ch 19

1.9K 295 8
                                    

အခန်း ၁၉  


လင်ကျိုး သည် မူးဝေနေပြီး အဖျားတက်နေသေးသည်ဖြစ်သည် ။ ရေသောက်ပြီးနောက် ကုတင်ပေါ်သို့ မေး ထောက်ကာ မျက်လုံးကို အနည်းငယ် မှိတ်ထားလိုက်သည်။
လုချီရှဲ က သူ့ကို အများကြီး မနှောင့်ယှက်ဘဲ ကုတင်အခင်းအား ဖြောင့်ဖြူးညီညာအောင် ကူညီပေးခဲ့ပြီး- "အိပ်တော့ မင်းကို ကိုယ်စောင့်ပေးမယ်" လင်ကျိုး က
"မဟုတ်ဘူး၊ ဒီနေ့ ဆရာ လု ကို အရမ်းဒုက္ခ များစေခဲ့ပြီ။ ကျွန်တော့်လက်ထောက်ကိုပဲ စောင့်ခိုင်းလိုက်ပါ။ ဆရာလု ကမနက်ဖြန် ရုပ်ရှင်ရိုက်ရအုံးမှာ ဆိုတော့အရင် ပြန်နားသင့်တယ်။"
လုချီရှဲ သည်  ရပ်လိုက်ကာ ကုတင်ဘေးရှိ လျှပ်စစ်ခလုတ်ကို ငုံ့ကာ နှိပ်လိုက်ပြီး "မင်း ကိုယ့်အပေါ် ယဉ်ကျေးနေစရာ မလိုဘူး"
သူ့နဖူးကို ပုတ်လိုက်၏။
လင်ကျိုး က မျက်မှောင်ကြုတ်လိုက်သည်
လုချီရှဲ က "မင်း ဆေးချိတ် ပြီးဖို့ကနာရီဝက်ကျန်သေးတယ်၊ပြီးတာနဲ့ကိုယ် ပြန်လိုက်မယ် ။"
လင်ကျိုး က ဘာပြန်ပြောရမှန်းမသိချေ။
သူလုချီရှဲ နဲ့ ခပ်ခွာခွာနေချင်ပေမယ့် ဒီလူက ဒီနေ့ သူ့အသက်ကို ကယ်လိုက်ပြန်၏။
"မင်းကိုယ့်ကိုဘာလို့ဒီလိုကြည့်နေတာလဲ။"
လုချီရှဲ ကုတင်ပေါ်ပြန်ထိုင်လိုက်ပြီး "မင်းအသက်ကိုကယ်တင် ပေးလို့ ကိုယ့်အပေါ်  တစ်ခုခုအကြွေးတင်နေတယ်လို့ မင်းတွေးနေတာလား"
လုချီရှဲ - "ဒါဆို လဲမင်းကို အရင်အကြွေးတင်ခံလိုက်ရအောင်။ မင်းကိုယ့်ကို ဘယ်လိုပြန်ဆပ်စေချင်တယ်ဆိုတာ ကိုယ် စဉ်းစားပြီးတဲ့အထိ စောင့်နေလိုက်အုံး။"
လင်ကျိုးက စကားဆက်မပြော တော့ဘဲ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
အခကြေးငွေပေးဆောင်ပြီးနောက် ယန်မင် ပြန်လာသောအခါတွင် အသံတစ်ခုကြားရသည်။

  လုချီရှဲက ယန်မင် အား ညွှန်ကြားချက်ပေးသကဲ့သို့ စကားအနည်းငယ်ပြောလိုက်သည်။
လင်ကျိုး သည် အိပ်ငိုက်နေပြီး မျက်လုံးမဖွင့်နိုင်ဖြစ်ကာ မကြာမီ အိပ်မောကျသွားသည်။ ပြန်နိုးလာတော့.. နောက်နေ့မနက် ရောက်သွားပြီပင်။
အိပ်ရာကနိုးတော့ ဆရာဝန်ကသူ့အားလာ‌စစ်ဆေးသည်။
သူ့ကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားသည်။ အနည်းငယ် အားနည်း‌ နေတာကလွဲလို့ တခြားဆိုးရွားတဲ့ တုံ့ပြန်မှုမျိုးတော့ မရှိချေ။

