ch 48

1.7K 222 4
                                    

အခန်း ၄၈

နေ့ခင်းပိုင်းမှာ တီဗီကြော်ငြာရိုက်အတွက် ရိုက်ကူးရေးစသည်။
ဤကြော်ငြာတွင် လင်ကျိုး မှ ပရိုမိုးရှင်းပေးသည့် ရေမွှေးစီးရီးအား
အဦးဆုံး ပရိုမိုးရှင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။
  T&G မှ စျေးကြီးကြီးဖြင့် ငှားရမ်းခဲ့သော  ဓာတ်ပုံဆရာသည်ဖက်ရှင်နယ်ပယ်တွင် နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးဖြစ်သည်။
လင်ကျိုး အပြင် T&G ၏ ပင်တိုင် အမျိုးသား မော်ဒယ်လ်သည်လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ 
ရိုက်ကွင်းနေရာကတော့ မြို့တော်ရဲ့ လူစည်ကားတဲ့ လမ်းဘေးတွင် တည်ရှိနေသည်။
လင်ကျိုး က ဟိုတယ်ကတည်းက သူ့ရဲ့ စတိုင်လ် စတိုင်လ်လစ် နဲ့ ပြင်ဆင်လာခဲ့ပြီးနောက်ကို အခု ကားထဲတွင်လည်း သူ့ရဲ့ ထပ်မံမိတ်ကပ်လိမ်းခြယ်ပြင်ဆင်နေရသေးသည်။
  လုချီရှဲ  ပီကေဝါး နေပြီး သူ့လက်ကို ခေါင်းနောက်မှာထား၍ ထိုင်ခုံတွင် လင်ကျိုးအား ပေါ့ပေါ့ပါးပါး ကြည့်နေလိုက်သည်။
လင်ကျိုး က သူ့မျက်လုံးတွေကို ပင့်ကြည့်ပြီး ငေးကြည့်လျက်
"ခင်ဗျားဘာလို့ကြည့်နေတာလဲ?"

လုချီရှဲ : "ကြော်ငြာထဲမှာ တခြားတစ်ယောက်ရှိလား"
  လင်ကျိုး: "ရှိတယ်။"
သူလည်း ကြော်ငြာ ဇာတ်ညွှန်းကို မနက်ကပဲ ရခဲ့ပြီး ဖတ်ပြီးတာနဲ့ သူ့မှာ အကြံတစ်ခု ရခဲ့ပေမယ့် လုချီရှဲ  က မမေးသဖြင့် မပြောပြခဲ့ခြင်းပင်။

လုချီရှဲ : "ရိုက်ချက်က ဘာအကြောင်းအရာလဲ"
လင်ကျိုး: "...ခင်ဗျား မကြာခင် သိလာမှာပါ"
ကျန်းဂျင်နဲ့ ယန်မင်က ဝန်ထမ်းတွေနဲ့ ဆွေးနွေးဖို့ ကားပေါ်က ဆင်းပြီး ဆယ်မိနစ်လောက်ကြာတော့ ကျန်းဂျင် ပြန်ရောက်သောအခါ မကျေမနပ် ဖြစ်နေပုံပေါ်သည်။

လင်ကျိုး က "ဂျင်ကျဲ ဘာဖြစ်နေတာလဲ?"
ကျန်းဂျင် - "ကြေညာအတွက် သူတို့စီစဉ်ထားတဲ့ မော်ဒယ်က အခုမလာနိုင် သေးဘူးတဲ့ မနက်ဖြန် ပြောင်းမယ်လို့ ပြော နေကြတယ်။ ငါတို့ကို ဘယ်လိုများထင်‌ နေကြတာလဲမသိဘူး၊ သူတို့အချိန်ဇယားကမှ အရေးကြီးတာမဟုတ်ဘူး"

လင်ကျိုး: "ဒါဆို ကျဲဘာပြောလိုက်လဲ"
ကျန်းဂျင် က ဒေါသမထွက်ဘဲ "မနက်ဖြန်ကို ပြောင်းရမယ်ဆိုရင်တောင် လျော်ကြေးနည်းနည်းပေးဖို့ သူတို့ကို တောင်းဆိုရမယ်"
လုချီရှဲ  သည် ကားအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျန်းဂျင်သာမက ကင်မရာကိုင်ထားသည့် ဓာတ်ပုံဆရာလည်း အလွန်ဒေါသထွက်နေပုံပေါ်သည်။
သူသည် သူ့ဘာသာသူ မကျေနပ်မှုတစ်ခုခုကို ပြင်းပြင်းထန်ထန် အော်ဟစ်နေသည်။
ကျန်းဂျင် သည် လင်ကျိုးကို စကားအနည်းငယ်ပြောပြီးနောက် လှည့်၍ အခြားသူများနှင့် ဆက်သွယ်ရန် သွားခဲ့သည်။
လုချီရှဲ  သည် ခြေတံရှည်ဖြင့် ကားပေါ်မှ ဆင်းလာပြီး လင်ကျိုး က
"ဘယ်သွားမလို့လဲ?"
လုချီရှဲ : "သွားကြည့်မလို့။"

