ch 25

1.8K 290 10
                                    

အခန်း 25 ပျော်ရွှင်ပါစေ။


လင်ကျိုးအိပ်မပျော်လောက်ဟု ထင်ခဲ့‌သော်လည်းတစ်ညလုံး ကောင်းမွန်စွာ အိပ်ပျော်သွားကာ နံနက် ခုနစ်နာရီကျော်သည်အထိ အိပ်ရာက မထနိုင်သေးပေ။
အကြောင်းကြားချက်အရ ယနေ့ ဆယ်နာရီကျော်တွင် ရိုက်ကူးရေးစမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်  သူအလုပ်မနောက်ကျခဲ့ချေ။

ရေချိုးနေစဉ်အတွင်း လုချီရှဲမှ WeChat မက်ဆေ့ခ်ျတစ် စောင်ပို့လာပြီး
သူ အိပ်ယာထပြီလားဟု မေးလာသည်။

လင်ကျိုးမနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို တွေးကာကိုယ့်နံဖူးကိုယ် ပြန်ရိုက်မိကာ အနည်းငယ် စိတ်ညစ်သွားမိသည်။
သူပြန်စာပို့ဖို့ တုံ့ဆိုင်းနေ၏။
ထို့နောက် အကောင့်မှ logg out လုပ်လိုက်သည့်အခါ wechat ၏ မက်ဆေ့စ်ဘောက်စ်တွင် အမြဲရှိ နေသည့် Avatar ကို ဗလာသက်သက်ကြည့်နေပြီးနောက်
ဖုန်းစခရင်ကို ပိတ်လိုက်သည်။

ရိုက်ကူးရေးသွားမည့်လမ်းမှာ နာရီကားထဲတွင်သာ မနက်စာစားခဲ့၏။
ယန်မင် က သူ့ကို အစားအသောက်တွေ ပေးအပ်ပြီး
"ဆရာ လုက တစ်ယောက်ယောက်ကိုလာပို့ခိုင်းလိုက်တာ
ဒီနေ့ကစပြီးကျိုးကော သူနဲ့အတူတူထမင်းသုံးနပ်လုံးအတူတူစားမယ်တဲ့ ရိုက်ကူးရေးက ထမင်းကို မစားနဲ့လို့လဲပြောခိုင်းလိုက်သေးတယ်"

လင်ကျိုး က ဘာမှ မပြောဘဲ အစားသောက်တွေကိုသာ ယူလိုက်သည် ။

ရှစ်နာရီတွင် သူ ဝတ်စုံလဲလိုက်ကာ  မိတ်ကပ်နှင့် ဆံပင်ကို စပြင်ခဲ့သည်။

လုချီရှဲ က မိနစ်နှစ်ဆယ်အကြာမှ ရောက်လာသည်။
လင်ကျိုးက သူ့အားမှန်ထဲမှတဆင့်လှမ်းကြည့်လိုက်သောအခါ လုချီရှဲက သူ့အား စူးစိုက်စွာကြည့်နေသောကြောင့် သူအကြည့်လွှဲလိုက်၏။
လုချီ က စားပွဲတင်ခုံကို မှီကာ  သူ့ကိုကြည့်နေပြန်သည်။
သူ ကို စိုက်ကြည့်နေသည်အား လင်ကျိုး စိတ်မသက်မသာ ခံစားရပေမယ့် စကားတစ်ခွန်းမှ မပြောခဲ့ချေ။

လုချီရှဲ က သူ့နှုတ်ခမ်းကို ကောက်ကွေးလိုက်ပြီး

"မနက်စာစားပြီးပြီလား"
လင်ကျိုး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
လုချီရှဲ က သူ့ကို ခဏလောက် ကြည့်ကာ ငုံ့ပြီးလင်ကျိုး၏ ဆံပင်အား လက်ညိုးဖြင့် ပွတ်သပ်လိုက်သည်။
လင်ကျိုးလှည့်လိုက်သောအခါ သူ့ဘေးရှိလူကမိတ်ကပ်ပညာရှင်ကို ပြော‌ နေသည်အားကြားလိုက်၏။
" ဆံပင်တုကို အရမ်းဆွဲမထားနဲ့သူ့ဦးရေပြားကို တင်းကျပ်သွားလိမ့်မယ်"

