ch 7

2.4K 318 2
                                    

Chapter 7 Hug Thigh 

နောက်တစ်နေ့မနက်မှာတော့ လင်ကျိုး ဟာ နောက်ထပ် လက်ထောက်ဒါရိုက်တာ တာဝန်ယူထားသော  အဖွဲ့ B သို့ သွားရောက် ရိုက်ကူးခဲ့သည်။

မွန်းလွဲပိုင်းတွင် သူသည် ဟယ်ကျင်းဖျင် တာဝန်ယူထားသော အဖွဲ့ A သို့ ပြန်လာပြီး  ဇာတ်ဆောင် မင်းသမီး မင်းသားများဖြင့်  အပြိုင် scene များကို ရိုက်ကူးခဲ့သည်။

လုချီရှဲက မနေ့ညက သရုပ်ဆောင်ရာမှာ အစမ်းကူညီလေ့ကျင့်ပေးထား၍ ဒီနေ့ရဲ့ ရိုက်ကူးရေးက ပိုချော‌ မွှေ့သွားသလို ဟယ်ကျင်းဖျင် ကလည်း သူ့ကို အရမ်းကျေနပ်နေသည်။

သူနဲ့ ယွီဖေးတို့ နှစ်ယောက်တည်း ရှိသည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် ဟယ်ကျင်းဖျင် က 'မဆိုးဘူး ရှောင်လင်  ၊ မင်းဒီနေ့လိုမျိုး ဆက်လုပ်သွားရင် အဆင်ပြေတယ်လို့ငါထင်တယ်
ချီရှဲ မနေ့ညက မင်းဆီကို အစမ်းလေ့ကျင့်‌ ပေးဖို့ လာသေးတယ်ဆို။'

လင်ကျိုး အနည်းငယ်ရှက်သွားပြီး 'ဆရာ လု က ကျွန်တော့် ကူညီပေးခဲ့ပါတယ်' ဟု ရှင်းပြခဲ့သည်။ဒါကိုနံဘေးရှိ ယွီဖေးက ကြားတော့  အတော်လေး အံ့အားသင့်သွားပြီး
'ဒါဆို မင်းတို့နှစ်ယောက် အဆင်ပြေကြတယ်ပေါ့
သူက ဒေါသကြီးတတ်လွန်းလို့မင်းကိုကျွမ်းကျင်အောင်သင်ပေးတယ်ဆိုတာ တကယ်အံ့ဩစရာဘဲ ။'

  လင်ကျိုး: "...ဒါရိုက်တာဟယ်ကသူကို ခိုင်းတာ လို့တော့ပြောတယ်."

ဟယ်ကျင်းဖျင်: "ဟေ့ , ချီရှဲက ငါကို ဆင်ခြေအနေနဲ့သုံးလိုက်တာကိုး
သူက မင်းကို သင်ပေးလိုစိတ်ရှိနေမှတော့ မင်း သူ့ဆီကနေကောင်းကောင်းသင်ယူလိုက်
သူနဲ့ ရင်းနှီးသွားရင်လည်းမင်းအတွက် ဆုံးရှုံးစရာမရှိဘူး အာ့လိုဆို မင်းအတွက်လည်းကောင်းတယ်

လင်ကျိုးသဘောတူရုံသာ တတ်နိုင်၏။

လုချီရှဲ သည် နေ့လည်နှစ်နာရီထိုးပြီးနောက် တွင်ရောက်လာသည်။ကားပေါ်ကဆင်းတော့ စတူဒီယိုအပြင်ဘက်မှာ ကောင်မလေးတွေ စုဝေးနေတာကို တွေ့လိုက်ရသည်။စတူဒီယိုရှေ့တွင် ဓာတ်ပုံရိုက်ဖို့ ကင်မရာတွေကိုင်ပြီး တစ်ဖက် အဆောက်အဦး၏ အထက်မြင့်ပေါ်သို့ တက်ကာကြဓာတ်ပုံရိုက်ရန် စောင့်ဆိုင်းနေတဲ့သူတွေလည်း ရှိသည်။

သူရဲ့လက်ထောက်က
' အများစုက ဆရာ လင်းရဲ့ ပရိသက်‌ တွေ ' လို့ ချောမွေ့ စွာပြောခဲ့သည်။

Dark fire (暗火)  { COMPLETE }Where stories live. Discover now