တကယ်တော့ မော်ဒယ်က အချိန်ကို ယာယီပြောင်းထားတာကြောင့် ကျောက မကျေနပ်သလို ဓာတ်ပုံဆရာလည်း မကျေမနပ်ပေ။
အထူးသဖြင့် မုတ်ဆိတ်မွေးနဲ့  ဓာတ်ပုံဆရာက  ကျယ်ကျယ်လောင်လောင် ကျိန်ဆဲသလိုမျိုးပြောဆိုပေမယ့်  ကျန်းဂျင်ကတော့အနည်းငယ် စိတ်ထဲ မဆင်မပြေတာ သလိုဖြစ်နေ၏။
တခြား လူများကလဲ ထိုသူ၏ ဘာသာစကား နားမလည်တဲ့အတွက် စကားလုံးဝမပြောနိုင်ခဲ့ချေ။
လုချီရှဲ  ရောက်လာပြီး ထိုလူကို စကားအနည်းငယ်ပြောလိုက်သည်။
လုချီရှဲ  သူတို့၏ဘာသာစကားကို အလွန်ကျွမ်းကျင်စွာပြောတတ်ပုံပေါ်သည်။
ဓာတ်ပုံဆရာ၏ မျက်လုံးများက သူ့အား စိုက်ကြည့်နေသည်။
ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာကာ လုချီရှဲ  ကို လက်ညှိုးထိုးပြလိုက်သည်။
အခြားသူများအား စိတ်လှုပ်ရှားစွာ စကားပြောနေချိန်တွင် ကုန်အမှတ်တံဆိပ်ဝန်ထမ်းများသည် မိမိတို့၏စိတ်ကို မဆုံးဖြတ်နိုင်သကဲ့သို့ ချီတုံချတုံဖြစ်နေပုံရသည်။
ခဏအကြာတွင်  မနေ့ညက ကျန်းဂျင် နှင့် ညစာစားခဲ့သော ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်သည် လျင်မြန်စွာ ရောက်လာသည်။
ကျန်းဂျင် က သက်ပြင်းချကာ တစ်ဖက်လူနှင့် အင်္ဂလိပ်လို ဆက်သွယ်ပြောဆိုရန် လာခဲ့သည်။
ဓာတ်ပုံဆရာလည်း လာပြီး သူ့အဆိုကို ထပ်ခါတလဲလဲ ပြောပြန်၏။
ကိုယ်စားလှယ်က သူတို့ကို ကြည့်ကာ လုချီရှဲ က သူ့ရှေ့ကို လာပြီး မေးခွန်းတချို့ မေးနေ၏။
လုချီရှဲ  က ခေါင်းညိတ်ပြပြီး တစ်ဖက်ကို ဖုန်းဆက်ပြီးနောက် ကျန်းဂျင် က လုချီရှဲ  ကိုမေးလာသည်
"သူတို့ဘာပြောလဲ"

လုချီရှဲ က ပြုံးပြီး "ဓာတ်ပုံဆရာက ကျွန်တော့်ပုံစံ က ကြေညာအတွက်လိုအပ်တဲ့ အခန်းကဏ္ဍနဲ့ သင့်တော်တယ်လို့ ပြောခဲ့ပြီး  မော်ဒယ်ဖြစ်ဖို့အတွက် အကြံပြုခဲ့တယ်။
ဒါပေမယ့် Brand ကိုယ်စားလှယ်က ဆုံးဖြတ်ချက်မချခင် သူဌေးကိုအရင် ညွှန်ကြားချက်တွေတောင်း‌‌ နေတယ်။"

ကျန်းဂျင် အနည်းငယ် အံ့သြသွားပြီး ဘာပြောရမှန်းမသိဘဲ ပါးစပ်ကို ဖွင့်လိုက်သည်။
မနက်ခင်းမှာ ကြော်ငြာဇာတ်ညွှန်းကို သူမလည်းဖတ်ခဲ့ ပြီးပြီဖြစ်ကာဒီကြော်ငြာက ဘာကိုဆိုလိုတာလဲ ဆိုတာ သူမသိသည်။
လင်ကျိုး ရဲ့ ရှုထောင့်ကနေ တခြားလူတစ်ယောက်နဲ့ မဟုတ်ဘဲ လုချီရှဲ နှင့်အတူ ကြည့်လိုက်သောအခါ တော်တော်ကို ရှင်းရှင်းလင်းလင်း ဖြစ်နေ၏။

