ch 32

1.9K 278 8
                                    

အခန်း ၃၂


ရက်အနည်းငယ်အကြာတွင် ကျန်းဂျင် သည် A-line TV ရှိ ကြယ်ပွင့် vareityရှိုးတစ်ခုတွင် ပုံမှန်ဧည့်သည်တစ်ဦးအဖြစ်ပါဝင်ရန် လင်ကျိုး အတွက် ကြေငြာချက်အသစ်တစ်ခုကို လက်ခံရရှိထားကြောင်း ပြောကြားခဲ့သည်။

"ဒီနှစ်နောက်ဆုံးသုံးလပတ်မှာ Southern Star TV ကထွက်မယ့်ရှိုးအသစ်ကို "Come to My Home" လို့ ခေါ်တယ်။  အပိုင်း ၁၂ ပိုင်းနှင့် အမြဲတမ်းဧည့်သည် လေးဦးပါဝင်မှာ။
အဲ့ဒီအစီစဉ်က  နာမည်ကြီးအနုပညာရှင်‌ တွေနဲ့ အနုပညာရှင်တွေရဲ့ တကယ့်ဘဝတွေကို ရိုက်မှာ

အပိုင်းတစ်ခုစီမှာ ဧည့်သည်တစ်ယောက်ရဲ့အိမ်ကိုသွား၊ကြမှာ
ခွဲတမ်းကိုမဲနှိုက်ထားပြီး အရင်ဆုံးဖြတ်ထား တာ
တစ်စုံတစ်ယောက်ကို ခေတ္တပြန်ထုတ်လိုက်တယ်။
ဒီအစီအစဉ်အတွက် တာဝန်ရှိတဲ့ သူတို့ဌာနရဲ့ လက်ထောက်ဒါရိုက်တာနဲ့လည်း ရင်းနှီးနေတာကြောင့် ငါ မင်းကို ပြောလိုက်တာ။"

ကျန်းဂျင် သည် အမြဲတမ်းဧည်သည်များက မည်သူဖြစ်သည်ကို လျင်မြန်စွာပြောခဲ့ပြီး ၎င်းတို့အားလုံးသည် ရင်းနှီးသောအမည်များဖြစ်ကြသည် ။
ထိုသတင်းကိုကြားပြီးနောက် လင်ကျိုး သည် သူမအား  "ဘယ်အချိန်ရိုက်ကူးမှာလဲ" လို့မေးလိုက်သည်။
ကျန်းဂျင် : "အောက်တိုဘာလကုန်မှာ မင်းရဲ့ဒရာမာရိုက်ကူးရေးပြီးခါနီးမှာ တစ်ပတ်ကို အပိုင်းတစ်ပိုင်း ရိုက်ကူးမှာပါ။ စိတ်မပူပါနဲ့ မင်းအဖွဲ့ရဲ့ ပရိုမိုးရှင်းကို နှောင့်နှေးစေမှာမဟုတ်ပါဘူး။"
လင်ကျိုး က တုံ့ဆိုင်းနေသေးသည် "...ဒါဆို ကျွန်တော် အဆောင်ထဲမှာ နေတာလေ ကျွန်‌‌ တော်အလှည့်ရောက်ရင် ဘယ်လို မှတ်တမ်းတင်မလဲ။"
ကျန်းဂျင် : "ငါ မင်းကို ပြောစရာရှိတယ် ကျန်းရွှိန်  က အဖွဲ့ထဲက ထွက်သွားတော့မှာ မဟုတ်ဘူးလား?
မင်းတို့အတွက် ကုမ္ပဏီ က  ငှားထားတဲ့အိပ်ဆောင်ဟာ ဒီနှစ်ကုန်မှာ သက်တမ်းကုန်တော့မယ်။ နောက်ကျ  နောက်တစ်လုံး ထပ်ငှားပေးမယ်။
မင်း အိမ်ငှားချင်တယ်ဆိုရင်တော့ စောစောပြောင်းသင့်ပေမယ့်
ဒီကာလမှာ ရိုက်ကူးရေးကမပြီးသေးတော့  အလျင်စလို မဖြစ်သေးပါဘူး၊

ရိုက်ပြီးမှ အိမ်ငှားလိုက်တာ ပိုကောင်းတယ်
အနာဂတ်မှာမင်းတစ်ယောက်တည်းအခြေချနေထိုင်ဖို့   ပိုသီးသန့်ဖြစ်ပြီး
အဆင်ပြေမယ့် နေရာကိုရှာသင့်တယ်။"

လင်ကျိုး သည် ခဏမျှ တိတ်ဆိတ်သွားပြီး "ကောင်းပြီ" ဟု ပြောလိုက်သည်။
ဖုန်းချပြီးနောက် လင်ကျိုး သည် ခဏတာ အံ့အားသင့်သွားသည်။
ကုမ္ပဏီသို့ စတင်ဝင်ရောက်သည့်နေ့ကတည်းက သူနေထိုင်ခဲ့သော အဆောင်မှာ ကျောင်းအိပ်ဆောင်လို လူအများအပြားနေထိုင်သည့် အဆောင်ဖြစ်သည်။
နောက်ပိုင်းတွင် ၎င်းတို့ငါးဦး အတူတကွ ပွဲဦးထွက်ရန် ဆုံးဖြတ်ခဲ့ကြသောကြောင့် ကုမ္ပဏီမှ ၎င်းတို့အတွက် ဗီလာတစ်လုံးကို ငှားရမ်းခဲ့ပြီး ၎င်းတို့ငါးဦး အတူနေထိုင်ခဲ့သေးသည်။

