ch 20

2K 271 3
                                    

အခန်း 20 လင်ကျိုး၊ ကောင်းသောညပါ


လင်ကျိုး သည် ဆေးရုံတွင် ကြာကြာမနေချင်တော့ဘဲ  အဖျားပျောက်ခါနီးပြီဖြစ်၍ ညနေစောင်းခါနီးတွင်  ဆေးရုံမှ ဆင်းရန် စီစဉ်ခဲ့သည်။

ယန်မင် က သူ့ကို မဆင်းပါနဲ့အုံးလို့စည်းရုံးနေတုန်း လုချီရှဲ ဆေးရုံအခန်းတံခါးဝတွင် ပေါ်လာသည်။

ထိုလူက ညက scene ပြီးသွားတော့ ရိုက်ကူးရေးကနေ တိုက်ရိုက်ရောက်လာပုံရသည်။
"မင်း ဆေးရုံက ဆင်းမလို့လား"
လုချီရှဲ တံခါးထဲဝင်လာရင်း မေးလိုက်သည်။
လင်ကျိုး သည် ကုတင်အစွန်းတွင်ထိုင်ကာ သူ့အဝတ်အစားများကိုဆွဲကာ

"ဒီမှာနေရတာ အဆင်မပြေဘူး။ ဟိုတယ်ပြန်သွားပြီးတော့ ရေချိုးချင်တယ်"
လို့ စိတ်မသက်မသာနဲ့ ပြောလိုက်သည်။
"အဖျားကဖြင့်မပျောက် သေးဘုး ရေချိုးကချိုးချင်လိုက်သေးတယ်။ မနက်ဖြန် လည်းမချိုးနဲ့။ မင်းအတွက် နှစ်ရက်လောက် ခွင့်ယူခိုင်းထားတယ်၊ ဒါကြောင့် အလုပ်စဖို့ မလောနဲ့"
လုချီရှဲ က ပြော၏။
လင်ကျိုး က
"ကျွန်တော် ဆေးရုံက ဆင်းချင်ပြီ"
လုချီရှဲသည် ကုတင်စွန်းကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်လက်တစ်ဖက်ကို လင်ကျိုး အနားရှိ ကုတင်အစွန်းတွင် ငုံကိုင်းထားကာ သူ့မျက်လုံးများက လင်ကျိုးနှင့် ‌တ‌ ပြေးညီတည်းရှိ နေကာ သူ့ကို ထိုကဲ့သို့ပင် စ်ိုက်ကြည့်နေလေသည်။
လင်ကျိုး က မျက်မှောင်ကြုတ်ပြီး မထိန်းနိုင်ဘဲ "ခင်ဗျားဘာလုပ်နေတာလဲ"
လုချီရှဲ - "မင်းကြည့်ရတာ အရမ်းဆိုး‌ နေတုန်းပဲ၊ မင်း အခု ဆေးရုံက ဆင်းချင်နေတာလား။"
လင်ကျိုး : "အဖျားပျောက်ပြီ၊ ဘာလို့ ဆေးရုံတက်ဖို့ ပြောနေရတာလဲ။"
လုချီရှဲက
"ကောင်းပြီ၊ သွားကြရအောင်။"
သူ မတ်တပ်ထရပ်ပြီး လင်ကျိုး ရဲ့ နားထင် အားပွတ်ပေးလိုက်ရာ လင်ကျိုး က သူ့မျက်နှာကို လှည့်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်၏။

မနက်က လုချီရှဲ ပို့ထားသော
"မင်းကိုယ်မင်း ပါဆယ်လေးထုတ်ပြီးကိုယ့်ကိုပေးလိုက်လေ " ဆိုသည့် စာအားသူ မမြင်ချင်ယောင်ဆောင်ပြီးပြန်မဖြေခဲ့ပေ
ဒါပေမယ့် သူ့အသက်ကို ကယ်တင်‌ ပခဲ့တဲ့ ကျေးဇူးကြောင့် သူ တစ်ဖက် လူကို
ပြတ်ပြတ်သားသားပြောလို့မရ၍ ထိုလူ ကပိုပိုပြီးအရှက်မဲ့လာသည်။