လုချီရှဲ  က သာကြော်ငြာထဲ အတူဝင်ပါလာတဲ့အခါ၊
ပြည်တွင်းကွန်ရက်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာ သူတွေးကြည့်နိုင်သည်။
ဒါပေမယ့် မော်ဒယ်လ်ရွေးချယ်ရာမှာ သူတို့က ဝင်ပြောစလို့မရသလို အမှတ်တံဆိပ်က သဘောတူရင် လင်ကျိုးနှင့်အတူ သရုပ်ဆောင်ခိုင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။
ဖုန်းခေါ်ဆိုသူသည် အထက်လူကြီးဖြစ်ပြီး ကိုယ်စားလှယ်နှင့် ဆယ်မိနစ်ကျော်ကြာ တိုင်ပင်ဆွေးနွေးခဲ့သည်။
ထိုအချိန်တွင် ဓာတ်ပုံဆရာထံသို့ ဖုန်းကို ပေးလိုက်သည်။
ဓာတ်ပုံဆရာသည် အလွန်စိတ်လှုပ်ရှားနေပြီး စကားဆက်ပြောနေပါသည်။
စကားပြောနေရင်း ရံဖန်ရံခါတွင် သူသည် လုချီရှဲ  ကို သဘောကျစွာ ငေးကြည့်နေသည်။
ကျန်း နာရီဝက်အကြာတွင် သရုပ်ဆောင်များဖြစ်သော လင်ကျိုး နှင့် လုချီရှဲ  တို့အတူ တရားဝင်စတင်ရိုက်ကူးခဲ့သည်။
လင်ကျိုး က စိတ်ရှုပ်ထွေးနေတုန်းဖြစ်ပြီး၊ အချိန်တိုလေးအတွင်းမှာ သူနဲ့ အတူ သရုပ်ဆောင်ရမည့် မော်ဒယ်လ်  ဘာကြောင့် လုချီရှဲ ဖြစ်လာသည်ဆိုတာ မသိခဲ့ချေ။

လုချီရှဲ  က သူ့ကို "မင်းရဲ့ဇာတ်ရုပ်လေးပဲ သရုပ်ဆောင်၊ အရမ်းကြီး မစဉ်းစားပါနဲ့"
လင်ကျိုး က သူ့ကို ခဏလောက်ကြည့်ရင်း ငြိမ်သက်သွားကာ ပြန်လှည့်၍ သူ့ထိုင်ခုံဆီသို့ လျှောက်သွားသည်။
လမ်းပေါ်မှာ ရပ်ထားတဲ့ ပြိုင်ကားတစ်စီးထဲသို့  သူဝင်သွားလိုက်သည်။
ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူက တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပြီး ကားထဲမှာ လစ်လျူရှုထားသလို ထိုင်နေတဲ့ play boyတစ်ယောက်ပင် ဖြစ်သည်။

သူ့အမူအရာက ပေါ့ပေါ့ပါးပါးနဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ရတာကို စိတ်မရှည်သလိုဖြစ် နေချိန် လမ်းတစ်ဖက် မှ
ဖြည်းညှင်းစွာလျှောက်လာနေသော အမျိုးသားတစ်ဦး ဆီသို့သူ၏ အကြည့်များ ရောက်သွားသည်။
အံဝင်ခွင်ကျ နက်မှောင်သော မီးခိုးရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားရှိသည်။
သူသည် မယုံနိုင်လောက်အောင် ချောမောလှသော်လည်း သူ၏ အမူအရာမှာ အလွန်ပင် ဂရုမစိုက် ပုံဖြစ်နေသည်ကို ခပ်လှမ်းလှမ်း မှ မြင်နေရသည်။
လျှောက်လှမ်းပေါ်တွင် လျှောက်နေသော ထူးခြားသည့် မော်ဒယ်လ် တစ်ဦးကဲ့သို့ နှယ် စမတ်ကျနေပြီး လွန်ခဲ့တဲ့ ရာစုနှစ်များက ဂုဏ်သရေရှိ လူကြီး လူကောင်းတစ်ယောင်နှယ် ကျက်သရေ ရှိနေ၏။
ကားပေါ်ရှိ play boyသည် ခေါင်းငုံ့ကာ ထိုလူတဖြည်းဖြည်း ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေသည်။
သူတို့၏ အကြည့်များသည် တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်မျှသာ ဆုံတွေ့ခဲ့ကြသည်။
ထိုယောက်ျား၏ ပုံသဏ္ဍာန်သည် play boy ၏ မျက်ဆံအနက်များတွင် ထင်ဟပ်နေသည်။
ဆုံးဖြတ်တွေဝေ နေရင်းနှင့်ပင် တပြိုင်နက်တည်းတွင် ဆန္ဒများ တဟုန်ထိုး ခုန်တက်လာသည်။
ထိုလူသည် ထွက်သွားပြီးသည်နှင့် လူငယ်သည် ကြောင်တက်တက်ဖြင့် အာရုံပြန်ဝင်လာသည်။
ထို့ နောက်ခေါင်းကိုလှည့်၍ ညင်သာစွာ ရှူရှိုက်လိုက်သောအခါ လေထဲတွင် မွှေးပြန့်သည့် ရနံ့ တချို့သာ ကျန်ရှိတော့သည်။
သူ့နှင့်အတူ သရုပ်ဆောင်ရမည့်မော်ဒယ် မှာ လုချီရှဲ  ဖြစ်သောကြောင့် လင်ကျိုး  အနည်းငယ် ရှက်သွားသည်။