မိတ်ကပ်ပညာရှင်က မှန်ထဲမှ လင်ကျိုးရဲ့မျက်နှာကို သေသေချာချာကြည့်ရင်း ပြုံးပြီး
"ကောင်းပြီ သူ့အတွက် နည်းနည်းဖြေပေးလိုက်ပါ့မယ်။"
လင်ကျိုး က ဘာမှ မပြောဘဲ နှုတ်ခမ်းကို အနည်းငယ် သပ်လိုက်သည်။
မိတ်ကပ်နဲ့ ဆံပင်တွေ ပြင်ပြီးတာနဲ့ မိတ်ကပ်ပညာရှင်က  ထွက်သွားပြီး ယန်မင်က လည်း အပြင်ထွက်သွားသည်မို့သူတို့နှစ်ယောက်တည်းသာ ကျန်ရှိတော့၏


လင်ကျိုးရဲ့ scene ကမရိုက်သေး ချေ။ အပြင်မှာ နေပူလို့  မထွက်ချင်တော့တဲ့အတွက် စားပွဲမှန်တင်ခုံရှေ့မှာ ထိုင်ပြီးဖုန်းကြည့်နေလိုက်သည်။

လုချီရှဲ က သူ့ရှေ့မှာ မတ်တတ်ရပ်ပြီး "မနက်က ကိုယ့်ကို ဘာလို့ စာမပြန်တာလဲ" လို့ မေး၏။

လင်ကျိုး: "ကျွန်တော်မမြင်လိုက်လို့"

လုချီရှဲ: "မင်းတကယ်မမြင်ဘူးလား?"

လင်ကျိုး က တည်ငြိမ်စွာပြောသည် "အင်း"

လုချီရှဲ က သူ့ကို ထုတ်ဖော်မပြဘဲ

"မနေ့ညက ပြောခဲ့တာကို မှတ်မိလား"

ဟု မေးသည်။
လင်ကျိုး က သူမူးနေလို့ ပြောခဲ့တာကို မမှတ်မိတော့ဘူးလို့ ပြောချင်ပေမယ့် လုချီရှဲ က သူ့ကို အခွင့်အရေးမပေးဘဲ "ကိုယ်နဲ့တွဲဖို့ မင်းသဘောတူလိုက်တယ်၊လေ ။"

"..."

လင်ကျိုး က ရှက်သွားပုံပေါ်၏။
အခုနောင်တရဖို့ အရမ်းနောက်ကျနေပြီလား။

လုချီရှဲ က  လက်ညိုးနဲ့ လင်ကျိုး၏ပါးအားထပ်ပုတ်လိုက်ပြီး

"နောင်တရလို့လား?"

လင်ကျိုး: "မဟုတ်ပါဘူး"
လုချီရှဲ က အောက်ကိုငုံ့ကိုင်းလာကာ နောက်တစ်ကြိမ်သူနှင့် နီးကပ်လာသည်။
ထို့နောက် သူ့လက်ချောင်းတွေနဲ့ အခုနကမှ ထိထားသောနေရာအား အမြန်နမ်းလိုက်၏။
လင်ကျိုး ဟာ လုံးဝပြင်ဆင်မရသေးဘဲ အနမ်းခံလိုက်ရပြီးနောက် သုသတိပြန်ရလာခဲ့သည်။
သူလှည့်ကြည့်လိုက်သော အခါ  လုချီရှဲ ရဲ့ ပြုံးနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရသည်။
လုချီရှဲ က သူ့ကို ကြည့်ပြီး
"ဘာလဲ နမ်းလို့မရဘူးလား?"
လင်ကျိုး: "အရမ်းမြန်နေတယ်မဟုတ်လား?"
လုချီရှဲ - "လင်ကျိုး ၊ မင်းက မူလတန်းကျောင်းသားများလား အခုခေတ် မူလတန်းကျောင်းသားတွေတောင်မှ မင်းထက် ပိုမြန်လောက်တယ်"
လင်ကျိုး က သူ့လေသံကို မခံမရပ်နိုင်ဖြစ်ပြီး
"ခင်ဗျား အကျင့်ပျက်နေတာ ဒီလောက်နဲ့တော်နိုင်မလား။"

