မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။

ဧည့်ခန်းတံခါးပွင့်သွားပြီး လုချီရှဲ က အပြင်ကနေ လှမ်းဝင်လာချိန်မှာတော့ လင်ကျိုး က ဆံပင်တု အားချွတ်နေ၏။
မျက်လုံးတွေကိုမှိတ်ထားရင်း ဦးရေပြားမှာကပ်နေတဲ့ ဆံပင်အတုပါးပါးအား စုတ်ဖြဲပစ်လိုက်သည်။
လုချီရှဲ သည် မှန်တင်ခုံပေါ်အားမှီ ပြီးရပ် နေကာ ခဏတာ သူ့ကို စိုက်ကြည့်နေသည်။
လင်ကျိုး က ထိုသူ့ကို လျစ်လျူရှုလိုက်သည်၊
သူ့မိတ်ကပ်ကို ဖျတ်ပြီး သည့်နောက် တွင် ဆိုဖာပေါ်တွင် ထိုင်ကာ ယန်မင် ယူလာသော နေ့လည်စာကို အမြန်စားလိုက်သည်။
ထို့နောက် ယန်မင် ထံမှ ကားသော့ကို တောင်းကာ အမြန်ယူလိုက်သည်။

သူထွက်သွားတော့ အချိန်တွင် လုချီရှဲ သူ့ကို တားလိုက်၏။
သူ့လက်တစ်ဖက်အား ဆွဲ ကိုင်ထားကာ- "ဒီနေ့က တရုတ်ချစ်သူများနေ့လေ လောင်လင် ကအစော ကြီးပြန်တော့မလို့လား။"
လင်ကျိုး က မျက်မှောင်ကြုတ်ပြီး "ကျွန်ကျွန်တော် ဘယ်သွားမှာလဲ ဆိုတာ ဆရာလု ကို ပြောစရာမလိုဘူး မဟုတ်လား"
လွန်ခဲ့သည့် နှစ်ရက်အတွင်း၊
သူသည် ဤလူကို မတော်တဆ ထပ်ပြီးသွား ဆွ သလို ဖြစ်မိမည်ကို စိုးရိမ်သဖြင့် လုချီရှဲ ကို နောက်တစ်ကြိမ် ထပ်ရှောင်လာခဲ့သည်။
လုချီရှဲ က သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လင်ကျိုး ၏ မျက်နှာသည်လည်း တင်းမာနေကာ မလှုပ်မယှက် ဖြစ်နေသည်။
ခဏတာ ရပ်တန့်သွားပြီးနောက် လုချီရှဲက ပျော့ပျောင်းစွာ လွှတ်လိုက်ပြီး
"ဟေး"  "လောင်လင် ကိုယ့်အတွက်လက်ဆောင်က ဘယ်မှာလဲ"
လင်ကျိုး က "ရက်အနည်းငယ်အတွင်း မှာ ပေးတော့မှာပါ"
လုချီရှဲ: "ဒီနေ့မဟုတ်ဘူးလား?"
လင်ကျိုး က ခေါင်းယမ်းလိုက်ပြီး သူနဲ့စကားဆက်မပြောဘဲ အမြန်ထွက်သွားလိုက်သည်။
ကျုံရိရန် သည် နေ့လည်ပိုင်းတွင် ကုမ္ပဏီသို့သွားခဲ့သည်။
ညနေခြောက်နာရီခန့်၌ ကုမ္ပဏီတွင် သာညစာစားပြီးနောက် သူထွက်ခါနီးတွင် လျိုကော က သူ့ကို တားပြီး ပြောစရာရှိသည်များကို ပြောခဲ့သည်။ Shangxun ဟာ လာမယ့်နှစ် ပထမသုံးလပတ်မှာ street dance ပြိုင်ပွဲvariety ရှိုးကို ကျင်းပတော့မှာ ဖြစ်ပြီး လောလောဆယ်မှာတော့ နည်းပြတွေ ရှာဖွေနေသေးသည်။