နောက်နှစ်နှစ်မှာ သူတို့တစ်ယောက်ချင်းစီမှာ သီးသန့်ကိုယ်ပိုင်အလုပ်တွေရှိကြပြီး အိမ်မှာလူမစုံတော့ပေမယ့် အဲဒီနေရာကို သူ့အိမ်အဖြစ် သီးသန့်သက်မှတ်ထားခဲ့ပါသည်။
နောက်ဆုံးတွင် သူတို့သည် ခွဲခွာသွားရမည့် အချိန်သို့ ရောက်လာကြပြီဖြစ်သည်။
လုချီရှဲ ရောက်လာသောအခါ လင်ကျိုးသည် ကြောင်တက်တက်ဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသေးသည်။
ရေအေးပုလင်းကို သူ့ပါးပြင်ပေါ်ဖိလာသဖြင့် လင်ကျိုး သည် သူ့မျက်လုံးများကို မော့ကြည့်လိုက်သည်။
သူ့ရှေ့တွင် လုချီရှဲ က သူ့ကို အပေါ်ကနေ ငုံ့ကြည့်နေသည်။
လင်ကျိုး က မျက်မှောင်ကြုတ်ပြီး "ဘာလုပ်နေတာလဲ"
လုချီရှဲ - "မင်းက ဘာလို့ ဒီမှာ  ကြောင်ပြီးထိုင်နေတာလဲ။ မင်း မိတ်ကပ်မလိမ်းဖို့ မပြင်ထားဘူးလား
ရုပ်ရှင်ရိုက်ဖို့ရှိသေးတယ်လေ"
လင်ကျိုး: "နေ့လည်မှာပဲရိုက်ရမှာ"
လုချီရှဲ သည် ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်ချလိုက်ပြီး သူ့မျက်နှာကို ထိလိုက်ကာ
"မင်း စိတ် မကောင်းဖြစ် နေတာလား။"
လင်ကျိုး: "ဘာမှမဖြစ်ပါဘူး။"
လုချီရှဲ: "လောင်လင် မင်းမျက်နှာက
လိမ်ညာလို့မရဘူးဆိုတာ မင်းမသိဘူးလား။"
လင်ကျိုး က ကူကယ်ရာမဲ့ စွာ
" တကယ်ကို မဟုတ်ပါဘူး။ ကျွန်တော့် အေးဂျင့်က ကျွန်တော် ပြောင်းရွှေ့ရမှာလို့ ပြောရုံပဲ၊ ဒါက နည်းနည်းတော့ဒုက္ခများ လို့ "
လုချီရှဲ က သူ့ကို ကြည့်နေသည် ။ လင်ကျိုး: "ဘာဖြစ်လို့တာလဲ?"
လုချီရှဲ: "ဒါက ဒုက္ခပဲလား ဒါမှမဟုတ် တွန့်ဆုတ်နေတာလား။"
လင်ကျိုး က ခဏလောက်စဉ်းစားပြီး အမှန်အတိုင်းပြောတယ် "အဖွဲ့သားတွေနဲ့ခွဲရတာ  နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်"
လုချီရှဲ: "ဝမ်းနည်းနေတာလား?"
"ဟုတ်တယ်" လင်ကျိုး က ခေါင်းညိတ်ပြီး
"တစ်သက်တာ မြဲတဲ့အရာ‌ဆိုတာ ဘာမှမရှိပေမယ့်၊ နည်းနည်းတော့ ဝမ်းနည်းစရာကောင်းတယ်။"
လုချီရှဲ က "လောင်လင်က တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းတယ်။"

"...ခင်ဗျားစကားကို ကောင်းကောင်းပြော ပေးလို့ မရဘူးလား"
လင်ကျိုး က သူ့သဘောထားကို သည်းမခံနိုင်တော့ဘဲ "လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲရော သိရဲ့လား"

လုချီရှဲ: "ကောင်းတာလေး ကြားချင်လို့လား?"