လုချီရှဲ က သူ့အမူအရာကြောင့် ရယ်မောသွားပြီး
ယခုတစ်ကြိမ်တော့ နှုတ်ခမ်းကို တိုက်ရိုက်နမ်းလိုက်၏။
လင်ကျိုး အံ့အားသင့်သွားပြီးနောက် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သည် ။

ခွက်ကိုချချလိုက်သောအခါတွင် ခြောက်သွေ့နေသော သူ့နှုတ်ခမ်းများသည် စိုစွတ်သွားသည် ။

လုချီရှဲ သည် သူ့လှုပ်ရှားမှုများကို စိုက်ကြည့်ကာ နမ်းပြန်သည်။

လင်ကျိုး ၏ ခန္ဓာကိုယ်သည် တင်းမာလာပြီး သူ၏ မသိစိတ်က သူ့ကို တွန်းထုတ်ပစ်ချင်သော်လည်း နောက်ပိုင်းတွင် သူ ကတိပေးခဲ့သည်ကို သတိရကာ ကျည်ဆန်ကို ကိုက်လိုက်ပြီး ပြန်ထိန်းလိုက်သည်။

လုချီရှဲ က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး နှုတ်ခမ်းအား ဖိထားကာ
“ ပါးစပ်ကို ဖွင့်လိုက်” ဟု အသံတိတ်ဖြင့် သတိပေးသည်။

လင်ကျိုး သည် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက် သူ့နှုတ်ခမ်းများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ထိုအခါ  တစ်ဖက်သား၏ ပျော့ပြောင်းသောလျှာသည် လှိမ့်ဝင်လာကာ နှိုးဆွနေပြီး သူ့ကို တဝဲလည်လည် နမ်း‌ နေသည်။
 
သူထိုင်နေပြီး လုချီရှဲ က မှန်တင်ခုံပေါ်ထောက်ကာ  နမ်းနေရသည့် အနေထားသည် အဆင်မပြေလှ၍လင်ကျိုး သည် အလွန် စိတ်မသက်မသာဖြစ်‌ နေသည်။


လင်ကျိုး အတွက် ပိုမိုလွယ်ကူစေရန်
လုချီရှဲ နှင့် ပူးပေါင်းဆောင်ရွက်ရသကဲ့သို့ သူ့ခေါင်းကို မော့ထားရသည်။
ထိုပြင် လုချီရှဲ က လည်းသူ့ပါးစပ်ကို ဒုက္ခပေး‌ နေ၏ ။
သူ့ပါးစပ်ထဲက နူးညံ့တဲ့ နေရာတိုင်းကို လိုက်နမ်းနေသည်။
လင်ကျိုး အသက်ရှုလို့မဝလုနီးဖြစ်နေချိန် လုချီရှဲ က နောက်ဆုံးတော့ အနည်းငယ် ဆုတ်သွားပြီး
"ဘယ်လိုခံစားရလဲ" လို့ မေး၏။

လင်ကျိုး က မျက်မှောင်ကြုတ်လိုက်သည်။
သူဘယ်လိုခံစားရလဲဆိုတာတော့ သူတကယ်မပြောနိုင်ဘဲ ထုံကျင်နေတဲ့ ဦးရေပြားကို ခံစားလိုက်ရ၏။

သူ လုချီရှဲ ကို နမ်းလိုက်သည်။
သူ စက်ဆုပ်တယ်လို့ မပြောနိုင်ပေမယ့် အရမ်းလည်း မကြိုက်ပေ။

လုချီရှဲ က သူ့လက်ကို မြှောက်လိုက်ပြီး  လင်ကျိုးပါးစပ်ထောင့်က တံတွေးတွေကို လက်ညိုးနဲ့ သုတ်လိုက်ပြီး တည့်တည့်မတ်မတ် ပြန်ရပ်လိုက်၏

"မင်းမျက်နှာက ဒီလိုပုံစံဖြစ်နေတာဆိုတော့ မင်းတကယ်နောင်တရနေတာလား"
လင်ကျိုး အနည်းငယ်စိတ်ပျက်သွားပြီး "ကျွန်တော်နောင်တရတယ်လို့ပြောပြီး ဂတိပေးခဲ့တာကိုမေ့လိုက် လို့ ပြောလို့ရမလား?"
လုချီရှဲ: "မရဘူး"
လင်ကျိုး: "ဒါဆိုလည်း မမေးနဲ့ လေ။"