ကားထဲမှာ လင်ကျိုး က ထိုင်ခုံပေါ် မှီပြီး အိပ်ပျော်သွား၏။
သူ့ပတ်ဝန်းကျင်က လူက "
လောင်လင်၊ မင်းအဖွဲ့ထဲက တစ်ယောက်ယောက်က ကုမ္ပဏီ ပြောင်းချင်တော့မှာလို့ကိုယ်ကြားလိုက်ရတယ်။ မင်း ဘာဆက်လုပ်မှာလဲ။အဖွဲ့ကွဲ တော့မှာလား"

လင်ကျိုး  မျက်လုံးများကိုမှိတ်လိုက်ပြီးထို အကြောင်းကိုသူမပြောချင်ပေ  “ဆရာ လု က ဒီအကြောင်းကို ဘယ်ကကြားလာတာလဲ။”

လုချီရှဲ - "ကိုယ်ကြား လို့မရလောက် ရအောင်ဒီကိစ္စက အဲ့သလောက် ကြီးကျယ်နေလို့လား 

  Xingyao Media က Shangxun လက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ် ကြောင် လင်ကျိုးယောင်ဝါးဝါးမှတ်မိသွားသည်။
ထိုအကြောင်းကို လုချီရှဲသိသည်မှာ မထူးဆန်းတော့ဘဲ ပို၍ပင် ငြီးငွေ့ဖွယ်ကောင်းနေပါသည်။
"မင်း တို့အဖွဲ့ဖျက်သိမ်း တော့မှာလား" လုချီရှဲ ဆက်မေး၏။
လင်ကျိုး: "ကျွန်တော်မသိဘူး၊ နောက်မှပြောရအောင်"
လုချီရှဲ နှုတ်ခမ်းထောင့်ကို လှုပ်ယမ်းပြီး ဘာမှ မပြောတော့ချေ။
သူဟိုတယ်ပြန်ရောက်တော့ ဆယ့်တစ်နာရီလောက်ရှိပြီဖြစ်သည်။
လုချီရှဲ က လင်ကျိုး ကို အခန်းတံခါးဝထိလိုက်ပို့ကာလင်ကျိုး ဝင်မည်လုပ်သောအခါ တားလိုက်ပြီး

"ဖုန်းပေး"
လင်ကျိုး: "ဘာလုပ်မလို့လဲ?"
လုချီရှဲ က သူ့လက်ကို ဆန့်တန်းပြီး "ကိုယ့်ကို ပေးလိုက်ပါ။ မင်းကအရှေ့မှာ ရှိနေတာဘဲကို။ ဘာကို ကြောက် နေတာလဲ"
လင်ကျိုး သည် ခဏမျှ တုံ့ဆိုင်းသွားပြီး သူ့လက်ကိုင်ဖုန်းကို ပေးလိုက်သည်။လုချီ က ဖုန်းကို  ယူပြီး စခရင်ကို လှန်လိုက်ကာ "လော့ခ်ဖွင့်ပေး။"

လင်ကျိုး က သူ့ကို ကြည့်လိုက်ရာ
လုချီရှဲ မျက်ခုံးပင့်ပြလိုက်သည်။
လုချီရှဲ က သူ့ကို ဤကဲ့သို့ စိုက်ကြည့်နေသောကြောင့်
လင်ကျိုး သည် လော့ဖွင့်ရန် သူ့လက်ဗွေကို အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
Lu Chixie သည် ဖုန်းခေါ်ဆိုမှု pad ကိုဖွင့်ကာ နံပါတ်တစ်ခု
ရိုက်ထည့်လိုက်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။
သူ့ကိုယ်ပိုင်ဆဲလ်ဖုန်းမြည်လာပြီးနောက်၊ ဖုန်းချဖို့နှိပ်လိုက်ပြီး လင်ကျိုး ဆီကို ဖုန်းကိုပြန်ပေးခဲ့၏
- "ကိုယ့်နံပါတ်ကို သိမ်းထားလိုက်။ ညဘက်တစ်ခုခုဆို အဆင်မပြေရင် ကိုယ့်ကို အချိန်မရွေးဖုန်းဆက်လိုက်ပါ။ ကိုယ်ဖုန်းမပိတ်ဘူး"

