Part-1

648 58 16
                                    

"ချန်ချန်...အရုပ်တွေ မှာထားပြန်ပြီလား....ဒီကလေးနှယ့်.... အထက်တန်းတောင်ရောက်နေပြီကလေးစိတ်က
မပျောက်သေးဘူး"

ခြံအပြင်မှ ဘဲလ်သံမြည်လို့
ချန်ချန်အခန်းထဲမှအမြန်ဆင်းလာပါသော်လဲမမှီလိုက်။

deliveryသမားမှာ ချန်ချန့်ရဲ့ယုန်အရုပ်ကြီးကို မေမေ့လက်ထဲအပ်လို့ထားသွားခဲ့ပြီဖြစ်သည်။

ချန်ချန့်ကိုယ်လုံးလောက်နီးပါးရှိသည့်ယုန်အရုပ်ကြီးကို သယ်ထားကာအထဲဝင်လာသည့်မေမေ့ဆီမှဆူပူသံလေးကိုအရင်ကြားလိုက်ရပါသည်။

တစ်ချက်မျက်နှာချိုသွေးကာ
​မေမေ့အား ရီပြလိုက်သည်။

"ကဲပြောပါအုံး ဒီတစ်ခါရော ဘယ်က GAတွေပေါက်ပြန်ပြီလဲ "

"ဒီတစ်ခါက ကိုကိုမှာပေးထားတာမေမေရဲ့ ဟီး "

"ဂယူဗင်းကိုသွားပြီးပူဆာပြန်ပြီလား သားသားနော် ဂယူဗင်းကိုအဲ့လိုတွေမပူဆာရဘူးပြောထားတာကို ဟိုကသူ့အလုပ်နဲ့သူတောင်မအားတာကို မင်းကသွားသွားရှုပ်​နေတယ်"

"သားပူဆာတာမဟုတ်တာကို... "

"မင်းမပူဆာပဲဟိုကအလကားနေဝယ်ပေးမလား အကြောင်းမသိရင်
ခက်မယ် "

"ကိုကိုက သူ့ဘာသာဝယ်ပေးတာမေမေမယုံရင်မေးကြည့် ပေး...
သားအရုပ်"

မေမေ့ကိုစိတ်ကောက်ကာ မေမေ့လက်ထဲမှအရုပ်ကိုဆွဲယူ၍ အပေါ်ထပ်ရှိအခန်းထဲသို့ပြန်တက်လာခဲ့လိုက်သည်။

ကိုကို?
ကိုကိုဆိုတာ ချန်ချန်တို့ရှေ့အိမ်က ချန်ချန်နဲ့လဲဟိုးငယ်ငယ်ထဲကရင်းနှီးတဲ့ ကိုကိုဂယူဗင်းဖြစ်သည်။ဆရာဝန်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ကိုကိုက
ချန်ချန်နဲ့လဲအသက်က၈နှစ်နီးပါးလောက်ကွာသည်။

ကိုကိုကချန်ချန့်ကိုငယ်ငယ်လေးထဲကအခုချိန်ထိအရမ်းချစ်ပြီးအလိုလိုက်ပေးတာမို့ ချန်ချန်ကတော့သဘောတွေကျနေရတော့တာပါပဲ။

အခုလဲဒီအရုပ်ကြီးကချန်ချန်ကအတင်းပူဆာတာမဟုတ်ပါဘူး။
လိုင်းပေါ်မှာတွေ့လိုက်ရတဲ့ ဒီအရုပ်ပုံလေးကို ကိုကို့ရဲ့အကောင့်သို့သွားပို့၍

 Loveable Diary  (Gyujin)Where stories live. Discover now