နောက်တစ်ရက် ထပ်ပြီး စောင့်ကြည့်ပြီးမှသာ ဆေးရုံမှ ဆင်းနိုင်မည်ဟု ဆရာဝန်က ပြောလိုက်၏။
ယန်မင် ပြန်လာကာ သူ့လက်ကိုင်ဖုန်းနှင့် အခြားလိုအပ်သည့်ပစ္စည်းများကို ယူဆောင်လာခဲ့သည်။
ထို့ပြင် အပူခံ ဘူးကို ယူလာကာ ဖွင့်ကြည့်လိုက်သောအခါ ယာဂုနှင့် ကြက်သားစွပ်ပြုတ်ကို တွေ့လိုက်ရသည်။
ယန်မင် : "ဆရာလု  က ကျွန်တော့်ကို ပေးတာ 
မနက်ပိုင်းကမှ  အထူးချက်ခိုင်းထားတာလို့ ပြောတယ်၊ ကျိုးကောစားလိုက်သင့်တယ်"
လင်ကျိုး က ကူကယ်ရာမဲ့ "ဖွင့်လိုက်ပါ"လို့ပြောလိုက်ရ၏။
ထမင်းစားနေတုန်း သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းဂျင် နဲ့ ကျုံရိရန်တို့ နှစ်ယောက်လုံးက သူ့ဆီကို မက်ဆေ့ခ်ျတွေ ပို့ထားကြသည်။
အဖွဲ့ထဲက တခြားသူတွေကလည်း သူ့ကို သတင်းမေးထားကြ၏။

ယန်မင်ဆီသို့ ကျန်းဂျင်က ဖုန်ခေါ်ထားကာ ခန နေဆေးရုံသို့ ရောက်လာမည်လို့ပြော၏
"ရန်ကော လည်း မနေ့ညက ဖုန်းဆက်လို့ ကော အဖျားရှိလို့ ဆေးရုံ‌‌တင်ထားရတယ်လို့ ပြောလိုက်တယ်"
လင်ကျိုး က ခေါင်းညိတ်ပြီး "ဒါက ဘယ်မှာလဲ?"
ယန်မင် - "ဒါက ပုဂ္ဂလိကဆေးရုံပါ။ ညတုန်းက ဆရာ လုကကောကို ဒီကိုပို့ဖို့ ဆက်သွယ်ထားခဲ့တာ။"
လင်ကျိုး သည် ယာဂုကို ပါးစပ်ထဲ တိတ်တဆိတ် မျိုချလိုက်သည်။
လုချီရှဲ ကို တကယ်ပင် ကျေးဇူးတင်ခဲ့ရပါမည်။
ဆယ်နာရီထိုးခါနီးတွင် ကျုံရိရန် သည်ဆေးရုံ အခန်း တံခါးဝတွင် ပေါ်လာသည်။
လင်ကျိုး  သူ့ကိုမြင်သောအခါ အလွန်အံ့အားသင့်သွားသည် "captain၊ ဒီမှာဘာလို့ရှိနေတာလဲ နိုင်ငံခြား ကနေ မနက်ဖြန်မှ ပြန်လာရမှာမဟုတ်ဘူးလား"