"လင်ကျိုး"
လုချီရှဲ က သူ့ကို မသဲကွဲသော အကြည့်ဖြင့် လှမ်းခေါ်သည်။
လင်ကျိုး: "ဘာလဲ?"
လုချီရှဲ: "မင်းကိုယ့်ကိုနမ်းခဲ့တဲ့အတွက် မင်းတာဝန်ယူပေး"

လင်ကျိုး က ပါးစပ်အဟောင်းသားဖြစ်ကာ ဆွံ့အသွားသည်။


အဲဒီနောက်မှာတော့ ရိုက်ကူးရေးက
က တစ်နေကုန်ပြည့်နေသည်ပင်။

ယနေ့ လင် ရဲ့ ပြကွက်တွေ အားလုံးဟာ လုချီရှဲ နဲ့ အဖွဲ့ A မှာသာ ရှိနေပါသည်။
လုချီရှဲ ဟာ မနက်မိုးလင်းပြီးတဲ့ နောက်ပိုင်းsceneတွေကို စတင် ရိုက်ကူးနေသည်။
တစ်ချိန်လုံး ရိုက်ကူး နေရ၍ လင်ကျိုးအား အနှောက်အယှက်မပေးနိုင်ဘဲ ကြည့်ရုံသာကြည့်နေရ၏။

ညနေခင်းမှာတော့  ဟယ်ကျင်းဖျင်  ယနေ့ညsceneများ မရှိတော့ကြောင်း ကြေငြာခဲ့သည်။

အဖွဲ့သားများသည် ၎င်းတို့၏ ဒုတိယညစာကို အတူစားခဲ့ပြီးသူတို့အား အသားကင်ကျွေးပေးခဲ့သည်။
တစ်လကျော်ကြာ ရိုက်ကူးပြီးနောက် လူတိုင်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့ကြပြီး ညစာစားပွဲမှာ စားသောက်ခြင်း၊ ရယ်မောခြင်း၊ စကားစမြည်ပြောနေကြကာ စိတ်ပူပင်မှုလည်း မရှိတော့ပေ။

ဟယ်ကျင်းဖျင် က လူတိုင်းအတွက် ဝိုင်တွေ ထပ်လောင်းပါတော့သည်။
လင်ကျိုး ၏ အလှည့်ရောက်သောအခါ၊ သူ စကားမပြောရခင်မှာဘဲ သူ့ဘေးမှာ ထိုင်နေတဲ့ လုချီရှဲ က
"လင်ကျိုးက နေသိပ်မကောင်းလို့ မသောက်နိုင်တော့ဘူး"
လို့ ပြောခဲ့၏။
ဟယ်ကျင်းဖျင် အနည်းငယ်အံ့အားသင့်သွားပြီးလင်ကျိုး ကိုကြည့်ကာ
"ရှောင်လင်မင်းနေမကောင်းဘူးလား

လင်ကျိုး က " အပူနည်းနည်းရှပ်ရုံပါပဲ"
လို့ အံသြစွာနဲ့ ပြောသည်။

အမှန် တကယ်တော့ မနေ့ညက အရမ်းသောက်ထားတာကြောင်ဘ ဒီနေ့တစ်နေ့လုံး စားချင်စိတ်တောင် မရှိနေ၍ တကယ်မသောက်ချင်တော့ချေ ။

လုချီရှဲသာ မ ပြေပေးခဲ့ရင် သူအားနာပါးနာ သောက်မိလိမ့်မည်ပင်။

လင်ကျိုး က ဒီလိုပြောလိုက်ပြီးသောအခါ ဟယ်ကျင်းဖျင် နဲ့ကလည်း
နားလည်ပေးခဲ့သည် ။
သူဟာ လင်ကျိုးကို အခက်မတွေ့စေဘဲနှင့် တခြားသူတွေအတွက် ဝိုင်ကို ဆက်လက်လောင်းပေးခဲ့သည်။

လင်ကျိုး က သူ့ဘေးကလူအား တိုးညှင်းသောအသံဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