"အစီအစဉ်ရဲ့ ဒါရိုက်တာတွေထဲမှာ ငါသိတဲ့ သူတစ်ယောက်ရှိတယ်။ ဒီနေ့ ညစာအတူစားတဲ့အခါ သူက ငါ့ကို ပြောပြခဲ့တာ  မင်းက အတော်လေးကို သင့်တော်ပြီး ထူးချွန်တဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ထင်တယ်  မင်းမှာ အလားလာလည်း ရှိတာမို့၊ ပါဝင်ဖို့ စိတ်ဝင်စားလားလို့ မေးခိုင်းလိုက်တယ်။ပုံမန် အစီအစဉ်တွေထဲထက် ကမ်းလှမ်းထားတဲ့ လစာက အတော်လေး မြင့်တာမို့ ဒါဟာ အရမ်းကောင်းတဲ့ အခွင့်အရေးလို့ ငါထင်တယ်။”
ကျုံရိရန် အနည်းငယ်အံ့သြသွားပြီး "နောက်နှစ်ရဲ့ ပထမသုံးလပတ်က ဘယ်အချိန်အတိအကျမှာလဲ"
လို့မေးလိုက်၏
လျို တာအို : "ဇန်နဝါရီနှောင်းပိုင်းမှာ။ တရုတ်နှစ်သစ်ကူးအပြီး ဒုတိယပတ်မှာ ပထမပိုင်း စရိုက်ကူးမှာ စုစုပေါင်း ဆယ်နှစ်ပိုင်းရှိပြီး အခြေခံအားဖြင့် တော့ တစ်ပတ်ကို တစ်ပိုင်းကနေ နှစ်ပိုင်းအထိ ထုတ်ဝေဖို့ နှစ်လနီးပါးကြာတယ်။"
ကျုံရိရန် သည် တိတ်တိတ်ဆိတ်ဆိတ်နေပြီး ဇန်န၀ါရီလနှောင်းပိုင်းတွင် ၎င်းတို့၏ဖျော်ဖြေပွဲကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
လျိုတာအို က သူဘာတွေတွေးနေလဲဆိုတာကို မှန်းဆမိကာ သက်ပြင်းချလိုက်ပြီး သူ့ကို ဆွဲဆောင်လိုက်သည်
"ရိရန်၊ အစောပိုင်းကမင်းကို "The Legend of Ming Rong" အတွက်  Audition ကို အကြံပြုခဲ့တယ်။ မင်းရုပ်ရှင်ရိုက်ဖို့ သိပ်စိတ်မဝင်စားဘူးဆိုတာ ငါသိတယ်၊ ငါမင်းကို အကြံပေးနေတာ
ဒီ variety show အခွင့်အလမ်းက တကယ်ကို ကောင်းတယ်။
Shangxun ရဲ့ အရမ်းအရေးပါတဲ့ဒီိလိုအစီအစဉ် ရှားတယ်၊
မဟုတ်ရင် သူတို့က အကဲဖြတ်ဒိုင်တွေကို စောစောစီးစီး ရွေးချယ်မှာ မဟုတ်ဘူး။ မင်းလည်း ဟစ်ဟော့ကို ကြိုက်တယ်မဟုတ်လား၊ ဒါကြောင့် လက်လွတ်မခံပါနဲ့။"
ကျုံရိရန် က တုံ့ဆိုင်းနေပြီး "ကျွန်တော့်ကြောင့် ရိုက်ကူးချိန်ကို ချိန်ညှိဖို့ မဖြစ်နိုင်ဘူး  မဟုတ်လား ဖျော်ဖြေပွဲကျင်းပမယ့်နေရာကိုလည်း ကြိုတင်စာရင်းပေးထားပြီးသား။
နှစ်ပွဲလုံးအချိန်တိုက်မိရင် ဘယ်လိုလုပ်မလဲ၊ ဖျော်ဖြေပွဲအတွက်ပြင်ဆင်မှုတွေ လုပ်ထားရတာ ကအချိန်‌ တွေမနည်းမနောဘဲ။ 
အဲ့တာတွေထက် ကျွန်တော်က ခေါင်းဆောင်လေ တာဝန်ယူရမှာပေါ့ နောက်ဆုံးမှာ ကျွန်တော့် ကြောင့်ဖျော်ဖြေပွဲ နှောင့်နှေးသွားမှာကို ကျွန်တော်ကြောက်တယ်။"
လျိုတာအို က "ဒီဖျော်ဖြေပွဲကို ပထမအကြိမ် ဖျော်ဖြေပွဲတချို့အတွက်ပဲ ကြိုတင်စာရင်းသွင်းထားရသေးတာပါ။ အချိန်ညှိနှိုင်းလို့ရပါတယ်
အဆင်မပြေရင် တစ်လနှစ်လလောက် ထိရွှေ့ထားနိုင်တာမို့ အဆင်ပြေလောက်မှာပါ။ မင်းနဲ့ လန်"