"ဘာမှလုပ်စရာမရှိလို့ စောစောပြန်လာခဲ့တာ"
ကျုံရိရန် က သူ့မျက်နှာကို ခဏလောက်ကြည့်ပြီး စိုးရိမ်စိတ်နဲ့ မေး၏ "မင်းအဖျားပျောက်ပြီလား"
"ပိုကောင်းပြီ" လို့ လင်ကျိုး ကပြန်ပြော၏။
ကျုံရိရန် ဟာ မနက်ခင်းမှာ အစောဆုံးလေယာဉ်နှင့် စီးလာခဲ့ပြီး လေယာဉ်ပေါ်ကဆင်းပြီးတာနဲ့ ဆေးရုံကိုတန်း လာခဲ့တယ်ဆိုတာ သူသိလိုက်ရသည်။
ကျုံရိရန် ကိုမြင်လိုက်ရတော့ လင်ကျိုးက တော်တော်ကို သက်သာသွားသလိုခံစားလိုက်ရ၏။
ကျုံရိရန် က ကုတင်ဘေးမှာထိုင်ပြီး သူနဲ့ စကားပြောနေသည်။
မနေ့က ရိုက်ကူးရေးနေရာမှာ ရေနစ်တော့မလို ဖြစ်သွားကြောင်း ပြောပြလိုက် သောအခါ
"မင်းက ဘယ်လိုဖြစ်လို့ သတိမထားရတာလဲ"
လင်ကျိုး က "ဒါက မတော်တဆဖြစ်သွားတာ မြစ်ရေက တော်တော်ကြည်ပါတယ်။ မဟုတ်ရင် ဒါရိုက်တာက ဒါကို  ရိုက်ကူးဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ ကျွန်တော် ရေထဲ ဆင်းပြီးရင် ကံဆိုးလိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ။
ရေ‌ မှော်ပင်တွေထဲ နစ်မြုပ်သွားပြီး ကြိုးကလူ ကိုပြန် မဆွဲချနိုင်တော့တာ။"

ကျုံရိရန် : " လုချီရှဲ မင်းကို ကယ်ခဲ့တာလား "
လင်ကျိုး အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်
"အင်း  အဲဒါသူပဲ"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျုံရိရန် က "ကံကောင်းလို့  သူက မြန်မြန်ဆန်ဆန်မင်းကို ကယ်ခဲ့လို့ ကိုယ် သူ့ကို နောက်မှကောင်းကောင်း ကျေးဇူးတင်ကြောင်း ပြောလိုက်မယ်"
လင်ကျိုး: "အင်း။"
နောက်တော့ အကြောင်းအရာပြောင်းပြီးထိုအကြောင်းကို ပြန်မပြောတော့ ချေ။
နောက်နှစ် အစောပိုင်း ဖျော်ဖြေပွဲ ဖျော်ဖြေရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး လင်ကျိုး က ဝမ်းသာအားရနဲ့ မေး၏ "နေ့စွဲနဲ့ ရုံနေရာတော်တော်များများကို ကြိုတင်စာရင်းသွင်းထားတယ်လို့ ကြားတယ်ဟုတ်လား"
ကျုံရိရန် - "အင်း၊ ကိုယ်နှစ်ခုကို အရင်လက်မှတ်ထိုးပြီးသွားပြီ။ အဲဒါတွေကို စောစောကြိုတင်ဘိုကင်တင်ထားလိုက်တာက ကိုယ်တို့ လေ့ကျင့်ဖို့ အချိန်ရတယ်လေ။
နောက်မှ လောလောနဲ့ မလေ့ကျင့်ရအောင် ရုံကို အရင်အပြီးသတ်သင့်တယ်လို့အစ်ကို လျို ကပြောတယ်လေ "
ကျန်းဂျင် နှင့် လျိုတာအို  တို့သည် နောက်ဆုံးအကြိမ် စကားများရန်ဖြစ်ပြီးနောက် လျိုတာအို က ၎င်းတို့လေးဦးအား CL ရေမွှေးထောက်ခံချက်လက်မှတ်ထိုးရန် ကူညီခဲ့သေးသည်။
ကျန်းဂျင်ကလည်း T&G နှင့် သဘောတူညီမှုရရှိလုနီးပါးဖြစ်သည်။
အားလုံးပျော်ရွှင်နေကြပုံရသည်။
ရှက်စရာ ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့အားလုံး အမြတ်ကိုယ်စီ ရခဲ့သည်ပင်။