"ထားလိုက်ပါ မပြောနဲ့တော့" လင်ကျိုး မတ်တပ်ထရပ်ပြီး ထွက်သွားဖို့ ကြံစည်လိုက်၏။
လုချီရှဲ က သူ့လက်ကို ဆန့်တန်းကာ ဆုပ်ကိုင်လိုက်သောကြောင့် လင်ကျိုး နောက်ပြန်လဲကျသွားပြီး ထိုင်ချမိလိုက်သည်။
ကံဆိုးစွာနဲ့ သူ လုချီရှဲ ရဲ့ပေါင်ပေါ်မှာ တိုက်ရိုက်ထိုင်မိလိုက်ကာ
လုချီ၏လက်က သူ့ခါးမှာ တင်လိုက်၏။
လုချီရှဲ: "ဘယ်ပြောင်းမှာလဲ?"
လင်ကျိုး က သူ့ဆီကနေ မခွာနိုင်တာကြောင့် ရိုးရိုးရှင်းရှင်းပဲ လက်လျှော့လိုက်ပြီး
"မသိဘူး၊ ဂျင်ကျဲက ဂရုစိုက်ပေးမှာ။ စိတ်ပူစရာ မလိုပါဘူး။ကုမ္ပဏီနဲ့ နီးတဲ့နေရာကို ပြောင်းရင် ပိုပြီးတော့ အဆင်ပြေလောက်မယ် ။”
လုချီရှဲ : "ဒါဆို မြို့လယ်က second Ring Road မှာ ကိုယ်နဲ့ အတူနေလေ။ အခု ကိုယ်က400 စတုရန်းမီတာ ကျယ်တဲ့ အိမ်လေးမှာကိုယ် တစ်ယောက်တည်းနေ နေတာ။ မင်း ရောအတူလာနေချင်လား။"
လင်ကျိုး က လုချီရှဲ ကို ဒီလိုပြောလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
ခဏလောက် ကြောင်သွားပြီး ငြင်းလိုက်၏
"မနေတော့ဘူး၊ ဆရာလု အတွက် အရမ်းဒုက္ခများလိမ့်မယ်။ ပြီးတော့သိပ်မကောင်းဘူး"
လုချီရှဲ သည် မလှုပ်မယက်ဘဲ သူ့ကိုသာစိုက် ကြည့်နေသည်။
လင်ကျိုး : "...တကယ် မလိုအပ်ပါဘူး။"
လုချီရှဲ - "ကိုယ် မင်းရဲ့အေးဂျင့်ကို တိုက်ရိုက်ပြောပြလိုက်မယ်
ရုပ်ရှင်ရိုက်ပြီးရင် ကိုယ်နဲ့လိုက်ခဲ့။"
သူ့လေသံက ငြင်းလို့မရသလို အမြဲလွှမ်းမိုးနေ၏။
လင်ကျိုး အနည်းငယ် စိတ်ဆိုးသွားကာ "ဟေ့ ခင်ဗျား ဘာကိုဆိုလိုတာလဲ ခင်ဗျား တခြားသူတွေကို အတင်းအကြပ်ခိုင်းနေတာလား။"

လုချီရှဲ - "မင်း ကိုယ်နဲ့ နေရတာ ကခက်လို့လား။
တခြားသူတွေနဲ့ အတူနေတုန်းကကျ မင်းဘာလို့ ဝန်မလေးတာလဲ။ ကိုယ့်ဆီပြောင်း လာဖို့ ရှက်နေသေးတာလား"

Ling Zhuo : "ခင်ဗျားက တအားမလိုတာ ဆွဲတွေးတာ
ခင်ဗျားက ခင်ဗျား အဖွဲ့သားတွေ က အဖွဲ့သားလေ
ပြီးတော့   အသင်းဖော်တွေနဲ့ အတူနေဖို့ ကုမ္ပဏီက ပဲစီစဉ်ပေးခဲ့တာလေ..."
လုချီရှဲ - "မင်းရဲ့ အဖွဲ့သားတွေနဲ့ နေရတာကျ အဆင်ပြေတယ်ပေ့ါ ဒါပေမယ့် ကိုယ့်ကောင်လေးနဲ့ကျတော့ မပြေဘူးလို့ ဆိုလိုချင်တာလား?"
လင်ကျိုး ကဆက် ငြင်းခုန်ချင်နေသေးပေမယ့် လုချီရှဲ က သူ့ကို လှည့်လိုက်ပြီး ဆိုဖာပေါ် တွန်းချလိုက်ကာ နမ်းလိုက်သည် ။
သူ့နှုတ်ခမ်းနှင့် သွားများကို ပြင်းထန်စွာ ညှစ်ထုတ်လိုက်ရာ လျှာဖျားအား နာကျင်စွာ ကိုက်သွားခဲ့သည်။
လင်ကျိုး သည်းမခံနိုင်တော့ဘဲ ခြေကိုဆန့်ကာ ကန်ထုတ်လိုက်သည်။
လုချီရှဲ သည် သူ့ခြေထောက်များကို အတင်းဆွဲကိုင်လိုက်ပြီး ဖိချကာ သူ့ကို  တင်းတင်းကျပ်ကျပ် နမ်းလိုက်သည်။ လင်ကျိုး ၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲလာပြီး "ခင်ဗျား ဘာဖြစ်နေတာလဲ?"
လုချီရှဲ က  "ပြောင်းလာပြီး ကိုယ်နဲ့ အတူလာနေ"
လင်ကျိုး: "မလုပ်ဘူး။"


ထိုအချိန်တွင် ယန်မင် တံခါးဖွင့်ပြီးဝင်လာသည် "ကျိုးကော  ဒါရိုက်တာက လာခဲ့တော့တဲ့။"
စကားများပြောပြီးနောက်မှ ယန်မင်သည် လူနှစ်ယောက် ပူးကပ်နေသည် အားတွေ့လိုက်သောအခါ
“ကျိုးကော…”
(My poor ယန်မင်)

လင်ကျိုး သည် လုချီရှဲ ကို လျင်မြန်စွာ တွန်းထုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