လုချီရှဲ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက မကျေနပ်ပုံပေါ်နေသည်။
လင်ကျိုး က သူဘာကိုဆိုလိုသည်ကို နားမလည်ပေ။
လုချီရှဲ က စားပွဲထိုးကို Coke တစ်ပုလင်း ယူလာခိုင်းပြီး ဖွင့်ပေးလိုက်ကာ လင်ကျိုး ရှေ့မှာ တင်ထားလိုက်သည်။

ထို့နောက် သူသည် လင်ကျိုးကို လျစ်လျူရှုကာ အခြားသူများနှင့် စကားပြောရန် သွားခဲ့သည်။

လင်ကျိုး အနည်းငယ် စိတ်ရှုပ်သွားပြီး  ခေါင်းငုံ့သာ စားနေလိုက်သည်။
ညစာစားပွဲပြီးဆုံးချိန် ရှစ်နာရီတွင်
လူ‌ တွေအားလုံးကတစ်ယောက်ပြီးတစ်ယောက် ကားဖြင့် ပြန်သွားကြသည်။

လင်ကျိုး နှင့် လုချီရှဲ တို့သည် စားသောက်ဆိုင်မှ နောက်ကျမှ ထွက်လာကာ လုချီရှဲက ကားထဲသို့ ဆွဲသွင်းလိုက်သည်။

သူတို့အားလုံးက နာနီ ကားနဲ့ ဒီကိုလာခဲ့ကြပေမယ့် သူတို့ ထမင်းစားနေတုန်း လုချီရှဲ ရဲ့ လက်ထောက်က လုချီရှဲ၏ကိုယ်ပိုင်ကားအား မောင်းလာပေးခဲ့သည်။

"ဘယ်သွားမလို့လဲ" လင်ကျိုးက ကားပေါ်တက်ပြီး မေးလိုက်၏။

လုချီရှဲ: "ပျော်ဖို့ကောင်းတဲ့နေရာ"
လင်ကျိုး သည် ကားပေါ်မှဆင်းလို့မရနိုင်သဖြင့် မေးရန် အလွန်ပျင်းနေလေသည်။
လင်ကျိုး: "ဘာလို့ ညစာစားပွဲမှာ ကျွန်တော့်ကို စိုက်ကြည့်နေတာလဲ"
လုချီရှဲ: "ကိုယ် မင်းကို စိုက်ကြည့်ခဲ့လို့လား?"
လင်ကျိုး: "ခင်ဗျားမကြည့်ဘူးလား။ ခင်ဗျားကြည့်နေတာအသေချာပဲ။"

လုချီရှဲ: "ဒါဆို မင်းကို ဘာလို့ စိုက်ကြည့်နေတာလို့ ထင်လဲ ကိုယ့်ကိုပြောကြည့်။ မင်း အရက် ကို ငြင်းဖို့တောင် သတ္တိမရှိတာ စိတ်ဝင်စားဖို့ ကောင်းလို့များလား"
လင်ကျိုး: "... ဒါရိုက်တာ ဟယ် ကို ငြင်းဖို့ ခင်ဗျားကျွန်တော့်ကို အခွင့်အရေးတောင် မပေးခဲ့ဘူး"

ကားက လမ်းဆုံမှာရပ်လိုက်ကာ မီးပွိုင့်ကိုစောင့်နေ၏။
လုချီရှဲ က လက်ကိုမြှောက်ကာ သူ့မျက်နှာကို အသာအယာ လှမ်းဆွဲလိုက်ပြီး
"နောက်တစ်ခါ ပိုစမတ်ကျအောင် လုပ်"
လင်ကျိုး က သူ့လက်ကို တွန်းထုတ်လိုက်သည်။
လုချီရှဲ က လင်ကျိုး ကို မြေအောက်ဘားတစ်ခုအားခေါ်ဆောင်သွားခဲ့သည်။

အထဲသို့ မဝင်မီတွင် လင်ကျိုးအား မက်စ်တစ်ခု ပေးခဲ့ပြီးသူကိုယ်တိုင်လည်း ဝတ်လိုက်သည်
"ဝတ်ထားလိုက်ပါ၊မဟုတ်ဘူးဆို မနက်ဖြန်မှာသတင်းစာခေါင်းကြီးပိုင်းမှာ ပါလာလိမ့်မယ်"