  ကျန်းဂျင် သည် အသက် ပင်ဝဝမရူရဘဲ Wei ပရိသတ်များ၊ Tuan ပရိသတ်များနှင့် CP ပရိတ်သတ်များကြားတွင် ရန်ဖြစ်မှုများ အများအပြားဖြစ်ပွားခဲ့သည့် သတင်းနှင့် လူထုအမြင်ကို လမ်းကြောင်းလွှဲရန် ပြန် အလုပ်ရှုပ်ခဲ့ရသည်။
ဒီအတောအတွင်း သူတို့နှစ်ယောက်ဟာ အယ်လ်ဘမ်အသစ်ကို အတူတူရိုက်ကူးပြီး ဖျော်ဖြေပွဲအတွက် ပြင်ဆင်ခဲ့ကြသည်။
လင်ကျိုး ဟာ လူတိုင်းရဲ့ စည်းလုံးညီညွတ်မှုဟာ အရင်ကထက် ပိုမိုခိုင်မာလာတယ်လို့ ခံစားခဲ့ရ၏။
အနာဂတ်မှာ ဘာပဲဖြစ်လာပါ‌ စေ အနည်းဆုံးဖျော်ဖြေရေးခရီးကိုတော့  အောင်မြင်စွာပြီးမြောက်နိုင်မယ်လို့ မျှော်လင့်ခဲ့သည်ပင်။
ခဏကြာ စကားပြောပြီးနောက် သူနာပြုဆရာမသည် လင်ကျိုးအား သွေးကြောမှ ဆေးအပ် ပြန်နှုတ်ပေးဖို့အတွက် ကူညီပေးရန် ရောက်ရှိလာပြီးနောက် ကျုံရိရန်လည်း ဖုန်းခေါ်ဆိုရန် အပြင်သို့ ထွက်သွားသည်။
ကုမ္ပဏီမှ ဖုန်းခေါ်လာသည် ဖြစ်ပုံရပြီး အသံများ ပြတ်တောင်းပြတ်တောင်း ကြားလာရသည်။
လင်ကျိုး က ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ကျုံရိရန် ၏ လေသံမှာ သိပ်မကောင်းမှန်း သူ ခံစားလိုက်ရသည်။
နောက်ထက် ပြန်ခေါ်လာပုံရပြီး မိနစ်နှစ်ဆယ်ကျော်ကြာ ဆက်ပြောနေပုံရပြီးနောက် ဖုန်းချလိုက်သည်။
ကျုံရိရန် ပြန်ဝင်လာတော့ သူ့အမူအရာက ပိုပြီး လေးနက်လာ၏
၊ သူလုပ်စရာရှိလို့ အရင်ပြန်ထွက်သွားရမယ်လို့ လင်ကျိုး အ ပြောလိုက်သည်။ လင်ကျိုး က သူ့ကို တားလိုက်ပြီး "ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေတာလား?"
ကျုံရိရန် က ဘာမှပြန်မပြောဘဲ ချီတုံချတုံဖြစ်နေတာကို မြင်လိုက်ရတော့ လင်ကျိုး က
"ကျွန်တော်နဲ့ ပတ်သတ်တာရှိရင် ကျွန်တော်ကိုပြောပြပါ
မဟုတ်လည်းအနှေးနဲ့အမြန် သိမှာဘဲ"
ကျုံရိရန် က ပြန်ထိုင်ပြီး ကူကယ်ရာမဲ့နဲ့ "မင်းနဲ့ဘာမှမဆိုင်ဘူး၊  ကျန်းရွှိန် ရဲ့ အကြောင်းပဲ"
လင်ကျိုး: "သူ ဘာဖြစ်လို့လဲ။" ကျုံရိရန် - "လျိုကောက ကိုယ့်ကိုဖုန်းဆက်ပြီး ကျန်းရွှိန် က ကုမ္ပဏီကို လာမယ့်နှစ် ဇန်နဝါရီလမှာ သက်တမ်းကုန်တဲ့အခါ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ဒီနေ့ပဲပြောခဲ့ပါတယ်။"
လင်ကျိုး အံ့အားသင့်သွားသည်။