လင်ကျိုး က ဘာပြောရမှန်းမသိသောကြောင့် ခေါင်းညိတ်ကာ "ကျေးဇူးတင်ပါတယ်" ဟုသာပြောခဲ့သည်။
တံခါးပိတ်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ရေချိုးဖို့သွားလိုက်သည်။
ရေချိုးပြီးနောက် ကုတင်ပေါ်တက်၍ မျက်နှာကျက်ကို တခဏလောက် စိုက်ကြည့်ရင်း အဖွဲ့သားများအတွင်းဖြစ်ပျက် နေသည်များကို တွေးကာ မျက်လုံးမှိတ်ကာ သူ့ကိုယ်သူ ရုန်းထရန် တွန်းအားပေးခဲ့သည်။
စိတ်ရှုပ်စရာ အတွေးတွေကို ဖယ်ရှားပြီး ဘေးသို့လှည့်ကာ မြန်မြန် အိပ်ပျော်သွားသည်။
သူသည် အေးချမ်းစွာ အိပ်စက်ပြီး မိုးလင်းသည် အထိ အိပ်ခဲ့သည်။
အိပ်ရာကနိုးတော့ မနက်ကိုးနာရီကျော်နေပြီဖြစ်ပြီး ချွေးများ ရွှဲနစ်နေကာ ခန္ဓာကိုယ်ကလည်း လျော့ရဲမနေတော့ဘဲ ပိုသက်တောင့်သက်သာ ခံစားရ၏။
တစ်ဖန် ရေချိုးပြီးနောက် လင်ကျိုး သည် အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ ယန်မင် သည် လုချီရှဲ မှ ပြင်ဆင်ထားဆဲဖြစ်သည့် နံနက်စာ ယူဆောင်လာခဲ့သည်။
ယန်မင်က ဟင်းများကိုတစ်ခွက်ပြီးတ်ခွက် ချပေး နေသည်ကို သူထမင်းစားစားပွဲမှာထိုင်ပြီး စောင့်နေ၏
  အစားအစာအမျိုးအစားတွေ စုံလင်နေပြီးတော့  ဟင်းတစ်ခွက်ချင်းစီတိုင်း ဟာ အလွန်ဈေးကြီးသော ဟင်းလျာများ ဖြစ်ကြသည်။
လင်ကျိုး သည် အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။
လုချီရှဲ ၏ ကျေးဇူးများပိုပိုပြီး အကြွေးတင်လာသည်ဟု ခံစားလိုက်ရကာ ၎င်းတို့ကို အမှန်တကယ် ပြန်ဆပ်ဖို့တောင် ခတ်ခဲနေပြီ ဖြစ်သည်။