လုချီရှဲ သည် ရွံရှာဖွယ် မျက်နှာထားဖြင့် လင်ကျိုးအား စိုက်ကြည့်ကာ ထွက်သွားလေသည်။
ထို့နောက် လင်ကျိုး သည် လုချီရှဲ ကို တစ်နေကုန် လျစ်လျူရှုခဲ့ပြီး လုချီရှဲ က လည်းသူ့ကို လျစ်လျူရှုခဲ့သည်။
လင်ကျိုး သည် ယနေ့ညတွင် sceneအများအပြား မပါရှိပေ။
ညနေခင်းတွင် scene အားလုံးကို ရိုက်ကူးပြီးနောက် ဟိုတယ်သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။
ဆယ်နာရီခွဲတွင် သူအိပ်ရာဝင်ရန် အဆင်သင့်ဖြစ်သောအခါ တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ လုချီရှဲ ၏ လက်ထောက် ရှောင်ချန် ဖြစ်သည်။
တံခါးအပြင်ဘက်မှာ ရှောင်ချန် က ရှက်ရွံ့စွာနဲ့ ပြော၏
" လုကော က အောက်ထပ်က ရေကူးကန်မှာ နှစ်နာရီနီးပါးရှိနေပြီခုထိ ပေါ်မလာသေးပါဘူး ကျိုးကော ၊ မင်း သူ့ကို သွားခေါ်လို့ရမလား "
ဒါကိုကြားတော့ လင်ကျိုး က မျက်မှောင်ကြုတ်သွားပြီး
"သူ ဘာလုပ်နေတာလဲ"
ရှောင်ချန် : "သူ  ရေကူးနေတာ နှစ်နာရီတောင် ရှိသွားပြီ။ သူ့ဆီကဘာမှလဲ မကြားခဲ့ရဘူး..."
ဆယ်မိနစ်လောက်ကြာတော့ လင်ကျိုးအောက်ထပ်ကို ဆင်းလာခဲ့၏။
ရေကူးကန်သည် ဟိုတယ်၏ ဆယ်ထပ်တွင်ရှိပြီး ကြံ့ခိုင်ရေးစင်တာနှင့် တွဲထားသည်။
ဤအချိန်တွင် ထိုနေရာတွင် အခြားမည်သူမျှမရှိခဲ့ပေ။
လင်ကျိုး သည် လှမ်းဝင်လာခဲ့သည်။ လုချီရှဲ သည် ရေကူးကန်တစ်လျှောက် အပြန်ပြန်အလှန်လှန် ကူးနေ ပြီး
ဧရာမရေကူးကန်ထဲတွင်ရေကူးနေသည့် တစ်ဦးတည်းသော သူတစ်ယောက်ဖြစ်သည်။
လင်ကျိုး သည် ရေကူးကန်အနားသို့ လျှောက်သွားပြီး "တော်တော့လေ ခင်ဗျားရေကူးနေတာ ဘယ်လောက်ကြာလဲ"
ဟု ဒေါသတကြီး အော်လိုက်သည်။

လုချီရှဲ သည် လင်ကျိုး၏အနီးသို့ ကူးခတ်လာပြီး ရုတ်တရက် ရေထဲမှ ထွက်လာသည်။
ရေဖြန်းကနဲ ပတ်လိုက်၏ ။
လင်ကျိုး မသိစိတ်ဖြင့် နောက်သို့ ဆုတ်သွားသော်လည်း ရေများ စင်သွားဆဲ ဖြစ်သည်။
"ဘာလုပ်နေတာလဲ" ဟု လင်ကျိုးပြောလိုက်၏

လုချီရှဲ နောက်ဆုံးတော့ ကမ်းပေါ်တက်လာပြီး သူ့ရေကူးမျက်မှန်ကို ချွတ်လိုက်ကာ သူ့ကို လေးနက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
  ရေအကြာကြီး ကူးထား၍ ပြာနေသော  သူ၏နှုတ်ခမ်းများကို မြင်သောအခါ လင်ကျိုးဆဲတော့မည့်စကားများ နှုတ်ခမ်းဝတွင်ဆို့နင့်သွားသည်။


ထို့နောက် လင်ကျိုး၏အကြည့်များက လုချီရှဲ ၏ ပြီးပြည့်စုံသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများသို့ ရောက်သွားကာ မသိစိတ်ဖြင့် အောက်သို့ ရွေ့လျားသွားပြီး တစ်နေရာသို့အရောက် အကြည့်များ ခဏရပ်ပြီးနောက် သူချက်ချင်းအကြည့်လွဲလိုက်၏။
လင်ကျိုး ရှက်သွားသည်။
လင်ကျိုး: "...ဘယ်အချိန်ရှိပြီထင်လို့၊  ခင်ဗျားဒီမှာဘာအရူးထနေတာလဲ ကျွန်တော်လာခေါ်တာများစောင့်နေတာလား"

သူ့အသံက ဝိုးတဝါးဖြစ်နေကာ
သူ့စကားမှာ မသက်မသာဖြစ်နေသည့် အရိပ်ယောင်များရှိနေသည်။
အဘယ်ကြောင့်ဆိုလျှင် သူ့ရှေ့ကလူကို ကြည့်ရတာ ရှက်လွန်းလို့ ပင် ဖြစ်၏။