"သူ စာချုပ်သက်တမ်းမတိုးဘူးလား" ကျုံရိရန် : "အင်း၊ သူ့စာချုပ်က ကိုယ်တို့အဖွဲ့မှာ ပထမဆုံး သက်တမ်းကုန်တာ။ သူ့မှာ ကုမ္ပဏီပြောင်းဖို့ စိတ်ကူးရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ လျိုကော က သူ့ကို အရင်တုန်းက မေးတုန်းကလည်း သူက ဆက်ချုပ်မယ်လို့ပြောခဲ့တာ ။ လက်မှတ်မထိုးရသေးပေမယ့် သက်တမ်းမတိုးတော့ဘူးလို့ ရုတ်တရက်ကြီးပြောလာတော့ အမှန်အတိုင်းသိရအောင် အချိန်အတော်ကြာ ဖုန်းခေါ်ပြီး မေးကြည့်တော့ သူကို တခြားကုမ္ပဏီက  ကမ်းလှမ်းတဲ့ အခြေအနေတွေကို ပြောပြတယ်။ ကုမ္ပဏီက အရမ်းကောင်းလို့သူ သွေးဆောင်ခံရတာ မဆန်းပါဘူး။
သူအခုထိ အမှန်အတိုင်းပြောဖို့  ချီတုံချတုံဖြစ်နေတုန်းပဲ၊
လျိုကောက  ဒီနေ့ ဖျော်ဖြေပွဲကျင်းပဖို့ စာချုပ်တွေ စတင်ချုပ်ဆိုမယ်လို့ ကြားလို့သာ  အဲဒါကို အမြန်ပြောပြခဲ့တာ။"
လင်ကျိုး - "... ကျွန်တော်တို့ ဖျော်ဖြေပွဲကရော ဘယ်လိုလုပ်မှာလဲ။"
ကျုံရိရန် - "ကိုယ် ဒီကိစ္စကို လျိုကောနဲ့ ပြန်ပြီး ဆွေးနွေးလိုက်အုံးမယ်။
စိတ်မပူပါနဲ့ ကျန်းရွှိန်မပါဘဲနဲ့တောင် ဖျော်ဖြေပွဲက ကျင်းပနိုင်ပါသေးတယ်။" လင်ကျိုး က ပြောစရာမရှိပေ။
ကျုံရိရန် ထွက်သွားပြီးနောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်သည် ။လွန်ခဲ့သည့် မိနစ်အနည်းငယ်က ကျန်းရွှိန် က ၎င်းတို့ငါးဦး၏အဖွဲ့ထံသို့ ရှည်လျားသော မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။
သူ့ကိုလာရောက် scout လုပ်သူမှာ Shangxun Video မှ ပံ့ပိုးထားသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Xingyao Media၊ဖြစ်ပြီး
စာချုပ်အရ လက်ရှိကုမ္ပဏီက သူ့ကို အမြတ်ခွဲဝေမှု ဒါမှမဟုတ် တခြားအခြေအနေတွေကို မပေးနိုင် ချေ။
ပိုမြင့်တဲ့ နေရာကို ရောက်ချင်တာက လူ့သဘာဝဖြစ်တာမို့ သူ့လည်းဒီလိုလုပ်ရုံက လွဲလို့ မရှိပေဟုပြောထားသည်။
သူ့ကို နားမလည်ပေးချင်တောင်မှ မပြစ်မတင်ဖို့ ‌လည်း ပြော နေ၏
အဖွဲ့ထဲတွင် သူ့အား ထိပ်တိုက် ဖြေရှင်းနေသည့်သူမှာ ချီလျန်ကျုံ တစ်ယောက်တည်းသာ ဖြစ်ပြီး ကျုံရိရန်နှင့် သိန်လန်လော် တို့ က တုံ့ပြန်ထားခြင်းမရှိ ပေ။
လင်ကျိုး ရုတ်တရတ် ပျင်းလာပြီး စာမပြန်ချင်တော့၍ ဖုန်းကို ချပစ်လိုက်သည်။
ကျုံရိရန် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကျန်းဂျင် လည်း ဆေးရုံကို ရောက်လာခဲ့သည်။
ဝင်ရောက်လာသောအခါတွင် သူသည် လင်ကျိုး ၏ ပကတိအခြေအနေအကြောင်း ဦးစွာမေးမြန်းခဲ့ပြီး ယမန်နေ့က မတော်တဆမှုနှင့်ပတ်သက်၍ ရိုက်ကူးရေးအဖွဲ့သားများနှင့် ညှိနှိုင်းခဲ့ပြီး လူသိရှင်ကြားတောင်းပန်ကာ လျော်ကြေးငွေအချို့ပေးမည်ဟု ပြောဆိုခဲ့သည်။
လင်ကျိုး က စကားအနည်းငယ်ပြောပြီးနောက် ကျန်းဂျင် က ရုတ်တရက် "မင်းနဲ့ လုချီရှဲ ကြားမှာ ဘာတွေ ရှိနေတာလဲ?"