"ကျိုးကော"
ယန်မင် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မနက်က  ဆရာ လု က ကောကို တွေ့ဖို့ လာသေးတယ် ကောအိပ်နေတုန်းမို့သူက မနှိုးဘဲ ပြန်သွားတာ"
လင်ကျိုး က "အိုး" ဟုဆိုလိုက်သည်။
မနက်စာစားပြီးနောက် လင်ကျိုး သည် ဘာမှလုပ်စရာမရှိသဖြင့် ဇာတ်ညွှန်း ထိုင်ဖက်‌ နေလိုက်သည်။ ရိုက်ကူးရေးအဖွဲ့သားတွေက  အခုအလုပ်ပြန်စဖို့ အလျင်စလိုမလုပ်ဖြစ်ဘဲ တတ်နိုင်သမျှ အနားယူပါဟူ၍သူ့ကို နှစ်ရက်အားလပ်ပေးတဲ့အတွက် ယခုလိုအား‌ နေခြင်းဖြစ်သည်။
နေ့ခင်းမတိုင်မှီ ကျုံရိရန် က ဖုန်းဆက်လာပြီး သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက် စိတ်ပူနေ သေးသည်။
လင်ကျိုး - "ကျွန်တော် ပိုကောင်းလာပါပြီ။ အဖျားကျသွားလို့ ဆေးရုံက တောင်ဆင်းလာတာလေ"
ကျုံရိရန် က ဒီသတင်းကိုကြားပြီးနောက်မှာ စိတ်သက်သာရာရသွားခဲ့ပြီး အဖွဲ့ထဲကအကြောင်းအရာတွေကို ပြောပြခဲ့၏။
ကျန်းရွှိန် က မထွက်သေးဘဲ စာချုပ်သက်တမ်းကုန်တဲ့အထိ စောင့်မည်ဟုဆိုသည်။
ကုမ္ပဏီက အဖွဲ့ဝင်ငါးဦးပါတဲ့ အဖွဲ့အမည်နဲ့ ဒီအယ်လ်ဘမ်အသစ်ကို ထုတ်ဖို့ တောင်းဆိုနေပါသေးသည်ပင်။
ပရိုမိုးရှင်းကာလအတွင်း ကျန်းရွှိန်အဖွဲ့မှထွက်ခွာသည့်သတင်းကို
မပြီးဆုံးသေးခင်အထိ ထုတ်ပြန်ကြေညာမည်မဟုတ် ပေ။
ထို့အပြင် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော်လည်း ကျန်းရွှိန်ကတော့  ပါဝင်မည်မဟုတ်ပေ။
လင်ကျိုး က မအံ့သြပါချေ။
ဖျော်ဖြေပွဲတွေက အထူးသဖြင့် သူတို့လို လူကြိုက်များတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ကုမ္ပဏီ ကငွေရှာနိုင်အုံးမည်ဖြစ်သည်။

လူတစ်ဦးပျောက်နေရင်တောင် ကုမ္ပဏီက သူတို့ကို ဖျော်ဖြေပေးဖို့ တောင်းဆိုပါလိမ့်မည်။
သူပျော် နေလား မပျော်‌ နေဘူးလား
ဆိုတာသူမသိတော့ ချေ။
တစ်ချိန်က သူ့အဖွဲ့သား‌ တွေနဲ့ အတူတူ လူထောင်ပေါင်းများစွာရှိတဲ့ ဖျော်ဖြေပွဲကျင်းပဖို့ က သူ့အိပ်မက်ဖြစ်ခဲ့ပြီး
ယခု အခါ လူတိုင်းက ဒီအိပ်မက်ကို အကျိုးစီးပွားချိန်ခွင်လျှာပေါ်မှာ တိုင်းတာတွက်ချက် ထားသည်သာ ဖြစ်သည်၊
သူ သိပ်ဂရုမစိုက်ချင်တော့ ..
လင်ကျိုး- "တော်တော်ကောင်းပါတယ်။ နောက်ဆုံးတော့၊ အစောပိုင်းက ကျွန်တော်တို့ လုပ်ခဲ့တာတွေက
  အလဟသမဖြစ်တော့ဘူးပေါ့။"

ကျုံရိရန် နဲ့ ခဏလောက် စကားပြောပြီးနောက် သူ ဖုန်းကို ချလိုက်သည်။
ထို့နောက် လုချီရှဲ က WeChat မှမက်ဆေ့ခ်ျတစ်စောင် ပို့လိုက်၏ - "နိုးနေပြီလား"
လင်ကျိုးဆွံ့အသွားသည်
ယခု ဘယ်အချိန်ရှိပြီလဲ။
ခုချိန်ထိအိပ်နေရအောင် သူကဝက်မို့လား