လင်ကျိုး က သူ့မျက်နှာကို မက်စ်ဖြင့် ဖုန်းအုပ်ထားပြီး
"ခင်ဗျား ပဲကျွန်တော်ကို အရက်မသောက်ခိုင်းဘူး‌ လေ၊ အခုကျ ကျွန်တော်ကို ဘား ခေါ်လာတာလား"

လုချီရှဲ: "မင်း ဘားကိုရောက်ရင် အ
ရက်သောက်ရမယ်လို့ ဘယ်သူပြောတာလဲ။"
ထို့နောက်အတူတူ လျှောက်သွားကြ၏။
လင်ကျိုး ၏ မျက်လုံးများက ဝိုင်းစက်နေကြသည်။

စင်မြင့်ပေါ်တွင် ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့က ဒေါသူပုန်ထ သကဲ့သို့ သီဆိုနေကြသည်။
သူတို့၏ သီဆိုမှုစွမ်းရည်မှာ သိပ်မကောင်းသော်လည်း သူတို့၏ သီဆိုမှုမှာ လွန်စွာ ကူးစက်တတ်ပါသည်။
အကကြမ်းပြင်ပေါ်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့သည် ဝှေ့ယမ်းကာ ယိမ်းနွဲ့ကာ ၎င်းတို့၏ ခန္ဓာကိုယ်ျားက  စိတ်အားထက်သန် နေကြပြီး အထိန်းအကွပ်မရှိဘဲ ကခုန် နေကြသည်။
လင်ကျိုး အနည်းငယ် လန့်သွားပြီး သူ့နောက်ဘက်သို့ လှည့်ကာ လုချီရှဲ အား
"ခင်ဗျား  ကျွန်တော်ကို ဘာလို့ဒီကို ခေါ်လာတာလဲ"

လုချီရှဲမကြားရမည်စိုး၍  မသိစိတ်ဖြင့် သူ့နားသို့ ကပ်ကာ ပြောလိုက်သည်။
လုချီရှဲ က ပြုံးပြီး သူ့ပုခုံးပေါ် လက်တင်ကာ
"မင်းရဲ့ အင်တာဗျူးကို ကိုယ်ဖတ်ပြီးပြီ။ အားရအောင် သီချင်းဆိုရတဲ့ ခံစားချက်ကို လွမ်းတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား။
ရော့ခ်ဂီတကိုလည်း ကြိုက်တယ် မလား။

မင်းက တခြားသူတွေရှေ့မှာ သီချင်းမဆိုဖြစ်တာကြာပြီလေ  မင်းက လင်ကျိုးဆိုတာကို ဘယ်သူမှ မသိကြဘူး။
မင်းတက်ပြီး သီချင်းဆိုချင်ရင် ဘာ သီချင်းကို မဆို ဆို လို့ရတယ်။"


လင်ကျိုး အနည်းငယ် အံ့သြသွားပြီး နောက်တဖန် လှည့်ကြည့်လိုက်သည်။
မက်စ်နောက်ကွယ်ရှိ အနက်ရောင် မျက်လုံးများသည် အပြုံးများ ပြည့်နှက်နေပြီး သူ့ကို ဤကဲ့သို့ ကြည့်နေသည် ။

လင်ကျိုး: "ဒါကို ခင်ဗျားသိတယ်ပေါ့"


"တက်ဆိုချင်လား"
လုချီရှဲ က သူ့နားသို့ကပ်ကာ ထပ်မေးလိုက်၏။
လင်ကျိုး သည် စကားတစ်ခွန်းမှ မပြောဘဲ လုချီရှဲ ဆွဲဆောင်သည် အား
ပါသွားသည်လားမသိ သို့မဟုတ်
ဘားထဲရှိ လေထုမှ ကူးစက်ခံရခြင်းလားသူ မသိခဲ့ပေ။
လုချီရှဲက  သူ့ကို စင်မြင့်အနားသို့ ဆွဲတင်ကာ တွန်းထုတ်လိုက်ပြီးနောက် လင်ကျိုးစင်မြင့်ပေါ်သို့ တက်လာသည်။

စင်ပေါ်မှာ တီးဝိုင်းက သီချင်းတစ်ပုဒ် သီဆိုပြီးတဲ့အခါ တစ်ယောက်ယောက်တက်လာတဲ့အခါ ကျင့်သားကျသွားပုံရသည်။
သူတို့ထိုင်ခုံအား နေရာ ဖယ်ပေးခဲ့သည်။