ကျုံရိရန်- "လင်ကျိုး ရဲ့မန်နေဂျာက နောက်ထပ်နှောင့်နှေးမှုကို လုံးဝသဘောတူမှာ မဟုတ်ဘူး။
လင်ကျိုး ဖျော်ဖြေပွဲမှာ ပါဝင်ဖို့ ပထမသုံးလပတ်ကို လွှတ်ပေးလိုက်တာဟာ ဂျင်ကျဲတာဝန်ခံနိုင်တဲ့အရာရဲ့ ကန့်သတ်ချက်ဖြစ်ပြီးတော့
သိပ်မကြာခင်ဘဲ ကျွန်တော်တို့ရဲ့ စာချုပ်တော်တော်များများက တစ်ခုပြီးတစ်ခု သက်တမ်းကုန်သွား တော့မှာ
အနည်းဆုံးတော့ ဖျော်ဖြေပွဲ... ကျွန်တော်လုပ်ချင်တယ်၊  လင်ကျိုး နဲ့ တခြားသူတွေနဲ့အတူတူ ဖျော်ဖြေပွဲကို ကောင်းကောင်း လုပ်ချင်တယ်
ကျွန်တော်နောင်တမချင်ဘူး"

လျိုတာအို - "ဒါပေမယ့် မင်း ဒီရှိုးကို လွတ်သွားရင်တော့ မင်းအများကြီး ဆုံးရှုံးသွားလိမ့်မယ်။ နှမြောစရာလို့ မင်းမထင်ဘူးလား?"
ကျုံရိရန် ခေါင်းငုံ့ကာ ပြန်မဖြေနိုင်ခဲ့။

သူ့လက်ထဲတွင်ကိုင်ထားသည့်ဖုန်း၏ မျက်နှာပြင်ပေါ်မှ လင်ကျိုး ထံမှ WeChat မက်ဆေ့ချ်တစ်စောင် ပေါ်လာသည်။
"Captain၊ ကျွန်တော် ဒီနေ့ scene ကို ရိုက်ပြီးသွားပြီ။ ထမင်းစားပြီးရင် ထွက်လိုက်မယ်။ ဘယ်တော့ ထွက်လာမှာလဲ"