မိနစ်ဝက်အကြာတွင် အခြားတစ်ဖက်မှ မက်ဆေ့ချ်တစ်ခုထပ်ရောက်လာသည်-
"တစ်ယောက်ယောက်ကို အစားအသောက်ပို့ပေးခိုင်းလိုက်‌ သေးတယ် နံနက်က မင်းလက်ထောက်ကို ပြောခိုင်းလိုက်တာ"
လင်ကျိုး : "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် နောက် မပို့ပါနဲ့ တော့ဆရာလုကို အနှောက်အယှက် မပေးချင်တော့လို့ပါ ဟိုတယ်ကအစားအသောက်တွေကိုလည်း မှာစားလို့ရပါတယ်။ "
ထိုနောက်ပြန်စာ မလာတော့ချေ။
လင်ကျိုး  ဒီလူစိတ်ဆိုးသွားပြီ လားဟု တွေးလိုက်သည်။
စကားပြောဖို့ ပျင်းလာ၍ Weiboထဲသို့ ဝင်လိုက်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် Weibo မက်ဆေ့ချ်တွင် သတိပေးချက်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
လုချီရှဲ သည် ယမန်နေ့ကသူ ကျေးဇူးတင်ခဲ့သည့် postအား caption
နှင့် ပြန်တင်ခဲ့သည်
- "ကိုယ် အဆိုပြုထားတာကို မင်းဘာလို့ မစဉ်းစားပေး သေးတာလဲ။"
လင်ကျိုး: "..."
လင်ကျိုး က အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်ရှည်ရှည်ထားဖို့ ကြိုးစား လိုက်သည်။
ဒါပေမယ့် လုချီရှဲ ၏ Weiboမှ ကောမန့် များကို ဝင်ကြည့်မိသည်။
 

အဆိုပြုချက်က ဘာလဲဆိုတာ မေးနေကြပြီး တစ်ချို့က CP တွေက ဆူညံနေကြ၏။
ကံကောင်းထောက်မစွာပဲ လုချီရှဲ က အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဆက်မပြောခဲ့ ချေ။
သူ လုချီရှဲ ထံ စာတိုတစ်စောင် ပေးပို့ခဲ့သည်- "ခင်ဗျား ဘာလို့  Weibo မှာမှာ လျှောက်တင်နေတာလဲ။"
လုချီရှဲ: "မင်းဘာတွေစိတ်ပူနေတာလဲ" လုချီရှဲ - "စိတ်မပူပါနဲ့ မင်းရဲ့ ထိပ်တန်း ပုံရိပ်ကြီးပျက်သွားမှာ မဟုတ်ဘူး။"
လင်ကျိုး သည် သူနှင့် စကားပြောရန် ပျင်းလွန်းလှသည်။
  ညနေစောင်းပြီးနောက်လုချီ သည် ဟိုတယ်သို့ပြန် ရောက်လာကာ လင်ကျိုး၏တံခါးကိုခေါက်လိုက်သည်။
"လောင်လင် ညစာစားချိန်ရောက်ပြီ" လင်ကျိုး က သူ့ကိုတွေ့တော့ အနည်းငယ် အံ့အားသင့်သွားပြီး "ဒီနေ့ စောစောပြန်လာတာလား။"
လုချီရှဲ - "မင်းသတိပေးချက်ကို မဖတ်ဘူးလား။ ဒီနေ့ညsceneမရှိဘူး၊ ဒါကြောင့် ညစာစားဖို့ ကိုယ်ပြန်လာတာ။"
လင်ကျိုး တခဏတာ တုံ့ဆိုင်းနေတာကိုမြင်တော့ သူက ချက်ချင်းစိတ်ပြောင်းသွားကာ
"ဒါဆို လောင်လင်ရဲ့ အခန်းမှာ စားရအောင်"
လင်ကျိုးယခုဆို  ဒီလူကို အခု ပြန်လှည့်သွား‌ အောင် လုပ်နိုင်သည့်ယုံကြည်မှုမရှိတော့သဖြင့် သူ့ကို ဝင်ခွင့်ပြုလိုက်ရုံကလွဲပြီးမရှိ‌ ချေ။
ကံကောင်းထောက်မစွာနဲ့ပဲ သူတို့ရဲ့ သက်ဆိုင်ရာ လက်ထောက်တွေ ရှိနေတာမို့ သိပ်ရှက်စရာ မလိုပေ။
ညစာစားပွဲမှာ လင်ကျိုး က ဒီနေ့ တစ်နေ့လုံး သူတွေးနေတာတွေကို ပြောပြီး  လုချီရှဲကို မေးလိုက်၏
"ဆရာ လု မှာ လိုချင်တာ တစ်ခုခုရှိလားဟင်"
လုချီရှဲ က မျက်ခုံးပင့်လိုက်ပြီး "မင်းကိုယ့်ကိုပေးမလို့လား။"
လင်ကျိုး: "ဟုတ်  ကျွန်တော်ကိုကယ်ပေးလို့ ကျေးဇူးတင်ချင်လို့ပါ"
လုချီရှဲ သည် အစစအရာရာ ပြည့်စုံနေသဖြင့် ထိုသို့ ပြောသည်ကို တမျိုးထင်မည်စိုး၍
"အကူညီ လိုနေတဲ့သူကို သတ္တိရှိရှိကယ်ပေးခဲ့လို့…?"