လုချီရှဲ က အေးစက်စွာကြည့်ရင်း "မင်းဒီမှာ ဘာလုပ်နေတာလဲ"
သူ့အမူအရာက လင်ကျိုး ကို စိတ်မသက်မသာဖြစ်စေပြီး သူ့အသံက နည်းနည်းအေးစက်လာသည်- "ခင်ဗျားရဲ့လက်ထောက်ကခင်ဗျား ရေကူးကန်ထဲ ကတော်တော်နဲ့ထွက်လာဖို့ငြင်းနေလို့ ကျွန်တော့်ကို လာခေါ်ခိုင်းတာ ကျွန်တော်လာချင်လွန်းလို့မဟုတ်ဘူး"

နောက်တော့ သူတို့နှစ်ဦးသားရှေ့မတိုး နောက်မဆုတ် ဖြစ်သွား၏။
တစ်ယောက်မှ စကားတစ်ခွန်း မပြောကြဘဲ  တစ်ယောက်ကို တစ်ယောက် အေးစက်စွာ ကြည့်နေကြ၏။
ခဏအကြာတွင် လုချီရှဲ ရုတ်တရက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရာသူ့ခြေထောက်များက ရေကူးကန် ဘောင်အနားသို့ ရောက်နေပြီဖြစ်ပြီး လင်ကျိုး ၏ မျက်လုံးများကို  စိုက်ကြည့်နေသည်။
လင်ကျိုး ၏ ထိတ်လန့်သော အကြည့်အောက်တွင် သူ့ခန္ဓာကိုယ်သည် ရေထဲသို့တည့်တည့်နောက် ပြန်ကျသွားလေသည်။
လင်ကျိုး: "ဟေး!"
ကျယ်လောင်သော ရေထဲသို့ ကျသံကြားပြီးနောက်၊
လင်ကျိုး သည် ရှေ့သို့ ပြေးသွားလိုက်သည်။
လုချီရှဲ သည် ရေထဲသို့ ကျသွားပြီး ရေအောက်တွင် နစ်မြုပ်သွားသည်ကို တွေ့လိုက်သော်လည်း နောက်တစ်ကြိမ် ထပ်မပေါ်တော့ပေ။

"လုချီရှဲ! လုချီရှဲ!"
ဟုလင်ကျိုး စိုးရိမ်တကြီးအော်လိုက်၏။
လုချီရှဲ သည် ရေကူးတတ်ပြီး ရည်ရွယ်ချက်ရှိရှိ လဲကျသွားသည်ကို သူရှင်းရှင်းလင်းလင်း သိထားသည်ပင်။

သို့သော်လည်းအချိန်အတော်တန်ကြာရေအောက်မှ ပြန်တက်လာသည် မတွေ့ရတော့သဖြင့်  လင်ကျိုး သည် ထိတ်လန့်တုန်လှုပ်သွားပြီး အကြိမ်အနည်းငယ် အော်နေသော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။
သူ ရေထဲသို့ချက်ချင်းခုန်ဆင်းခဲ့သည်။
သူသည် တစ်စုံတစ်ဦးကိုရှာဖွေရန် ရေအောက်သို့ အလျင်အမြန်ငုံသွားခဲ့သော်လည်းသူ ရေထဲသို့နစ်သွားသည်နှင့် တစ်စုံတစ်ယောက်သည် သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အနီးသို့ဆွဲယူခဲ့သည်။
အဲဒီနောက် သူ့ခါးကိုလည်း ဆုပ်ကိုင်လိုက်ပြီး လုချီရှဲ က သူ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
လင်ကျိုး သည် သူ့အလှည့်စားခံရသည်ကိုသိပြီးနောက် ပြင်းထန်စွာရုန်းကန်ခဲ့သည်။
လုချီရှဲ ၏ နှုတ်ခမ်းများက သူ့ကို ဖုံးအုပ်ကာ ကိုက်လိုက်ပြီး သူ့နှုတ်ခမ်းကိုလည်း ဖွင့်ခိုင်းလိုက်လေသည်။
နှုတ်ခမ်းများနှင့် လျှာတို့သည် တွဲစပ်လာကာ ရေများပင် မြိုချမိသည်။
လင်ကျိုး သည် လုချီရှဲ ၏ လက်နှစ်ဖက်တွင် ပိတ်မိနေပြီး သူ့ကို အထပ်ထပ်အခါခါ ထိုးကြိတ်ကန်ကျောက်နေသည်။
မကြာခင်မှာပင် လင်ကျိုးရေသီးသွားသည်။
အစပ်နှင့် ယားယံသော အရသာသည် လည်ချောင်းတစ်လျှောက် လောင်ကျွမ်းသွားကာ သူ့ကို တကိုယ်လုံး တုန်လှုပ်သွားစေသည်။
နောက်ဆုံးမှာတော့၊ သူ့ကို လုချီရှဲ က ဦးဆောင်ပြီး  ရေပေါ်သို့တက်လာခဲ့သည်။
လင်ကျိုး အဆက်မပြတ်ချောင်းဆိုး နေကာ  တစ်ကိုယ်လုံးနီရဲနေပြီး မျက်လုံးများ နီရဲကာ မျက်ရည်များ စီးကျလာသည်။
သူ့လက်ကို မြှောက်ကာ လုချီရှဲ ကို ပါးရိုက်လိုက်သည်။
"ခင်ဗျားရူးနေတာလား။"
လင်ကျိုး အံကြိတ်ကာ ကျယ်လောင်သောအသံဖြင့် ဤစကားလုံးသုံးလုံးကို ညှစ်ထုတ်လိုက်သည် ။
ဤအရူးကို မဖြေရှင်းချင်တော့ဘဲ လှည့်ပြန်ကာ ရေကူးကန်ထဲမှ အရင်ထွက်လာခဲ့သည်။
လုချီရှဲ က သူထွက်သွားတော့မယ့်အချိန်မှာ  လင်ကျိုးရဲ့နောက်ကို လိုက်သွားပြီး
"ရေချိုးပြီး အဝတ်အစားလဲဖို့ ကိုယ်နဲ့လိုက်ခဲ့"
လင်ကျိုး က သူ့ကို စိုက်ကြည့်နေပေမယ့် လုချီရှဲ က မတုန်လှုပ်ဘဲ
"မင်း အပေါ်ထပ် ဓာတ်လှေကားကို ဒီလို ပုံစံမျိုး နဲ့တက်မှာလား။ တစ်ယောက်ယောက်က မင်းကို မြင်သွားရင် ဘယ်လိုလုပ်မလဲ။"