လင်ကျိုး: "Ah? ဘာမှမရှိပါဘူး..."
ကျန်းဂျင် က မယုံခဲ့ချေ
"ဘာမှမရှိပါဘူး၊ ဟုတ်လား
သခင်ငယ်လေးက မင်းကိုကယ်တင်ဖို့ ပထမဆုံး ရေထဲ‌တောင်ငုပ်ဆင်းခဲ့တာလေ"
လင်ကျိုး က “သူက ကြင်နာတတ်ပြီး သူများ ဒုက္ခရောက်နေတာကို  မြင်တဲ့အခါရဲရဲရင့်ရင့် ကူညီပေးရတာကို သူဝါသနာ ပါတယ်လေ ” လို့ လင်ကျိုးက နေရခတ်စွာ ပြောခဲ့၏။
ကျန်းဂျင် က လည်းဒါကို ယုံဖို့‌မပြောနှင့် သူကိုယ်တိုင်တောင် မယုံပေ
ကျန်းဂျင် : "အရင်က မင်းနဲ့ကစားချင်ရုံပဲ လို့ ကျဲထင်ခဲ့တာ ဒါပေမယ့် အခု တော့ သူမင်းကိုတကယ်စိတ်ဝင်စားနေတာလို့ထင်တယ်
ကျဲမင်းကို ဘာမှ မလုပ်ခိုင်းပါဘူး။
သူနဲ့ သူငယ်ချင်း ကောင်း လုပ်ရတာမင်းအတွက်အဆင်ပြေပါတယ်။
ပြီးတော့ သူကလည်း မင်း တစ်ယောက်အပေါ် စွဲစွဲလမ်းလမ်းဖြစ်နေတာလေ
ပြီးတော့  မင်းရဲ့ပရိသတ်တွေကြားမှာ လူကြိုက်များနေကြတာ ရောမင်းသိလား"
လုချီရှဲ: "ဘာလို့လဲ?"
ကျန်းဂျင် : "ဘာလို့လဲ ဟုတ်လား၊ မနေ့က မင်းရဲ့အသက်ကို ကယ်ခဲ့တာကို ထည့်မတွက်နဲ့အုံး။
သူ့ရဲ့ ငွေရေးကြေးရေး နောက်ခံကြောင့် မင်းရဲ့ ပရိသတ်တွေက သူနဲ့ သူငယ်ချင်းဖြစ်နေတာမင်းအတွက် အရှုံးမရှိဘူးလို့ ထင်နေကြတယ် လေ။ Wei ပရိသတ်တော်တော်များများက မင်းနဲ့သူ့ရဲ့ CP လမ်းကြောင်း နောက်ကို လိုက်နေကြပြီ။
ပြီးခဲ့တဲ့ တစ်ခေါက်က မင်းရဲ့တစ်ကိုယ်တော်အနုပညာကို  အားပေးနေတဲ့ ကောမန့် ကို  like သွားလုပ်တာမို့မင်းရဲ့ CP ပရိသတ်တွေနဲ့ အဖွဲ့ပရိသတ်တွေရဲ့ ကဲ့ရဲ့ပြစ်တင်တာကို ခံခဲ့ရပေမယ့် မင်းရဲ့ဝေ့ပရိသတ်တွေက အရမ်းပျော်နေကြတယ်၊ မင်းပြောတဲ့ ဘာလို့လဲ ဆိုတာက ဒီဟာကို ဆိုလို ချင်တာဘဲ"
လင်ကျိုး က စကားသိပ်မပြောတော့ချေ။
ကျန်းဂျင် က စကားရပ်လိုက်ပြီး "ကျန်းရွှိန် က စာချုပ်သက်တမ်းမတိုးဘဲ ကုမ္ပဏီ ပြောင်းမယ်ဆိုတာမင်းသိလား" လင်ကျိုး က ရွဲ့စောင်းကြည့်ရင်း "ကျွန်တော်ကြားပြီးပြီ"
ကျန်းဂျင် - "အိုး၊ သူက လက်တွေ့ဆန်တာဘဲ။
သူက မင်းရဲ့အဖွဲ့ကနေ နာမည်ယူပြီး ထွက်သွားဖို့ စပယ်ယာတစ်ခုအနေနဲ့ သုံးလိုက်တာဘဲ။ ဒါပေမယ့် မပြောတော့ပါဘူး။ လက်တွေ့ဆန်တာတော့ မမှားပါဘူး လေ။ အနည်းဆုံးတော့ သူက ဉာဏ်ကောင်းတယ်။"
လင်ကျိုး က နှုတ်ဆိတ်နေပြီး ပြန်မဖြေ။ ကျန်းဂျင် သည် ဤနေရာတွင် အကြာကြီး မနေဘဲ သူမ အလုပ် ရှိသေးသည် ။
လင်ကျိုး နှင့် ပြဿနာ ကြီးကြီးမားမား မရှိသည်ကို တွေ့လိုက်ရသဖြင့် ယန်မင် ကို ဂရုစိုက်ရန် ပြောကာ ထွက်သွားပြန်သည်။
လင်ကျိုး သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အကြောများပင် တက် လာသည်။
သူသည် ပျင်းရိစွာဖြင့် ဖုန်းကြည့်နေလိုက်သည်။
ယမန်နေ့က ရိုက်ကူးရေးတွင် သူ ရေနစ်လုနီးပါး ဖြစ်ခဲ့ပြီး လုချီရှဲ သူ့အသက်ကို စွန့်စားပြီး လင်ကျိုးကို ကယ်တင် ခဲ့ ‌‌ သောအဖြစ်အပျက်သည် Weibo တွင် ရေပန်းစားနေပြီဖြစ်သည်။