လင်ကျိုး ၏မျက်နှာသည် နီရဲလာပြီး နှလုံးခုန်မြန်သွားကာ "ဒါဆို ခင်ဗျားဘာလိုချင်လဲ"
လုချီရှဲ က သူ့ကိုကြည့်သော်လည်း အဖြေပြန်မပြော။
လင်ကျိုး က သူ့ကို စိတ်ရှည်ရှည်နှင့် စောင့်နေသည် ။

ယန်မင်နှင့် နှင့် ရှောင်ချန်က  သူတို့မမြင် သလို မရှိသလိုရှိ ဟန်ဆောင်နေလျက် ခေါင်းငုံ့သာ စားနေကြသည်။
လုချီရှဲ က အသီးအရွက်များကို ဖြည်းညှင်းစွာကောက်ယူလိုက်ပြီး သူ့ကို လျစ်လျူရှုထားဆဲဖြစ်သည်။
လင်ကျိုး အနည်းငယ် စိတ်ဓာတ်ကျသွားပြီး ဤလူကို ကျေနပ် အောင်လုပ်ရန် အလွန်ခက်ခဲလှသည်။

ညစာ ပြီးခါနီးချိန်မှာတော့ ရှောင်ချန် က သူတို့နှစ်ယောက်အတူရိုက်ကူးထားတဲ့ "Around the World" ဇာတ်လမ်းတွဲကို ဒီနေ့ညမှာ ထုတ်လွှင့်ပြသမှာဖြစ် ကြောင်းပြောလိုက်ပြီး ယန်မင် က ဧည့်ခန်းကိုသွားပြီး TV ဖွင့်လိုက်၏။

လင်ကျိုး က TV ရှေ့မှာထိုင်ပြီး လက်ဖက်ရည်ငှဲ့ နေသည်။
ထို့နောက် လုချီရှဲ ကို နောက်တစ်ခွက် ငှဲ့ပေးရင်း "ဆရာ လု လက်ဖက်ရည်သောက်အုံးမလား"
လုချီရှဲ သူ့ဘေးမှာ ထိုင်ချလိုက်ပြီး
Tv စခရင်ပေါ်တွင် ဇာတ်လမ်းတွဲက လာနေပြီဖြစ်သည်။
လုချီရှဲ က လက်ဖက်ရည်ခွက်ကိုယူရင်း လင်ကျိုး ရဲ့ လက်ချောင်းထိပ် များအား တို့ထိနေပြီး  လင်ကျိုး က သူ့လက်ကို ပြန်ဆုတ်လိုက်သည်။
ထိုနောက် သူ့နှုတ်ခမ်းများဟာ  ကောက်ကွေးသွားသည်။
လင်ကျိုးက သတိမထားမိလိုက်ဘဲ ခွက်ထဲရှိ လက်ဖက်ရည်အား ဖြည်းညှင်းစွာ သောက်လိုက်ပြီး တီဗီဖန်သားပြင်ပေါ်မှာဘဲစိတ်ရောက်ကာ စိုက်ကြည့်နေ၏။