ကျုံရိရန် က "အခုချက်ချင်းပဲထွက်လာပြီ"
လျိုတာအို က မျက်လုံး အားကောင်းတာကြောင့် သူနဲ့ လင်ကျိုးတို့ အပြန်အလှန် ပြောဆိုထားတဲ့ မက်ဆေ့ချ်တွေကို တစေ့တစောင်း မြင်လိုက်ရစ။ သူက မျက်မှောင်ကြုတ်ပြီး
“လင်ကျိုး နဲ့ လျှောက်လည်မလို့လား” လို့ မေး၏။
ကျုံရိရန် က အနက်ရောင်စခရင်ကို နှိပ်ကာ ခေါင်းညိတ်လိုက်သည်။
လျိုတာအို : "ဒီနေ့က တရုတ်ချစ်သူများနေ့မဟုတ်လား၊ မင်းက သူနဲ့ သွားdate မလို့လား။"
လျိုတာအို ၏လေသံတွင် သံသယဝင်သံကိုကြားတော့ ကျုံရိရန် ၏တံတွေးမြိုချလိုက်ကာ
" လျိုကောလည်း မီးရှူးမီးပန်းဖောက်တာကို အတူတူကြည့်ဖို့ Beishan ပန်းခြံ ကို လိုက်မလား။"
လျိုတာအို က သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း "တကယ်မီးရှူးမီးပန်းပဲ သွားကြည့်မလို့လား။"

ကျုံရိရန် က နှုတ်ဆိတ်သွားသည်။ ခဏလောက်စောင့်ပြီးမှ လျိုတာအို ရဲ့အမူအရာက လေးနက်လာပြီး
"မင်းကိုယ် မင်းမတွေးရင်တောင် အနည်းဆုံးလင်ကျိုး အတွက် ထည့်စဉ်းစား။
ကုမ္ပဏီရဲ့ မကြာသေးခင်က အကြီးဆုံးရှယ်ယာမန်း ကို မိတ်ဆက်ပေးခဲ့တာ မင်းလည်းသိပါတယ်
ပြင်ပ က အဓိက ရှယ်ယာရှင်နဲ့ဥက္ကထ ကျုံ တို့ က ပိုပြီးရင်းနှိးလာပြီး တော့ လင်ကျိုးရဲ့ မနာခံတာတွေကို စောဒက တက်နေကြတယ်
သူ့ကို မျက်သူ့ကို ဆက် ထိန်းချုပ်ဖို့ ခတ်လာရင် လင်ကျိုးနေရာမှာ အစားထိုးဖို့ အရည်ချင်းရှိတဲ့ သင်တန်းသားတွေ အများကြီး ထပ်ခေါ်ထားတယ်

ကုမ္ပဏီရဲ့ မူကြမ်းအသစ်ကြောင့် သင်တန်းသား တွေက လူကြိုက်များနေကြပြီ  အမှားလေးတစ်ခု လုပ်မိရင်တောင် အရင်းမြစ်ချိန်ခွင်က တစ်ခြားဘက်ကို စောင်းသွား လိမ့်မယ်

ဟုတ်တယ် အခုချိန်က လင်ကျိုးထိပ် မှာရောက်နေတုန်းမို့ သူတို့ ဘာမှ မလုပ်နိုင်သေးပေမယ့်
ပြဿနာ တစ်ခုရှိလာရင်တော့ မတူတော့ဘူး
ပရိတ်သတ်တွေ စနောက်နေတဲ့ cp
က တကယ့်လိင်တူချစ်သူ အစစ်တွေနဲ့ မတူဘူးဆိုတာ မင်းလဲ သိသားပဲ"
နောက်ဆုံးစာကြောင်းကိုကြားတော့ ကျုံရိရန် က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး ခက်ခက်ခဲခဲပြောလိုက်၏
"မဟုတ်ဘူး၊ သူနဲ့ကျွန်တော်က အဲ့သလိုဆက်ဆံရေးမျိုးမဟုတ်ပါဘူး၊ လျိုကော ကအတွေးလွန်နေပြီ"