ဓာတ်ပုံဆရာသည် ဇီဇာကြောင်ပြီး တောင်းဆိုနေသဖြင့် သူ၏ မိုက်ခရိုဖော်ပြချက်များကို အကြိမ်ကြိမ် ရိုက်ယူခဲ့သည်။
ဓာတ်ပုံဆရာက ပြင်းထန်သော လေယူလေသိမ်းဖြင့် အင်္ဂလိပ်လို မအော်မီတွင် ပြန်လည်ရိုက်ယူမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
"ပြီးပြည့်စုံတယ်"
လို့ သူအော်ပြောလာသောအခါ  အရင်ကထက်တောင် ပိုစိတ်လှုပ်ရှားနေပုံရသည်။
လင်ကျိုး သည် အခြားအ၀တ်အစားများပြောင်းရန် ကားပေါ်သို့ ပြန်တက်ခဲ့သည်။
ကြော်ငြာ၏သုံးပုံတစ်ပုံသာ ရိုက်ကူးခဲ့ရသေးပြီး ယင်းနောက်တွင် သူ၏ one-man show ရိုက်ရ မည် ဖြစ်သည်။
လုချီရှဲ  သည် ကားနောက်သို့ လိုက်သွားသည်။
  လင်ကျိုး သည် သူ့အကျီရှိ ကြယ်သီးတစ်လုံးစီ ဖြုတ်လိုက်နေစဉ်  "... မကြည့်နဲ့"
သူတို့တစ်ယောက်နှင့်တစ်ယောက် အကြိမ်ပေါင်းများစွာ ရိုးသားခဲ့ကြသည်မှာ သိသာထင်ရှားလှသော်လည်း ယခုလေးတင်ရိုက်ကူးထားသော ဗီဒီယိုကြောင့်ရှက်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။
လုချီရှဲ  ၏ ဤကဲ့သို့ စိုက်ကြည့်ခံရခြင်းမှာ လင်ကျိုးအားကူကယ်ရာမဲ့ပြီး ရှက်ရွံ့မှုကို ခံစားရစေသည်။
လုချီရှဲ  သည် ရှေ့ကို မတ်မတ်ရပ်လိုက်သည်။
လင်ကျိုး သည် အနည်းငယ် တုန်လှုပ်သွားပြီး ထိုင်ခုံနောက်ဘက်သို့ ဖိမိသွားသောကြောင့် မလှုပ်နိုင် တော့ပေ။
လုချီရှဲ  က လက်ကို မြှောက်ကာလင်ကျိုး၏ နားရွက်ကို ညင်သာစွာ ပွတ်သက် လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ရယ်မောကာ
"ဒီလိုဆို ရှက် သေးလား?"
လင်ကျိုး: "မဟုတ်ဘူး၊ ကျွန်တော့်ကိုမထိနဲ့။"
လုချီရှဲ  က သူ့ခေါင်းကို လှည့်လိုက်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။
လင်ကျိုးသည်လည်း အံ့ဩသွားပြီး လုချီရှဲ ၏နှုတ်ခမ်းကိုပြန်လည် နမ်းရှိုက်လိုက်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ဒုတိယပိုင်းကို ဆက်လက်ရိုက်ကူးကြသည်။
ဤအပိုင်းတွင်၊ သခင်လေးသည် သူ၏စိတ်ကူးထဲရှိလူရဲ့ အနံ့ကို စွဲလန်း တေလျက် ရှာဖွေ နေသည်။
မြို့ထောင့်တိုင်းကို ရှာဖွေသည်။ sceneတိုင်း သည် သူ၏ ရူးသွပ်မှုနှင့် အလိုဆန္ဒများကို ရိုက်ကူးထားပြီး သူ့မျက်လုံးများသည် ပူလောင်မှုများနှင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် သူသည် ကွန်တိန်နာ အတန်းရှည်ကြီးရှေ့တွင် ရပ်လိုက်သည်။
အပေါ်မှ ထင်ထင်ရှားရှား ထင်သာမြင်သာရှိသော ရေမွှေးပုလင်းကို
ယူကာ စမ်းသပ်စာရွက်ပေါ်တွင် ဖြန်းကာ ဖြည်းညှင်းစွာ အနံ့ခံလိုက်ပြီး နောက်သူ့မျက်လုံးများက တဖြည်းဖြည်း တောက်ပလာကာ ယခုအခိုက်တွင်၊ စိတ်အလိုဆန္ဒနှင့် ပြည့်စုံသွားသည့်ပုံပေါ်၏

လုချီရှဲ  သည် ကင်မရာအပြင်ဘက်တွင် ရပ်ကာ သူ့ကိုကြည့်နေသည်။
လင်ကျိုး ၏ သရုပ်ဆောင်မှုက အမှန်တကယ် လိမ္မာပါးနပ်သည်။
ထိုကဲ့သို့သော အာရုံနှင့်သာ yandere ဇာတ်ရုပ်ကို သရုပ်နေရသော်လည်းဇာတ်ရုပ်နှင့်ကွဲလွဲနေမည်မဟုတ်ပေ။
အကယ်၍ အပိုလုပ်မိပါက ဆိုးရွားနေမည်ဖြစ်၍ လျှော့ပေါ့ သရုပ်ဆောင်မိပါကလည်း အလုပ် ဖြစ်မည်မဟုတ်ပေ။

စိတ်ဝင်စားဖို့ကောင်းလောက်အောင် လင်ကျိုးက မှန်မှန်ကန်ကန် သရုပ်‌ ဆောင်နေခဲ့သည်။
လင်ကျိုး ကို အလွန်စိတ်ကျေနပ်မှုရှိကြောင်း ဓာတ်ပုံဆရာ၏ ထုတ်ဖော်ပြောဆိုမှုမှလည်း တွေ့မြင်နိုင်သည်။