အစီစဉ်အစတွင် လုချီရှဲ ၏ "မလိမ်ပါနဲ့" ဟူသော စကားလုံးများကို ပြသခဲ့သည်။
နောက်ပိုင်းတွင် လုချီရှဲ နှင့် လင်ကျိုး အကြား လျှပ်စီးကြောင်းနှင့် ကျုံရိရန် နှင့် ထိပ်တိုက်တွေ့မှုများသည် ဤအစီအစဉ်တစ်ခုလုံးကို မျှော်လင့်ထားသည့်အတိုင်းတောက်ပြောင်သွားအောင် ချဲ့ထွင်သွားခဲ့သည်။
လင်ကျိုး က အမှတ်တမဲ့ကြည့်နေပြီး သူ့ဘေးရှိ တစ်ယောက်က ရုတ်တရက် မေး၏ "လောင်လင် ကိုယ့်ကို ဘာပေးရမလဲ စဉ်းစားပြီးပြီလား။"
လင်ကျိုး က Tvကိုသာ စိုက်ကြည့်နေသဖြင့်
လုချီရှဲ "လက်ဆောင်မပေးချင် တော့ဘူးလား?"
လင်ကျိုး: "…ခင်ဗျားဘာလိုချင်လို့လဲ"

လုချီရှဲ : "ကိုယ့်ဘာသာ  ရိုးရိုးသားသားပဲ စဉ်းစားကြည့်ပါ"
လင်ကျိုး နှုတ်ပိတ်လိုက်သည်။ သူ ခေါင်းငုံ့ပြီး မိုဘိုင်းဖုန်းကို ကြည့်လိုက်သည်။

#Lingzhuoluchixiezhongyiranxiuluochang#

အပါအဝင် ယနေ့ည အစီအစဉ်နှင့် ပတ်သက်သည့် hashtags ရှာဖွေမှုများ အများအပြား ရှိခဲ့သည်။ ၎င်းကို ပရိုဂရမ်အဖွဲ့မှ ဝယ်ယူထားပုံရသည်။
၎င်းကို နှိပ်လိုက်သောအခါ မားကတ်တင်းအပြင်၊ ဖန်အကောင့်များကပါဆူညံနေ၏။
အဲဒါက... CP ပရိတ်သတ်တွေဖြစ်ကာ
နှစ်ဘက်စလုံးက ထိပ်သီး cp fan တွေဖြစ်ပြီး သူတို့က အပြန်အလှန်တိုက်ခိုက်နေကြသည်။
"နတ်ဆိုးကြီရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတဲ့ Zyr လို အသုံးမဝင်တဲ့ vampire ဟာ ထိပ်မှာ ချိတ်ထားဖို့ မထိုက်တန်ပါဘူး။"
သူဘေးကလူက ရုတ်တရက် ငုံ့ပြီး စခရင်ပေါ်က စကားလုံးတွေကို စကားလုံးတစ်လုံးချင်း ဖတ်ပြသည်။
လင်ကျိုးက သည် အမြန် ကျော်ဖတ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ လုချီရှဲ က သူ့ကို လှည့်ကြည့်လိုက်ပြီး
"ဒီစကားတွေက မင်းကို စိတ်မသက်မသာ ဖြစ်စေတာလား?"
လင်ကျိုး အသက်ရှုကြပ်ပြီး အသံမထွက်နိုင် တော့ချေ။
လုချီရှဲ က သူ့လျှာကို ကျစ်သက်လိုက်ပြီး "မင်းဘာလို့ သည်းခံတတ်နေပါလိမ့်။ လိုင်းပေါ်မှာ  တစ်ယောက်ယောက်က ဒီလိုမျိုး ကိုယ့်သူငယ်ချင်းကို ဆူပူကြိမ်းမောင်းနေတာ ကိုယ်မြင်ရင် ကိုယ်ဆို ပြန်ပြီးချက်ချင်း ကြိမ်းမောင်းလိုက်မိမှာ။"