လင်ကျိုး က မိုက်ခရိုဖုန်းဆီကို လျှောက်သွားပြီး အသက်ပြင်းပြင်းရှူလိုက်၏။
ပရိသတ်က အားပေးစပြုလာကြသည်။
အဆိုတော် ဘယ်သူပဲဖြစ်ဖြစ် သီချင်းကောင်းနေသရွေ့ သူ့ကို အားပေးနေမှာပင်။
လင်ကျိုး သည် အလွန်ပြင်းထန်သော ရော့ခ်သီချင်းတစ်ပုဒ်ကို ရွေးချယ်ခဲ့သည်။
သူ၏အသံကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ပရိသတ်အားလုံးသည် တစ်စက္ကန့်မျှ ထိတ်လန့်သွားပြီး အသံသည် အပေါ်ထပ်မှ ပေါက်ကွဲထွက်လုနီးပါးဖြစ်ခဲ့သည်။
လင်ကျိုး သည် အစပိုင်းတွင် အနည်းငယ် ရှက်မိသော်လည်း နောက်ပိုင်းတွင် စိတ်အေးလက်အေး သီချင်းဆိုခြင်းမှာ သူ၏ထူးခြားချက်ဖြစ်သည်။
ထိုကဲ့သို့သောအချိန်အခါမျိုးတွင် မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှမသိကြပေ။
လင်ကျိုး သည် သူ့အသံကို လုံးဝဖွင့်ဟလိုက်ပြီး သူအနှစ်သက်ဆုံးသီချင်းအမျိုးအစားကို သီဆိုခဲ့သည်
သူ ဒီသီချင်းအား
အခြားသူများရှေ့တွင်  သီဆိုခဲသည်၊



သူကြုံတွေ့ခဲ့ရသောစိတ်တိုစရာ၊ ရှက်စရာနှင့် အပျက်သဘောဆောင်သည့် ခံစားချက်အားလုံးကို လွှတ်ချလိုက်သည်။
ပရိသတ်အုပ်ထဲမှလူများသည် သူ့သီချင်းအား ပျော်ရွှင်စွာ အော်ဟစ် ၊ ဝှေ့ယမ်းကာ ယိမ်းနွဲ့နေကြသည်။
ဤကြာရှည်စွာ ပျောက်ကွယ်သွားခဲ့သော စိတ်လှုပ်ရှားမှုသည် လင်ကျိုး ၏ ခံစားချက်အား ထိမှန်သွားခဲ့သည်။