အစက လုချီရှဲ  ၏ စိတ်နေစိတ်ထား နှင့် အသွင်အပြင်သည် ဓာတ်ပုံဆရာကို အံ့အားသင့်စေခဲ့ပြီး
ထို့နောက်တွင်
ပြီးပြည့်စုံသော ၊အသွင်အပြင်နှင့် ဖြူလျအသားအရည်ရှိသော အရှေ့တိုင်းအလှများရှိသည့်
လင်ကျိုး သည် မတူညီသော စတိုင်လ်နှင့် ဆွဲဆောင်မှုရှိ‌ နေသည်။
ထို့ပြင်သူ၏စွမ်းဆောင်ရည်သည်
လူတိုင်းမျှော်လင့်ထားသည်များထက်ပင် ကျော်လွန်နေပါသည်။ .
နောက်ဆုံးအပိုင်းကို စတူဒီယိုမှာ ရိုက်ကူးခဲ့သည်။
လင်ကျိုး သည် ဖြူစင်သော ပိုးသားရေချိုးဝတ်စုံဝတ်ထားပြီး ပေါ့ပေါ့ပါးပါးနှင့် ပျင်းရိသော အနေအထားဖြင့် ကတ္တီပါအနက်ရောင် အခင်းပေါ်တွင် လဲလျောင်းနေပါသည်။

သူသည် သူ့လက်ကောက်ဝတ်ပေါ်သို့ ရေမွှေးကို ဖျန်းပြီး နှာသီးဖျားအထိ ပင့်တင်ကာ နက်ရှိုင်းစွာ ရှူသွင်းလိုက်သည် ။

သူ၏ အနည်းငယ်ကျဉ်းမြောင်းသော အနက်ရောင် မျက်ဆံဝတ်များသည် စွဲလမ်းမှု မူးဝေမှုများနှင့် ပြည့်နှက် နေသည်။
သူ၏ အကြည့်များကအဓိပ္ပါယ်မဖော်နိုင်ဘဲ စွဲမက်ဖွယ်‌ ကောင်း‌ နေလျက် သူ တောင့်တ‌ နေသည့်ရနံ့အား  ရ‌ စေရန်အတွက်လက်ကောက်ဝတ်အား  ညင်သာစွာ နမ်းလိုက်သည်။

သူ၏အစွဲအလန်းရဆုံးချစ်သူကို ပြင်းပြင်းထန်ထန် နမ်းနေသလိုမျိုး ကိုးကွယ် နေသလိုမျိုးပင်။
၊ဓာတ်ပုံဆရာက သူ့အမူအရာတွေကို ရှုထောင့်အမျိုးမျိုးကနေ ဖမ်းယူထားပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ အရောင်တွေထွက်နေ၏။
လုချီရှဲ  က သူ့ကို အေးစက်စွာ ကြည့်ပြီး သူ့အမူအရာ အနည်းငယ်မှောင်မိုက်နေသည်။
ဓာတ်ပုံဆရာက နောက်ဆုံးတွင် "ကောင်းပြီ" ဟုပြောသောအခါ
လင်ကျိုး သည် အမှန်တကယ်ပင် ချွေး ‌အလွန်ထွက် နေကာ နောက်ဆုံးတွင် သက်ပြင်းကိုချလိုက်သည်။

လင်ကျိုး ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဓာတ်ပုံဆရာ၏ စိတ်အားထက်သန်မှုကြောင့် နေ့ခင်းပိုင်းတွင် ရိုက်ကူးခဲ့သော ကြော်ငြာသည် လွန်စွာချောချောမွေ့မွေ့ဖြစ်သွားခဲ့သည်။

အမှတ်တံဆိပ်နှင့် ဆိုက်ရှိလူများမှာလည်း အလွန်ကျေနပ်ခဲ့ကြသည်။
လင်ကျိုး သည် အဝတ်လဲရန် အဝတ်လဲခန်းသို့သွားခဲ့သည်။ လုချီရှဲ ကလည်း  သူ့နောက်မှလိုက်ကာ အဝတ်လဲခန်းတံခါးကိုဆွဲပိတ်လိုက်သည်။
လင်ကျိုး က သူ့လက်ကို ဆန့်တန်းလျက် တွန်းထုတ်လိုက်ပြီး

"မြန်မြန်ပြန်သွားလိုက် နေရာက ကျဉ်းကျဉ်းလေး တစ်ယောက်ယောက်လိုက်လာရင် ဘယ်လိုလုပ်မလဲ"