ကလစ်နှိပ်လိုက်တာနဲ့ ရုပ်သံစီးရီးရဲ့တရားဝင်ဘလော့ဂ်မှာ တင်ထားတဲ့ တောင်းပန်စကား အား တွေ့လိုက်ရသည်
သူက ထိုပို့စ်အား forward လုပ်ကာ
ရိုက်ကူးရေးအဖွဲ့သားများအား မျက်နှာသာပေးခဲ့ပြီး လုချီရှဲကို နောက်တစ်ခါထပ်ပြီး ကျေးဇူးတင်လိုက်သည်။
ထို့နောက် ပို့စ်၏ အောက်ရှိ အသက်ရူ အောင့်ကာ ရေးသား ထားတဲ့ ပရိသတ်တွေကို သဘောကျနှစ်သိမ့်စေခဲ့သည်


လုချီရှဲ က သူ့ကို ကယ်တင်တဲ့ ဗီဒီယိုဟာ လူသိများတဲ့ ရှာဖွေမှုစာရင်းမှာ ပါဝင်နေတာကြောင့် လင်ကျိုး က အဲဒီကို နှိပ်လိုက်သည်။
ဗီဒီယိုအစတွင် လုချီရှဲ သည် သူ့လက်နှစ်ဖက်ကိုပိုက်ကာ မြစ်ကမ်းဘေးတွင်ရပ်နေပြီး ရေထဲသို့ဝင်မည့်လမ်းကြောင်းကို စိုက်ကြည့်နေသည်။
ခဏအကြာတွင် လုချီရှဲ က သူ့ကိုဆွဲထုတ်ရန် တစ်စုံတစ်ယောက်အား အော်ပြောလိုက်သည်။
ဝါယာ သည် အကြိမ်အနည်းငယ်ဆွဲသော်လည်း ထပ်ဆွဲလို့မရသည်ကိုမြင်တော့ လုချီရှဲ ဟာ သူ့ရဲ့ဝတ်စုံကို ချွတ်ဖို့ အချိန်တောင်မရှိတာကြောင့် ဖိနပ်ကို ချွတ်ချလိုက်ပြီး ရေထဲကို တိုက်ရိုက်ခုန်ချခဲ့၏။
အဲဒီနောက်မှာတော့ ဆိုင်ဝန်ထမ်းတွေက သူ့နောက်ကို တယောက်ပြီး တယောက် လိုက်လာခဲ့ကြသည်။
နှစ်မိနစ်အကြာမှာတော့ လုချီရှဲ က သူ့ကို ဆွဲယူ လာခဲ့သည်။
လုချီရှဲ က သူ့ကို ပွေ့ချီပြီး တခြားသူတွေရဲ့ အကူအညီနဲ့ ကမ်းပေါ်ကို ခေါ်ဆောင်သွားသည်။ .
မိနစ်အနည်းငယ်ကြာသည့် ဗီဒီယိုသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီးလင်ကျိုး သည် ခဏတာ အံ့အားသင့်သွားကာ ရှုပ်ထွေးသွားသည်ဟု ခံစားရသည်။ သူနှင့် လုချီရှဲ အကြား cp super chat လင့်ခ်ကို မြင်လိုက်ရသည်နှင့် သူဝင်လုနီးပါးပင်။
ယခင်က ဤစူပါချတ်တွင် လူနှစ်ထောင်သာ အာရုံစိုက်ခဲ့သော်လည်း ယခုအခါ လူအရေအတွက်သည် 100,000 နီးလာကာ စူပါချက်တင်အဆင့်မှာလည်း ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
နှစ်ဆယ်။ "ကောင်းကင်က Yyds! လှပတဲ့အချစ် szd!!" "မဟာမိစ္ဆာဘုရင်က အချစ်အတွက် သူ့အသက်ကို တကယ်စတေးခဲ့တယ်၊ အိုး အို အို [သူ့မျက်နှာမှာ မျက်ရည်တွေ စီးကျလာတယ်]" "လင်းချီလင် အရမ်းတော်တဲ့ KYJ ကို စောင့်နေတဲ့ ငါ့နှလုံးသားက ဒီတစ်ခါတော့ တကယ်ကို kdl ပဲ!"