သူ၏ အကြည့်များသည် စိတ်အားထက်သန်သော မျက်နှာများကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် သူနှင့် တူညီသော မက်စ်အား ဝတ်ဆင်ထားသည့် အမျိုးသားအပေါ်သို့ကျ ရောက်သွားသည်။
စင်ပေအောက်က လုချီရှဲ  သူ့လက်ကို မြှောက်ပြီး လက်ညိုးထိုးပြနေတာကို မြင်လိုက်ရ၏။
လင်ကျိုး က ပြုံးပြီး သူနဲ့ အလားတူ လက်ညိုးထိုးပြလိုက်သည် ။
ဘားမှထွက်လာပြီးနောက် ညဥ့်နက်လုနီးပါးဖြစ်နေသည်။
လုချီရှဲ သည် လင်ကျိုး မြို့အစွန်းသို့ ကားမောင်းသွားခဲ့သည်။
လင်ကျိုး ၏ စိတ်အခြေနေက သိသိသာသာ တိုးလာကာ ညဥ့်၏ လေပြေထဲတွင် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ထို့နောက်လင်ကျိုးက လုချီရှဲ ၏နှုတ်ခမ်းကြားထဲကိုက် ထားသောစီးကရက်ကို ယူလိုက်ကာ   လုချီရှဲအား တုပလျက် ရှူထုတ်လိုက်၍ ချောင်းဆိုးလိုက်ပြီးနောက် ရယ်မောကျသွားသည်။
လုချီရှဲ သည် လူသူကင်းမဲ့သော လမ်းပေါ်တွင် သူ့ကားကို ရပ်ထားလိုက်သည်။
ထို့နောက် စီးကရက်ကို ပြန်ယူကာ  တစ်ရှိုက်လောက်ဖွာပြီးနောက်ဆေးလိပ်အား ဖိကာ အမှိုက်ပုံးထဲသို့ စွန့်ပစ်လိုက်သည်။
လင်ကျိုး သည် သူ့လှုပ်ရှားမှုများကို လိုက်ကြည့်နေရင်း လုချီရှဲသူ့ဘက်သို့လှည့် လာသောအခါ သူ အကြည့်လွှဲလိုက်သည်။
လုချီရှဲ က မျက်ခုံးပင့်လိုက်ပြီး
"ပျော်နေလား"
လင်ကျိုး သည် စိတ်လှုပ်ရှားလွန်သွားပြီးနောက် အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။
လုချီ က ပြုံးပြီး "ပျော်အောင်နေ၊ ဝမ်းနည်းမနေနဲ့တော့။"
လင်ကျိုး: "ဝမ်းနည်းမ နေပါဘူး" သူက တံတွေး မျိုချလိုက်ပြီး
လုချီရှဲ အား " ဆေးလိပ်သောက်နည်းကို သင်ပေးလို့ရမလား?"
လုချီရှဲ က သူ့ကိုကြည့်ပြီး
"သင်ချင်လား"
လင်ကျိုး: "ဟုတ်။"
လုချီရှဲ: "နောက်တစ်ခါမှ‌‌ ပေါ့။"
လုချီရှဲ သည် ကားကို စတင်စက်နှိုးလိုက်သည်။
ဖွင့်ထားသော အမိုးကို မြှင့်တင်လိုက်ပြီး ပြတင်းပေါက်များ တဖြည်းဖြည်းပိတ်သွားသည်။
သူအရှိန်အားနှေး လိုက်ကာ ပြီးခဲ့သောရာစုမှ အချစ်သီချင်းဟောင်းတစ်ပုဒ်ကို ကားရေဒီယိုတွင် ဖွင့်ထားသည်။
လင်ကျိုး ဟာ ပင်ပန်းနေတာကြောင့် ထိုင်ခုံပေါ်ပြန်လှဲပြီး ငြိမ်သက်စွာ နားထောင်နေသည်

ကားပြတင်းပေါက်အပြင်ဘက်ရှိ တရိပ်ရိပ်ဖြတ်သန်းသွားတဲ့ မြို့ရဲ့ မြင်ကွင်းကိုကြည့်နေပြီးနောက် သူ့ဘေးနားက လူအား တိတ်ဆိတ်စွာ ကြည့်‌
နေခဲ့သည်။
လုချီရှဲက ကားမောင်းနေ၍ အာရုံစူးစိုက်ပြီး ရှေ့ကိုသာ ကြည့် နေသည်။

အချိန်အများစုတွင်၊ ဤလူသည် လေးနက်မှုမရှိသော်လည်း ရံဖန်ရံခါတွင် သူဤကဲ့သို့ဖြစ်နေတတ်သောကြောင့် သိမ်မွေ့ နေကာ  နားလည်ရခက်စေသည်။

"ဘာလို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ"
လုချီရှဲ က ပြုံးပြီးပြော၏
"မင်းကိုယ့် ကို
ချစ်သွားမိတာလား?"
လင်ကျိုး: "..."
ဟုတ်ပါတယ်၊ ဒါဟာ တစ်စက္ကန့်ထက် ပိုမကြာချေ။
လုချီရှဲ သည် သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
လင်ကျိုး သည် ခဏတာ ရုန်းလိုက်သော်လည်း မလွတ်နိုင်ပေ။
လင်ကျိုး လက်လျှော့လိုက်ကာ ထိုင်ခုံနောက်သို့ မှီ၍မျက်လုံးများကိုမှိတ်လိုက်ပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။


လုချီရှဲ က သူ့ကို ပြန်ကြည့်ပြီး  အပြုံးအား ဖိနှိပ်လိုက်သည်။
ထို့နောက် လင်ကျိုး၏လက်အား
ပို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ကာ  ဆက်လက် မောင်းနှင်ခဲ့သည်။

Dark fire (暗火)  { COMPLETE }Where stories live. Discover now