လုချီရှဲ  က  သူ့ရေချိုးဝတ်စုံကြိုးသိုင်းကြိုးကို ဆွဲယူကာ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
လင်ကျိုး၏ ရေချိုးဝတ်စုံမှာ ကျွတ်လွယ်၍ သူ၏ဖြူလျသော ရင်ဘက် အား ထွက်ပေါ်လာစေသည်။
လုချီရှဲ  က သူ့ရေချိုးဝတ်လုံကို မသိစိတ်ဖြင့် ဆွဲစိလိုက်ပြီး
" ရပ်လိုက် တော့ ကျွန်တော်ဗိုက်ဆာနေပြီ အဝတ်အစားလဲပြီး ညစာစားဖို့ ဟိုတယ်ကို ပြန်ကြရအောင်။"
လုချီရှဲ  က "ကြော်ငြာ လေးတစ်ခုအတွက် မင်းဘာလို့ဒီလိုဝတ်ထားတာလဲ။
ကိုယ်သာဒီနေ့မလာဘူးဆိုရင် တခြားတစ်ယောက်နဲ့ ဒီလိုကြော်ငြာရိုက်ဖို့ စီစဉ်ထားတာလား။
မင်းကို လူအများကြီး စိုက်ကြည့်နေတုန်းပဲ။"
လင်ကျိုး က "ခင်ဗျားဘာတွေပြောနေတာလဲ
ဒါက သာမန်အလုပ်မဟုတ်ဘူး လေ
ဘယ်လိုကြော်ငြာမျိုးလဲ ဆိုတာခင်ဗျလည်းသိပါတယ်
မသိတဲ့သူများကြားရင် ကျွန်တော်တစ်ခုခုရိုက်နေတယ်လို့ ထင်ကြလိမ့်မယ်
ကျွန်တော်ဘာမှမပေါ်သွားဘူး။ ခင်ဗျားမပျော်ဘူးလား?"

လုချီရှဲ  က သူ့ကို ကြည့်လိုက် သောအခါလင်ကျိုး က သူ့လက်ကို မြှောက်ပြီးလုချီ၏မျက်နှာကို တို့လိုက်သည်
" ကောကော အရမ်းငြီးငွေ့မနေပါနဲ့
သဝန်လည်းမတိုပါနဲ့၊
ကျေးဇူးပြုပြီး အလုပ်‌ လေးကောင်းကောင်းလုပ်ပြီး ကျွန်တော့်အဝတ်အစား အရင်လဲပါရစေ"

လုချီရှဲ  သည် ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး နံရံကို တွန်ဖိကာ နမ်းလိုက်သည်။ "အင်း--"
လင်ကျိုး က ညည်းလိုက်ပြီး လုချီရှဲ  ၏လျှာသည် သူ၏ပါးစပ်ထဲသို့ဝင်လာပြီး သူ့ကို နက်ရှိုင်းစွာ နမ်းရန် အခွင့်အရေးယူလိုက်သည်။
လင်ကျိုး က သည်းမခံနိုင်တော့ဘဲ လက်လျှော့လိုက်သည် ။
သူ့လက်တစ်ဖက်ကို  လုချီရှဲ  ၏ပခုံးပေါ်တင်လိုက်ပြီး သူ့အားတုံ့ပြန်ရန် နှုတ်ခမ်းကိုဖွင့်လိုက်သည် ။
ညင်သာ နေသည့်အနမ်းမှမှပင် အပြန်အလှန်လွှတ်ပေးဖို့ ခတ်သွား သော ပြင်းပြသော အနမ်းသို့ ပြောင်းလဲသွားကာ မရေရာသောအသံသည် ကျဉ်းမြောင်းသောနေရာ လေးထဲတွင်ပြည့်သွားသည် ။

ကျန်းဂျင်က အပြင်မှာစောင့်နေတာကို စိတ်မရှည်လာ၍ ယန်မင် ကိုသွား တံခါးလာခေါက်ခိုင်းမှသာ
လင်ကျိုး အိပ်မက်ကနေ နိုးလာလိုလန့်သွားကာ သူ့ရှေ့ကလူကို တွန်းလိုက်သည်။

လုချီရှဲ  သည် နောက်ဆုံးအကြိမ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖြည်းညှင်းစွာ လွှတ်လိုက်ကာ သူ့နှုတ်ခမ်းထောင့်မှ တံတွေးများကို လက်မနှင့် သုတ်လိုက်သည်။
လင်ကျိုး အနည်းငယ် ဒေါသထွက်နေ၍ တဖန်ပြန် ကိုက်လိုက်သည်။
လုချီရှဲ  သည် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် ကိုက်ရန် ခွင့်ပြုလိုက်သည် ။
နောက်ဆုံးတွင် လင်ကျိုး သည် သူ့သွားများ နာကျင်လာသည်ကို ခံစားခဲ့ရပြီး ဆုတ်ခွာသွားခဲ့ရသည်။
"ကျိုးကော? နေကောင်းရဲ့လား? အထဲမှာဘာလို့အရမ်းကြာ နေတာလဲ"

