ch 49

1.7K 225 3
                                    

အခန်း 49 ငါသူ့ကိုချစ်တယ်။

နောက်နေ့မှာတော့ လင်ကျိုး  ကြော်ငြာအတွက်ရိုက်ချက် အနည်းငယ်ရိုက်ပြီး နောက် လူသိရှင်ကြား ဓာတ်ပုံရိုက်ကာ T&G ရုံးချုပ်ကို လာလည်ဖို့ ဖိတ်ခေါ်လိုက်သည်။

အလုပ်ပြီးခါနီးပါပြီပင်။
ရုံးချုပ်ကို လာလည်တုန်းကလည်း သူတို့ကို လက်ခံကြိုဆိုတဲ့ အမှတ်တံဆိပ် ကိုယ်စားလှယ်က လုချီရှဲ ကလည်း နာမည်ကြီး မင်းသား တစ်ယောက်လည်း ဖြစ်တယ်ဆိုတာ သိလိုက်ရသည်။
ထို့နောက် သူတို့က သူ့ကို အခမဲ့ ကြော်ငြာမော်ဒယ်အဖြစ်နဲ့ ပေါ့ပေါ့တန်တန်ငှားထားကြသလို ဖြစ်နေ၏။

သို့သော် လုံးဝအလကားလို့ တော့ပြောလို့ မရချေ။
ရိုက်ကူးရေးအပြီးမှာ ဆုငွေ ယူရိုတစ်ထောင်ပေးခဲ့ပြီး အလွန်စျေးသက်သာတယ်လို့သာ ပြောလို့သည်။
လုချီရှဲ  က ဒါကို ဂရုမစိုက်ချေ။

မည်သို့ပင်ဆိုစေကာမူ ၎င်း၏ တခြားထုတ်ကုန်များ၏ ထောက်ခံအားပေးမှုသည်လည်း သက်တမ်းကုန်သွားပြီဖြစ်သောကြောင့် ကြော်ငြာမော်ဒယ်တစ်ဦးအနေဖြင့် ကူညီခြင်းသည် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။

နှစ်ရက်အကြာတွင် ကျန်းဂျင် နှင့် ယန်မင် တို့သည် တရုတ်နိုင်ငံသို့ ပြန်လာကြပြီး လင်ကျိုး နှင့် လုချီရှဲ  တို့သည် ကိုယ်ပိုင်လေယာဉ်ဖြင့် နိုင်ငံတွင်းရှိ အခြားမြို့သို့  ခရီးသွားကြသည်။

မသွားခင် ကျန်းဂျင် က လင်ကျိုး မှာ အလုပ် လုပ်စရာကျန်သေးပြီး မပြန်ခင် သုံးရက်လောက်သာ ကစားနိုင်တယ်လို့ ထပ်ခါတလဲလဲ သတိပေးခဲ့သည်။

လင်ကျိုး က သူ့လက်ကို မြှောက်လိုက်ပြီး "ကျွန်တော်သိပါတယ်၊ ကျွန်တော်တကယ်သိပါတယ်"

ကျန်းဂျင်: "မင်းရဲ့အာမခံချက်က အသုံးမဝင်ဘူး။"
လုဪ က ပြုံးပြီး "စိတ်မပူပါနဲ့ ဂျင်ကျဲ၊ သုံးရက်အတွင်း သေချာပေါက် ပြန်လာမှာပါ"
ထိုအခါမှသာ ကျန်းဂျင်က ကျေနပ်သွားကာ သူတို့ကိုလွှတ်လိုက်၏။
လုချီရှဲ  သည် လင်ကျိုး ကို သူအရင်က လေ့လာခဲ့သည့်နေရာသို့ ခေါ်သွားခဲ့သည်။
ပင်လယ်နားက တောင်ပေါ်မြို့လေးဖြစ်ပြီး လူစည်ကားတဲ့ မြို့ကြီးမဟုတ်ပေမယ့် ရှုခင်းကတော့ အရမ်းလှသည်။

Dark fire (暗火)  { COMPLETE }Where stories live. Discover now