ငါးမိနစ်လောက်ကြာတော့ လုချီရှဲက က သူ့ကို locker အခန်း ထဲရှိ ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားသည်။
တံခါးပိတ်ပြီးတာနဲ့ လူကို အုတ်နံရံနဲ့ ဖိကာ နမ်းလိုက်၏။
လင်ကျိုး ၏ ခေါင်းပေါ်သို့ ရေပူများလောင်းချလိုက်ပြီး လင်ကျိုး ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များအားလုံးကို သူ့ကိုယ်အပါအဝင် ချွတ်ပစ်လိုက်သည်။
လုချီရှဲ သည် လင်ကျိုး ၏ ခြေထောက်များကြားတွင် ခြေထောက်တစ်ဖက်ကို ထောက်ထားကာ လင်ကျိုးအား မြှောက်လျက် တင်းကျပ်စွာ ဖက်ထားသည်။
သူတို့ခန္ဓာကိုယ်တွေဟာ တစ်ခုနဲ့တစ်ခု နီးကပ်နေပြီး မတူညီတဲ့ ထောင့်တစ်တစ်ရာတွင်  နက်နဲစွာ နမ်းရှုံ့ခဲ့ကြသည်။
သူတို့ရဲ့ ပါးစပ်ရဲ့ အစိတ်အပိုင်းတိုင်းကို တစ်ယောက်နဲ့တစ်ယောက် လျှာနဲ့ ပွတ်သပ်နေကြ၏။
လုချီရှဲ က သူ့ကို မျိုချတော့မယ်လို့ ခံစားလိုက်ရသည်။
လုချီရှဲ က သူ့အနမ်းကို သူ့လည်ပင်းဆီ ရွှေ့လိုက်တဲ့အခါမှာတော့ သူ့ပခုံးကို တွန်းလိုက်ပြီး "ရေချိုးဘဲချိုး..."ဟုလင်ကျိုးပြောလိုက်ပေမယ့်
လုချီရှဲက သူ၏ လည်ပင်းကို ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။
လင်ကျိုး သည် ပြင်းပြစွာ ရှူရှိုက်လိုက်ပြီး လုချီရှဲအား တွန်းပို့ထားသော လက်များက လုချီရှဲကို ပွေ့ဖက်သည့် ပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ပိုမိုရှင်းလင်းသောအသံများသည် ရေ၏အသံဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။
မိနစ်နှစ်ဆယ်အကြာတွင် လင်ကျိုး သည် လုချီရှဲ ၏အင်္ကျီကို ၀တ်ထားပြီး အဝတ်လဲခန်းရှိ ခုံတွင် ထိုင်ကာ ယန်မင် အဝတ်အစားများ ယူလာရန် စောင့်နေသည်။
လုချီရှဲ သည် ရေသောက်နေပြီး မျက်နှာချင်းဆိုင် ဗီရိုကို မှီ၍ သူ၏အကြည့်များက လင်ကျိုး၏ မျက်နှာပေါ် သို့စိုက်ကြည့်နေသည်။
လင်ကျိုး သည် သူ့ကို စိုက်ကြည့်ခံရရင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။
ရေချိုးခန်းထဲတွင် လုချီရှဲ၏လက်ကြောင့် လင်ကျိုးပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်ကို သတိရကာ သူ့မျက်နှာက နီရဲလွန်းလို့ ပူလာ သလို ပင်ခံစားရ၏။
သူပြောလိုက်သည့်အချိန်တွင် သူ့အသံက ပြာနေသေးသည်
"ဒီည ခင်ဗျားဘာတွေ အရူးထနေတာလဲ"
လုချီရှဲ သည် သောက်လက်စ‌ ရေဘူးတစ်ဝက် ကို ဖြည်းညှင်းစွာ ချလိုက်သည်- "ရုပ်ရှင်ရိုက်ပြီးရင် ကိုယ်နဲ့အတူ လာနေ။"
လင်ကျိုး သည် ဤကိစ္စကြောင့် ခေါင်းကိုက်ပြီးလုချီ ပြဿနာရှာနေသည်မှာ လည်းကြာလှပြီဖြစ်သည်။