လျိုကော:"ငါလည်း မဟုတ်ပါစေနဲ့လို့တော့မျှော်လင့်တာဘဲ မင်းတို့နှစ်ယောက် ကောင်းဖို့အတွက်ပဲပေါ့
နောက်ပိုင်းမှာအဖွဲ့ ခွဲသွားရင်တောင် ရိုးရိုးသားသားပြောရရင်အဖွဲ့ကြားထဲမှာ  လင်ကျိုး ကလွဲရင် မင်းအပေါ် အကောင်းမြင်ဆုံးပဲ၊
ဒါကြောင့် တခြားသူတွေ အတွက်ကြောင့်နဲ့။ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုမနှောင့်နှေးဘူးလို့ ငါမျှော်လင့်ပါတယ်။"
ကျုံရိရန်: "ကျွန်တော်သိပါတယ်ကောဘာကိုဆိုလိုလဲ ကျွန်တော်နားလည်ပါတယ် လျိုကော..."
လျိုတာအို : "ဒါဆို ရှင်းရှင်းလင်းလင်း တွေးကြည့်လိုက်၊ စိတ်မြန်လက်မြန် ဆုံးဖြတ်ပြီးမှ နောက်မှ နောင်တမရနဲ့။"

လျိုတာအို အရင်ထွက်မသွားခင် variety ရှိုးပွဲကို အလေးအနက်ထား စဉ်းစားဖို့ တောင်းဆိုခဲ့သည်။
ကျုံရိရန် သည် တခဏမျှ  ကြောင်တက်တက်ဖြစ်‌ နေကာနံရံကို မှီလိုက်စဉ် တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။
၎င်းမှာ သိန်လန်လော် ဖြစ်သည်။
သူ က ဝင်လာပြီး
"ဒီလိုအခွင့်အရေးကောင်းနဲ့ မင်းဘာလို့ငြင်းမှာလဲ"
ကျုံရိရန် က မျက်လုံးပြူးလိုက်ပြီး
" မင်းကြားလိုက်တာလား?"
သိန်လန်လော် - "ငါကြားတယ်။ တကယ်တော့ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက လျိုကောပြောနေတာကိုကြားခဲ့တာ။"
ကျုံရိရန် ကြည့်ရဆိုးသွားကာ သိန်လန်လော်က ဆက်ပြော၏
"လျိုကောက က အဲဒီအချိန်တုန်းက လင်ကျိုး က မင်းအပေါ်မှာခံစားချက်ရှိနေတာကို သတိထားမိတာ

ဒါရိုက်တာကျုံက လင်ကျိုးကို ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ပေမယ့်
မင်းနဲ့သူနဲသာ အဆင့်ပိုသွားရင်
ငါ့ကို အခွင့်ရေးပေးလာခဲ့မှာ
ဒါ ပေမယ် မင်းလဲဒါကို နားလည်ပုံရတယ် လေလွန်ခဲ့တဲ့ နှစ်တွေအတွင်း မင်းသူ့ခံစားချက်တွေကိုတောက်လျှောက် မသိချင်ယောင်ဆောင်ထားပြီး သူလည်း အဲ့သလိုဘဲ ရွေးချယ်ခဲ့တယ်လေ"