ဖန်သားပြင်မှာ ဒီလို မှတ်ချက်တွေ အပြည့်နဲ့ ပင်။
ကျန်းဂျင် က သူ့ကို လိမ်‌ ပြောခဲ့တာ မဟုတ်ချေ။ သူနဲ့ လုချီရှဲ ကြားက CP က တကယ်ကို နာမည်ကြီးလာ၏။ လင်ကျိုး သည် Weibo ကို ပိတ်လိုက်ပြီးအနည်းငယ် ထူးဆန်း သ ည်ဟု ခံစားလိုက်ရသည်။
လုချီရှဲ က WeChat မက်ဆေ့ချ်တွင် "မင်း Weibo မှာကိုယ့်ကို ကျေးဇူးတင်ထားတာလား?"
လင်ကျိုး က "ဒါဖြစ်သင့်တာပဲ‌ လေ။" လုချီရှဲ: "Tsk"
လုချီရှဲ က "လောင်လင်က ကိုယ့်ကို ကျေးဇူးအများကြီးတင်ချင်နေရင် မင်းကိုယ်မင်း ပါဆယ်လေး ထုတ်ပြီးကိုယ့်ကို ပေးလိုက်လေ။ "


(T/N Good night ပါ)

Dark fire (暗火)  { COMPLETE }Where stories live. Discover now