လင်ကျိုး : "ခင်ဗျားက ဘာမှ ကြောက်စရာ မလိုဘူးလေ  လူတိုင်းက ခင်ဗျား လိုမဟုတ်ဘူး။"

သူနာမည်ကြီးလာကတည်းက သူ့ရဲ့ဘေးကလူတွေကို ဒီလိုကြမ်းတမ်းတဲ့စကားတွေ နဲ့ အပြောခံလာရသည်။

အစပိုင်းမှာတော့ သူတကယ်ဒေါသထွက်ခဲ့ပြီး ပြန်ရှင်းပြချင်ခဲ့ပေမယ့် ကျုံရိရန်က မလိုအပ်ဘူးလို့ပြောကာ တားခဲ့သည်။
သူတို့ကိုသွား မဖတ် ကြည့်နဲ့ပြောကာ သည်းခံပြီး လျစ်လျူရှုဖို့ ဖြည်းဖြည်းချင်း သင်ယူခဲ့ပေမယ့် သူ့ရှေ့ကလူကို ပြန်မပြောပြချင်ချေ။
လုချီရှဲက သူ့ကို ပြုံးပြပြီး  လှည့်ကြည့်လိုက်သည်။
ဆယ်နာရီမှာ အစီအစဉ် ပြီးသွားပါပြီဖြစ်သည်။

ရှောင်ချန် က အရင်ထွက်သွားပြီး ယန်မင် ကလည်း လုပ်စရာရှိလို့ ခုဏက အောက်ထပ်ကို ဆင်းသွားသည်။

အခန်းထဲမှာ လူနှစ်ယောက်ပဲ ကျန်တော့၏။
လင်ကျိုး က
"နောက်ကျနေပြီ၊ မနက်ဖြန် ရုပ်ရှင်ရိုက်အုံးမှာမလား။ ဆရာလုပြန်နားတော့လေ။"
လုချီရှဲ က ပြုံးကာ ထရပ်လိုက်သည်။
(ဘေဘီကျိုး တစ်ခွန်းဆို တစ်ခွန်းဘဲ)

လင်ကျိုး က သူ့ကို အခန်းတံခါးထိ လိုက်ပို့ပေးခဲ့သည်။

တံခါးမပိတ်ခင် လုချီရှဲ က ရုတ်တရက် ပြော လိုက်၏
"မင်း ပေးဖို့  ဘာမှမတွေးမိရင်လည်းကိုယ့်ကို ပေးစရာ မလိုပါဘူး။ စိတ်မပူနဲ့။ကိုယ်က မင်းကို စချင်နေရုံသက်သက်ဘဲ
မင်းဆန္ဒမရှိရင် ကိုယ်စိတ်မဆိုးဘူး
လင်ကျိုး၊ ကောင်းသောညပါ"

လင်ကျိုး အံ့အားသင့်သွားပြီး နောက်တွင် တံခါးကို ပိတ်လိုက်သည်။


စာရေးသူက ပြောစရာရှိတယ်။
v စတင်ရန် အခန်းနှစ်ခန်းသာ ကျန်ရှိတော့ပြီး
v မစတင်မီတွင် ကောင်းမွန်တဲ့ တိုးတက်မှုများ ရှိလာပါလိမ့်မယ် ။
လူတိုင်းက  ပိုမိုပြီး အပြုသဘောဆောင်သော မှတ်ချက်များပေးနိုင်မည်ဟု မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Dark fire (暗火)  { COMPLETE }Where stories live. Discover now