ကျုံရိရန် မျက်မှောင်ကြုတ်ပြီး ဘာမှမပြော‌ ပေ။
သိန်လန်လော် က သူ့ကိုယ်သူ ရယ်လိုက်ပြီး "တကယ်တော့ ငါ လင်ကျိုး ကို လုံးဝ မနာလိုပါဘူးလို့ ပြောရင် လိမ်ရာကျမယ်
သူနဲ့ ကျွန်တော် နှစ်ယောက်စလုံးက vocalist တွေမို့ ငါတို့ကိုနေရာတိုင်းက နှိုင်းယှဥ်နေကြလို့ပဲ။
ငါက center ရထားတာ ကလည်း သူ့ထက်စောပြီး ကုမ္ပဏီကို ဝင်လာခဲ့လို့ပဲလေ၊
ငါ့ရဲ့ energy က သူ့လောက် မကောင်းနိုင်သလို
သူရောက်မလာခဲ့ရင်တောင် ဒါရိုက်တာ ကျုံ က  ငါ့ကို ရွေးချယ်မှာ မဟုတ်ဘူး၊ သူကသာ ငါတို့ကို ပွဲဦးထွက်ဖို့ မခေါ်ခဲ့ပါဘူး ဆိုရင်ငါဒီနေ့ ဒီ‌ နေရာကိုရောက်နေမှာ မဟုတ်ဘူး။"
"ဒီကောင်လေး ချီလျန်ကျုံ က ငယ်ရွယ်ပြီး တက်ကြွတယ်။ သူက ငါတို့ငါးယောက်ကို ထာဝရ အတူတူနေစေချင်ပေမယ့် တကယ့်လက်တွေ့မှာတော့မတူတော့ဘူးလေ
ကျန်းရွှိန် က တော့လက်တွေ့ဆန်တယ်၊ ငါလည်း မင်းနဲ့ လင်ကျိုး က ငါတို့ကို နားလည်ပေးနိုင်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့ စိတ်မသက်မသာဖြစ်မှာ သေချာသလို မင်းကိုလည်းငါ နားလည်ပေးနိုင်ပါတယ်။
မင်းအတွက် လည်းမလွယ်ဘူး။ အသင်းအတွက် မင်းရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို ကိုယ်ကျိုးစွန့်ခဲ့တဲ့အတွက် မင်းကို ချီးကျူးမိပေမယ့် လျိုကော ပြောသလို မင်းကို မေ့ထားဖို့ အကြံပေးချင်တယ်။" "ဒီနေ့ဒီမှာရပ်နေတဲ့လူက လင်ကျိုး ဆိုရင်တောင် မင်းအခွင့်အရေးကို ထပ်ခါထပ်ခါ လက်လွှတ်မခံ စေချင်မှာ သေချာတယ်။ မင်းလုပ်နေတာ အဓိပ္ပါယ်မရှိဘူး"