ယန်မင် အပြင်ဘက်မှ သတိထားပြီးမေးလိုက်သည်။
"အခုချက်ချင်းပဲထွက်ခဲ့မယ်"
လင်ကျိုး က သူ့အသံနည်းနည်း ပြာသွားမှန်းသိလို့ ချောင်းဆိုးလိုက်ပြီး
"မင်းအရင်သွား၊လိုက် ငါ့အဝတ်အစားလဲပြီး ချက်ခြင်းလာခဲ့ပါ ဂျင်ကျဲ ကိုပြောလိုက်"
လို့ပြောလိုက်၏။
ယန်မင် : "ဒါဆို လည်းမြန်မြန် လေးလုပ်အုံး ကော။"
ခြေသံများသည် တဖြည်းဖြည်း လှမ်းသွား မှကာ လင်ကျိုး သည် လုချီရှဲ အား ကို စိုက်ကြည့်ရင်း
"ဂျင်ကျဲ က အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ တစ်ခုခုလုပ်နေတယ်ဆိုပြီး သံသယဖြစ်သွားလိမ့်မယ်"
လုချီရှဲ  က သူ့ကို လွှတ်လိုက်ပြီး သူ့နောက်က တံခါးဘောင်ကို မှီလျက် လင်ကျိုး အဝတ်အစားလဲတာကို ကြည့်နေသည်။
လင်ကျိုး သည် ထို လူကို ဂရုမစိုက်ဘဲ နောက်သို့လှည့်ကာ အဝတ်အစားများ အမြန်လဲဝတ်လိုက်သည်။
သူတို့ထွက်သွားချိန်မှာတော့ ကျန်းဂျင်က ကုန်အမှတ်တံဆိပ်ကလူတွေကို စကားပြောနေတုန်းပင်၊
တစ်ဖက်က နက်ဖြန်ရိုက်ဖို့ ဇာတ်ကွက်တွေရှိသေးရင် သူတို့လာကြည့်ဖို့ လိုလိမ့်မည် ဖြစ်သည်၊
သို့သော် ဒါက ပြဿနာမရှိချေ။ မူရင်း
ရိုက်ကူးချိန်က နှစ်ခုပဲ ကျန်ရှိပြီးရက်ပိုင်းအတွင်း မှာပင် ရိုက်ရန် ကျန်းဂျင်က သဘောတူလိုက်သည်။
လင်ကျိုးကလည်း ရှေ့သို့သွားလိုက်၍  သူနှင့် လုချီရှဲ  က တစ်ဖက်လူကိုကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ယဉ်ကျေးစွာ နှုတ်ဆက်ကာကားပေါ်သို့ တက် လိုက်လေသည်
ကားတံခါးကိုပိတ်ပြီးနောက် ကျန်းဂျင် သည် လင်ကျိုး ကိုပြန်ကြည့်ကာ လုချီရှဲ ကိုက်ထားသောနှုတ်ခမ်းပေါ်သို့  အကြည့်များကျ ရောက်သွားသည်။

လင်ကျိုးက လည်း ရှက်ရွံ့စွာကြည့်ကာ ကျန်းဂျင် သည် စကားတစ်ခွန်းမှ မပြောဘဲ သက်ပြင်းချလိုက်သည်။

ညစာစားဖို့ ဟိုတယ်ကို ပြန်လာပြီးနောက် သူ့အခန်းအပေါ်ထပ်ကိုတက်သွားလိုက်သည်။
လုချီရှဲ  က သူ့အခန်းကတ်ကို ပွတ်ဆွဲပြီး တံခါးကိုဖွင့်လိုက်၏။

လင်ကျိုး က သူ့နောက်ကို လိုက်သွားရင်း အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

တံခါးပိတ်ပြီးတာနဲ့ သူ  လုချီရှဲ ၏ လက်ကို လှမ်းဆွဲလိုက်လေသည်။

လုချီရှဲ  လှည့်ကြည့်လိုက် သောအခါ လင်ကျိုးက လုချီရှဲ ကို မှီ၍ သူ့လည်ပင်းကို ရှူရှိုက်ရင်း
"ကျွန်တော် ဒီညနေခင်းလုံး ဒီရနံ့ပဲ ခံနေရတာ အရင်က အနံ့က သိပ်ကောင်းမယ် မထင်ဘူး။"

လုချီရှဲ  က နံရံကို မှီပြီး မလှုပ်ဘဲ လင်ကျိုးအား ဖိစေပြီး
"အခု ရောဘယ်လိုလဲ"
တစ်စက္ကန့်လောက် ခေတ္တရပ်သွားပြီးနောက် လင်ကျိုး က "မင်းမှာရှိတဲ့ ရနံ့ကအနံ့တော်တော်ကောင်းတယ်"

လုချီရှဲ  က တိုးတိုးလေး ရယ်လိုက်ပြီး သူ့ရဲ့ အသက်ရှုသံက သူ့နားထဲကို စိမ့်ဝင်သွား၏။
လင်ကျိုး က အနည်းငယ် ယားယံသွားသလို ခံစားလိုက်ရသည်။
သူ ခေါင်းကို စောင်းလိုက်ကာ လုချီရှဲ ကို ဖိလိုက်ပြီး လုချီရှဲ  ရဲ့ လည်ပင်းအားမှီကာ နားရွက်နောက်ဘက်ကို ရှူရှိုက်လိုက်သည် ။

နောက်ဆုံးတွင် လင်ကျိုးကသေချာစွာပြောခဲ့သည်- "ခင်ဗျားရဲ့အနံ့က ပိုကောင်းတယ်"
ရေမွှေးက ပုလင်းထဲက ဖြန်းလိုက်သလောက် မပြင်းဘဲ လုချီရှဲ  ရဲ့ ကိုယ်ပိုင်ရနံ့နဲ့ ရောစပ်ထားလို့ ဖော်မပြနိုင်တဲ့ ခံစားမှုမျိုး ခံစားရပေမယ့် အနံ့ကတော့ တော်တော်ကောင်းသည်ပင်