"ဒါက အဆင်မပြေဘူး။ တစ်ယောက်ယောက် သိသွားရင် ဘယ်လိုလုပ်မလဲ။"
လုချီရှဲ- "ဘာအဆင်မပြေတာလဲ။ ကိုယ်နေတဲ့ပတ်ဝန်းကျင်က အရမ်းသီးသန့်ဖြစ်ပြီး မင်းနေတဲ့နေရာမှာထက် အများကြီးပိုကောင်းတယ်။"
လင်ကျိုး - "ကျွန်တော့်ရဲ့ အေးဂျင့်က ကျွန်တော့်ကို variety ရှိုးပွဲတစ်ခုရဖို့ ကူညီပေးခဲ့တယ်၊ ပြီးတော့ အဲဒါကို မှတ်တမ်းတင်ဖို့ ကျွန်တော့်အိမ်ကို လာရမှာ။ တကယ်ကို အဆင်မပြေဘူး။"
လုချီရှဲ: "မင်းလူ‌တွေ့သိမှာကို အရမ်းကြောက်နေတာလား။"
လင်ကျိုး : "... ကျိုးကြောင်းဆီလျော်ပြီးစဉ်းစားအုံး ။"

လုချီရှဲ - "သူတို့ သိမှာ မဟုတ်ဘူး။
ကိုယ်တို့က ပေါင်းသင်းဆက်ဆံရေးကောင်းလို့ အတူတူနေတယ်ဆိုတာ သိသွားရင်တောင် ဘာကိစ္စရှိလို့လဲ။ မင်း သာမလုံမလဲဖြစ်နေရင်ပေါ့"

လင်ကျိုး သည်ဆွံ့အသွားကာ
သူနဲ့ လုချီရှဲ တို့ဟာ ဒီလို မလျော်ကန်တဲ့ ဆက်ဆံရေးမျိုး ရှိတာမို့ သူကသာ မလုံမလဲဖြစ်သလို ခံစားနေရတာပင်ဖြစ်သည်။
လုချီရှဲ က "လာပါ ကိုယ်နဲ့ အတူနေ။" လင်ကျိုး က နှုတ်ဆိတ်နေ၏။
အချိန်အတော်ကြာပြီးနောက်၊ နောက်ဆုံးတွင် သူက ခေါင်းညိတ်သည် "ကောင်းပြီ၊ ဂျင်ကျဲ ကို ဘယ်လိုပြောရမလဲ စဉ်းစားရမှာပေါ့။"
"လင်ကျိုး"
လုချီရှဲ က သူ့နာမည်ကို ခေါ်လိုက်ကာ
"မင်း ရေကြောက်တာ ကိုယ်သိပါတယ် မင်း ခုနက ဘာလို့ ရေထဲခုန်ချခဲ့တာလဲ"
လုချီရှဲ က ဒါကိုပြောတဲ့အခါ ဒေါသထွက်သွားပြီး "ခင်ဗျားကြောင့်လိုပြောတာခံချင်သေးတာလား။ ခင်ဗျားကသာ ကျွန်တော့်ကို သေအောင်ခြောက်ဖို့ တမင်ရေထဲ ခုန်ချလိုက်တာကို ။"
လုချီရှဲ: "မင်းကြောက်သွားတာလား?" လင် : "နောက်တစ်ခါ အ ရူးထချင်နေရင်တောင်၊ တခြားနည်းနဲ့ လုပ်စမ်းပါ..." လုချီရှဲ က သူ့ကို စိုက်ကြည့်နေတုန်းပင် လင်ကျိုး က သူ့ခေါင်းကို ငုံ့ထား၏။

လုချီရှဲ ရဲ့ ရယ်မောသံကို သူ့ခေါင်းထက်မှာ ကြားလိုက်ရသည်။
သူ ခေါင်း မော့ကြည့်လိုက်တော့ အဲဒီလူဟာ နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်ပုံပေါ်နေတာကို တွေ့လိုက်ရ၏။
လုချီရှဲကလက်ကိုဆန့်ပြီး သူ့ပုခုံးတွေကို ဖက်လိုက်သည်
- "တောင်းပန်ပါတယ်"
လင်ကျိုး သည် မူလက သူ့ကို ကြိမ်းမောင်းချင်သော်လည်း သူ့မျက်နှာဘယ်ဘက်ခြမ်းမှာ အနည်းငယ်နီနေသေးသည်ကို သတိပြုမိပြီး ရှက်ရွံ့သွားပြန်သည်။
သူလုပ်လိုက်သော ရိုက်ခတ်မှုမှာ အလွန်ပြင်းထန်သည်ပင်။
လင်ကျိုး: "ခင်ဗျားမျက်နှာ နာနေသေးလား"
လုချီရှဲ က သိပ်ဂရုမစိုက်ဘဲလင်ကျိုး၏ဆံပင်တွေကို လက်ညိုးနဲ့ လှည့်ကာကစားနေ၏။
သူ့ဂရုမစိုက်ဟန်ရှိတဲ့ အကြည့်အောက်မှာ လင်ကျိုး ဟာ နားမလည်နိုင်အောင် နီရဲသွားပြန်သည်။
"ကျိုးကော မင်း ဘယ်မှာလဲ"
နောက်ဆုံးတွင်ယန်မင် ၏ အသံသည် အခန်းတွင်းရှိ အနည်းငယ်သိမ်မွေ့သော လေထုကို ရိုက်ခတ်သွားသည် ။