ည 7:30 တွင် လင်ကျိုး တစ်ယောက်တည်း တောင်ပေါ်သို့တက်ခဲ့သည်။
ပန်းခြံထဲမှာ ခရီးသွားတွေနဲ့ ပြည့်နေတယ်၊ သူကားကို တောင်ပေါ်လေ့လာရေးကုန်းပတ်ကို မောင်းပြီး ကျုံရိရန် နဲ့တွေ့ဖို့ သဘောတူထားသည့် နေရာတွင်ရပ်လိုက်သည်။
ညဘက်တွင် ဤနေရာ၌ လူအနည်းငယ်သာ ရှိတတ်သည်။
ယနေ့ညတွင် အရှေ့ဘက်ရှိ Beishan ပန်းခြံသည် ညဖျော်ဖြေရေး အတွက် ဖွင့်ထားသောကြောင့် ဤနေရာကို မည်သူမျှ လာမည်မဟုတ်ပါ။
လင်ကျိုး သည် ကားကိုရပ်လိုက်သည် ။
ချိန်းထားသည့်အချိန်မတိုင်မှီ နာရီဝက်လိုသေးသည် ။
သူကားပေါ်မှဆင်းကာ အရှေ့သို့ လျှောက်သွားလိုက်သည်။
သူသည် ကားခေါင်းကိုမှီကာ အဝေးကမြို့၏ညမီးရောင်များကို တိတ်ဆိတ်စွာစောင့်ဆိုင်းနေသည် ။
ဆယ်မိနစ်လောက်ကြာ သော် အနောက်ကနေ ကားအင်ဂျင်သံတစ်ခု ထွက်ပေါ်လာ၏။
လင်ကျိုး လှည့်ကြည့်လိုက်တော့ သူ့နှုတ်ခမ်းပေါ်က အပြုံးက ရုတ်တရက် အေးခဲသွားသည်။
ကားအမှတ်တံဆိပ်များကို သတိမထားမိသော်လည်း ၎င်းကို စူပါကားအဖြစ် အသိအမှတ်ပြုနိုင်သေးသည်။ လုချီရှဲ သည် ကားပေါ်မှ ဆင်းလာသည်။
ထို့နောက် ကားတံခါးကို မှီကာ စီးကရက်ကို ဖြည်းညှင်းစွာ မီးညှိလိုက်သည်။
မီးခိုးငွေ့နောက်ကွယ်တွင်
မရှင်းလင်းအပြုံးရိပ်နေသည့် မျက်လုံးများကို မြင်လိုက်ရသောအခါ လင်ကျိုး ၏ မျက်နှာသည် တဖြည်းဖြည်း မှောင်လာသည်။
လုချီရှဲ : "လောင်လင် က ညမြင်ကွင်းကို ကြည့်ဖို့ တစ်ယောက်တည်း ဒီမှာ နေ‌ နေတာလား။
အဖော်မရှိရင်လည်းကိုယ့်ကို လာ ပြောတာမဟုတ်ဘူး။"
လင်ကျိုး: "ကျွန်တော်ဒီမှာရှိတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ။"
လုချီရှဲ က မျက်ခုံးပင့်လိုက်ပြီး
"ဒါက အများသူပြည်သူပန်းခြံပါ။ မင်းလာလို့ရပေမယ့် ကိုယ်ကျ လာလို့မရဘူးလား?"
လင်ကျိုး က သူ့ကို အေးစက်စွာ ကြည့်နေသည် ။
လုချီရှဲ: "ကောင်းပြီ၊ ဒီလိုအမူအရာနဲ့ ကိုယ့်ကို စိုက်မကြည့်နဲ့။ မင်းဒီကိုရောက်နေမှန်း ကိုယ်သိတယ်၊ မင်းရဲ့ကပ္ပတိန်နဲ့ ချိန်းထားတာရှိလို့ မဟုတ် လား။"
လင်ကျိုး က မျက်မှောင်ကြုတ်လိုက်သည်။ လုချီရှဲ က သူ့လျှာကို ကျစ်သက်လိုက်ပြီး "လောင်လင် အဲဒီညက မူးပြီး လက်ထဲမှာ စာရွက်တရွက်ကို ကိုင်ထားတာကို တွေ့လိုက်တယ်၊ ဒီနေ့ ကျ မင်းတစ်ယောက်တည်း ထွက်လာပြန်တယ်။ အဲဒါကို တွေးကြည့်ရုံနဲ့ မင်းဒီကို ရောက်နေမယ်ဆိုတာ ကိုယ်သိတယ်‌ လေ။ ရှေ့က ကားရပ် ထားတာမြင်လို့လို့ မင်းဒီမှာရှိမယ်ထင်ပြီးလာခဲ့တာ"
လင်ကျိုး: "ဒါဆို ခင်ဗျားဒီမှာ ဘာလာလုပ်နေတာလဲ"
လုချီရှဲ: "ပျော်စရာလေးတွေရှာချင်လို့။"
လင်ကျိုး က အေးစက်စွာပြောသည် "ခင်ဗျား ဘာပျော်စရာတွေရှာချင်‌ နေတာလဲ"
လုချီရှဲ: "လောင်လင် အလောင်းအစားလုပ်ရအောင်။"
သူက နှုတ်ခမ်းကို ကွေးလိုက်ပြီး "မင်းရဲ့ ကပ္ပတိန် ဒီည မလာ တော့ဘူးလို့ ဆိုတာကိုယ်သေချာတယ်"
လင်ကျိုး သည် သူ့ကို လျစ်လျူရှုကာ နောက်သို့ လှည့်ကာ နောက်တစ်ကြိမ် မျှော်ကြည့်သည်။
လုချီရှဲ ၏ကားက တောင်ခြေရင်းတွင် ရပ်သွားသည်။
သူသည် လက်ဘရိတ်ကိုဆွဲကာ မျက်လုံးမှိတ်ပြီး သူ့ရှေ့တွင် စတီယာရင်ဘီးကို ငြီးငွေ့စွာ မှီလိုက်သည်။
ညလေက တောင်ပေါ်ကို မှုတ်ထုတ်လိုက်ပြီး လင်ကျိုး ရဲ့ ဆဲလ်ဖုန်းမြည်သံက ရုတ်တရက် ညရဲ့ အေးချမ်းမှု အား ဖြတ်ကျော် လာ၏။
ဖုန်းခေါ်သူကတော့ ကျုံရိရန် ပင်။
လင်ကျိုး သည် ဖြေဆိုရန်လိုက်သော်လည်း အခြားတစ်ဖက်မှလူသည် အသံထွက်မလာပေ။
သူသည် မသိစိတ်ဖြင့်ဖုန်းကို ဆုပ်ကိုင်ထားမိသည်- "... captain?"
ခဏအကြာတွင် ဖုန်းတစ်ဖက်မှ ကျုံရိရန် ၏  အသံနိမ့်နိမ့်ကိုကြားလိုက်ရပြီး "တောင်းပန်ပါတယ် လင်ကျိုး ဒီည ကိုယ်လုပ်စရာရှိလို့ မလာနိုင်တော့ဘူ"
လင်ကျိုး ၏နှလုံးသည် ရုတ်တရက် အောက်သို့ ကျသွားသည်- "တစ်ခုခုဖြစ်လို့လား"
ကျုံရိရန် : "အင်း၊ တစ်ခုခုဖြစ်သွားလို့ တောင်းပန်ပါတယ်။"
"ကောင်းပြီ" လင်ကျိုး က သူ့အသံထွက်ဖို့ ရုန်းကန်ရင်း
"ဒါဆို လည်းထားလိုက်ပါ၊ မင်းအရင်ဆုံး ချလိုက်တော့ အလုပ်များနေဦးမယ်။"
လင်ကျိုး က ဖုန်းချသွားတာကို မမှတ်မိတော့ဘဲ endဆိုသည့်ခလုတ်အားငေးကြောငကြောင်နှိပ်မိလိုက်သည်။