လုချီရှဲ  က သူ့လက်ကို ခါးမှာတင်ပြီး သူ့ခါးကို ညင်သာစွာ ညှစ်လိုက်သည်-
"တကယ်လား?ကိုယ်ကတော့ ရေချိုးဂျယ်က အနံ့ပိုကောင်းတယ်ထင်တယ်"
လင်ကျိုး က "ခင်ဗျားရဲ့အကြိုက်က တကယ်ထူးခြားတာဘဲ"
လုချီရှဲ : "မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။"
လင်ကျိုး: "ဘာရည်ရွယ်ချက်ရှိလို့လဲ"

လုချီရှဲ  က မရှင်းပြတော့ဘဲ ခေါင်းငုံ့ကာ လည်ပင်းကို ပြင်းပြင်းထန်ထန် စုပ်လိုက်သည်။
လင်ကျိုး က ညည်းညူရင်း သူ့၏အသံက မြင့် တက်လာပြီး သူ့ကိုယ်သူပင် သတိမထားမိလိုက်ပေ။
လုဪ သည်  သူ့တင်ပါးများကို ဆုပ်ကိုင်ထားပြီး ကလေးချီသကဲ့သို့သူ့ကို မြှောက်ချီလိုက်သည်။
လင်ကျိုး က လန့်ဖျပ်သွားပြီး လုချီရှဲ  ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် အမြန်ဖက်ထားလိုက်သည်။
လုချီရှဲ  သည် သူ့လက်နှစ်ဖက်ဖြင့်ပင့်ချီလျက် အိပ်ခန်းထဲသို့ လျှောက်သွား ပြီးနောက် ကုတင်ပေါ်သို့ လဲကျသွားသောအခါ နှစ်ယောက်စလုံး အနည်းငယ် ရှက်သွားကြသည်။
လင်ကျိုး ၏ လက်သည် လုချီရှဲ  လည်ပင်းကို ရစ်ပတ်ထားဆဲဖြစ်ပြီး ခြေထောက်တစ်ဖက်သည် သူ့ခါးတွင် ချိတ်ထားကာ ကျယ်လောင်စွာ ရယ်မောနေလေသည်။
.လုချီရှဲ  က သူကိုဖိကာနမ်းနေပြီး လင်ကျိုးကလည်း သူ့ခေါင်းကို မြှင့်လျက် ရှေ့ကို ဖိကာ စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။
နှုတ်ခမ်းများနှင့် သွားများသည် တစ်ယောက်ကို တစ်ယောက် ထိမိသွားကာ နက်ရှိုင်းစွာ နမ်းရှိုက်လိုက်ကြသည်။

အသက်ရှုမဝလုနီး အချိန်တွင် ခဏရပ်သွားကြသည်။

နှုတ်ခမ်းများသည် တစ်ခုနှင့်တစ်ခု ခွဲ၍မရပေ။
လင်ကျိုး သည် ရယ်မောကာ အသံတိုးတိုးလေးဖြင့်
“နမ်းရတာ လက်ကောက်ဝတ်နဲ့ မတူဘူး”
လုချီရှဲ  ၏ လက်သည် သူ့အင်္ကျီ၏ အောက်သို့ ရောက်ရှိလာပြီး သူ့နောက်ကျောတစ်လျှောက် ဖြည်းညှင်းစွာ ပွတ်သက်လျက်ဖိချလိုက်သည်။

လင်ကျိုး သည် ဒါကို သည်းမခံနိုင်တော့သဖြင့် သူ ဖြည်းညှင်းစွာ သက်ပြင်းချကာ သူ့ခန္ဓာကိုယ် က တင်းမာလာသည်။
"ဘာကွာခြားလဲ" လုချီရှဲ  က သူ၏လက်ချောင်းများ လျှင်မြန်စွာ ပွတ်သက်ရင်း မေးသည်။
လင်ကျိုး: "အပူချိန်နဲ့ နူးညံမှုက မတူဘူး၊ အမ်..."
နှလုံးခုန်နှုန်းလည်း မတူချေ။
လုချီရှဲ  ဘယ်ကို ဖိမိသွားသည်မသိ၊ လင်ကျိုးပင့်သက်ရှိုက်မိပြီး သူ၏အသံက ပို၍ ချိုမြိန်လာသည်။
"ခင်ဗျားရဲ့နှုတ်ခမ်းတွေက ပိုပူပြီး နူးညံ့တယ်"
လင်ကျိုး က  "ဒါပဲ "

လုချီရှဲ  က သူ့ကို စေ့စေ့ကြည့်နေတာကြောင့် လင်ကျိုး စိတ်မသက်မသာ ခံစားရပြီး မျက်လုံးတွေကို အုပ်ဖို့ သူ့လက်ကို မြှောက်လိုက်ကာ "မကြည့်နဲ့..."
လုချီရှဲ  က သူ့ခါးကို တင်းတင်းကျပ်ကျပ် ညှစ်ပြီး နမ်းပြန်သည်။


        **********************


အလုပ်အကြောင်း ပြန်ရရင် သိပ်စိတ်မပါဘူး သုံးခါလောက် ခွဲပြန်ရတယ်။
ဟိုလိုအခန်းဆိုရင်တော့ တစ်ချိုးတည်းပဲ🤭

Dark fire (暗火)  { COMPLETE }Where stories live. Discover now