လုချီရှဲ သည် တံခါးဖွင့်ပြီး ထွက်သွားကာ အဝတ်အစားများကို လိုက်သည်။
ထို့နောက် တံခါးကိုပိတ်လိုက်ကာ လင်ကျိုး ထံသို့ ပေးလိုက်သည်။
လင်ကျိုး က သူ့အင်္ကျီကို ဆွဲတင်လိုက်ပြီး
"အရင်ထွက်သွားပေးအုံး ကျွန်တော်အဝတ်အစားလဲပြီးတာနဲ့ ချက်ချင်းထွက်လာခဲ့မယ်"
လုချီရှဲက သူ၏ အရာ အားလုံးကို မြင်ဖူးကြောင်း ထင်ရှားစွာ ခဲ့သော်လည်း ယခုတော့သူ ရှက်နေသေးသည်ပင် ။
လုချီရှဲ သည် သူ့ပတ်ဝန်းကျင်ကို ရွှတ်နောက်နောက်လှည့်ကြည့်ကာ ပြုံးလိုက်ပြီး ဘာမှမပြောဘဲအ ခန်းထဲက ထွက်သွားသည်။
ဆယ်မိနစ်လောက်ကြာတော့ သူတို့နှစ်ယောက် အပေါ်ထပ်က ဓာတ်လှေကားကို အတူတူ စီးခဲ့ကြသည်။
လုချီရှဲ သည် လင်ကျိုး ကို အခန်းတံခါးဝသို့ လိုက်ပို့ ပေးပြီး လင်ကျိုး ဝင်အား သတိပေးသည်
"အရမ်းနောက်ကျနေပြီ၊ မြန်မြန်အိပ်တော့"
လင်ကျိုး က ခေါင်းတညိတ်ညိတ်နှင့် တုံ့ဆိုင်းနေပြီး ရုတ်တရက် ထမေးသည် "ဆရာ လု၊ ခင်ဗျားမှာ တကယ် အတွေ့အကြုံမရှိဖူးလား"
လုချီရှဲ မျက်ခုံးပင့်လိုက်သည်။
လင်ကျိုး ၏ အသံသည် ပို၍ ဝိုးတဝါး ဖြစ်လာသည်- "...ခင်ဗျားအမှန် တကယ်တော့ အတွေ့အကြုံရှိတဲ့ ကားမောင်းသမား မဟုတ်လား။"
ရေချိုးခန်းထဲမှာပဲ ဒီလူက တော်တော်ကို ဆန်းပြားနေမှန်း သိသာပေမယ့် သူ့ကိုယ်သူ လည်းမသိမသာနဲ့ ရှက်နေခဲ့၏။
လုချီရှဲ ကျေနပ်စွာ ပြုံးလိုက်သည် ။ လင်ကျိုး က သူ့ရယ်သံကြောင့် စိတ်မသက်မသာ ခံစားလိုက်ပြီး "ခင်ဗျားဘာလို့ ရယ်နေတာလဲ"
လုချီရှဲ: "မင်းကိုယ့်ကိုထပ်ပြီးသံသယရှိပြန်ပြီလား"
လင်ကျိုး တခြားပြန်ပြောဖို့စောင့်မ နေဘဲ
" လောင်လင်က ဒီလိုပြောခဲ့တာကို၊ အဲဒီ့နယ်ပယ်မှာ ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုအတွက် မင်းရဲ့ ချီးကျူးမှုတစ်ခုအနေနဲ့ ကိုယ်မှတ်ယူလိုက်မယ်"
လင်ကျိုး သည် စကားဆက် ပြောရန် ရှက်လွန်းသဖြင့် အမြန်ဝင်ကာ "ကောင်းသောညပါ" ဟုပြောကာ တံခါးကိုပိတ်လိုက်သည်။
မိနစ်ဝက်အကြာတွင် လုချီရှဲ ထံမှ WeChat မက်ဆေ့ဂျ်ကို လက်ခံရရှိခဲ့သည်- "ကောင်းသောညပါ မနက်ဖြန်တွေ့မယ်"
လင်ကျိုး က နှုတ်ခမ်းကို တွန့်လိုက်ကာ ဖုန်းစခရင်ကို ပိတ်လိုက်၏။


***************†****************†***
အဟမ်း အဟမ်း ရေချိုးခန်းထဲမှာ မိနစ်နှစ်ဆယ် လောက် သူတို့ ဘာလုပ်နေကြလည်း ကိုယ်လည်းမသိဘူး
ကိုယ်ထင်တာတော့ လင်ကျိုးပြောခဲ့သလိုပဲ 🤚🤚

Btw ခုဆို novel က တစ်ဝက်ကျိုးသွားခဲ့ပါပြီ
𝙔𝘼𝙔!ーーーーー
    ☆  *    .      ☆
        . ∧_∧    ∩    * ☆
*  ☆ ( ・∀・)/ .
    .  ⊂         ノ* ☆
☆ * (つ ノ  .☆
         (ノ

Dark fire (暗火)  { COMPLETE }Where stories live. Discover now