တစ်စုံတစ်ယောက်က သူ့အား အနောက်ကနေလှမ်းခေါ်သံအားကြားလိုက်ရသည်။

"လင်ကျိုး"

သူလှည့်ကြည့်လိုက် သော အခါ  မီးခိုးငွေ့များ၏နောက်ကွယ်မှ လုချီရှဲ ရဲ့မျက်လုံးတွေက သူ့ကိုကြည့်နေ၏ - "မီးရှူးမီးပန်းတွေကို ကြည့်လိုက်။"

လက်ဝဲရှေ့ရှိ တောင်စောင်း၌ပန်းခြံတွင် မီးရှူးမီးပန်းများ ကောင်းကင်သို့ ပျံတက်သွားကာ မှောင်မိုက်နေသော ကြယ်ရောင်စုံညကောင်းကင်ယံသို့ ပေါက်ကွဲသွားသည် ။
လင်ကျိုးက ဗလာသက်သက် ကြည့်နေ၏ ။
ကောင်းကင်ယံတွင် မီးရှူးမီးပန်းများ တစ်လုံးပြီး တစ်လုံး ပွင့်‌ ဖောက်နေသည်။
သူသည် အမြဲတမ်းလုပ်နေကြကဲ့သို့ ခေါင်းကို မော့လိုက်ပြီး ရောင်စုံမီးပန်းများသည် ရေကဲ့သို့ နက်မှောင်နေသော မျက်လုံးများတွင် ထင်ဟပ်နေပါသည်။ နောက်ဆုံးတော့ မျက်လုံး မှာအနီ‌ ရောင်သမ်းလာ၏။





(Right person, Wrong time)

( လုချီရှဲကတော့ တစ်နေရာရာက Wrong နေရင်တောင် သူကိုယ်တိုင် ပြန်ဖျတ်ပြီး Right person, right time ပြန်လုပ် မှာ သေချာတယ်
ဒါကတော့ လုချီရှဲနဲ့ ကျုံရိရန်ရဲ့ ကွာခြားချက်ပါဘဲ)

Dark fire (暗火)  { COMPLETE }Where stories live. Discover now