ဒီနေ့တော့ကျောင်းပိတ်ရက်။
မေမေတို့ကလဲအခုထိပြန်မလာကြသေးဘူး။တစ်ဦးတည်းသောသားလေးကိုပစ်ထားရက်လိုက်ကြတာနော်။မနေ့ကအိမ်ပြန်ရောက်ထဲက သူ့ကို
ဆူပစ်သွားသည့်ကိုကိုနှင့်စကားမပြောဖြစ်။ကိုကိုကလဲ သူ့ကိုစကားလာ
မပြောပါ။အဆူခံရတာချန်ချန်ပါ ဒါပေမဲ့ ကိုကိုကလဲ ချန်ချန့်ကိုစိတ်ဆိုးသွားသည်။ညကအိပ်တော့လဲချန်ချန့်အခန်းထဲလာမအိပ်ပဲ ဘယ်နားသွားအိပ်လဲမသိ။
သူ့ဘာသာစိတ်ဆိုးပြီးခြံထဲထွက်ထိုင်နေတာလေ။ဘယ်အချိန်မှအိမ်ထဲ ပြန်ဝင်လာလဲချန်ချန်လဲမသိ။ကိုကို့စေတနာကိုသိပေမဲ့လဲ သူငယ်ချင်းတွေနဲ့မပေါင်းဖို့ပြောလာတာမို့ ချန်ချန်လဲစိတ်တိုသွားပြီးပြန်ပြောမိသွားတာ။
သူများလာချော့မလားဆိုပြီးပေကပ်လို့ အိပ်ယာကနိုးတည်းက အခန်းထဲ
မထွက်ပဲနေနေတာလေနေ့လည် ၁၂နာရီပင်ထိုးတော့မည်။မနက်စာဘာညာစားဖို့လဲတစ်ခွန်းမှလာမပြော။
အိမ်ထဲမှာရောရှိသေးရဲ့လားပဲ အသံကိုမကြားရတာလေ။ဗိုက်ထဲမှလဲတစ်ဂွီဂွီနဲ့ဖြစ်နေပြီမို့
ချန်ချန်ဟာဆက်ပြီးခေါင်းမမာနိုင်တော့ပဲ ညအိပ်ဝမ်းဆက်လေးနဲ့အတိုင်း အခန်းအပြင်သို့ထွက်လာလိုက်သည်။အောက်ထပ်ကိုရောက်သည်နှင့်
ဧည့်ခန်းထဲမှာ Laptopတစ်လုံးနှင့် စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ကိုကို့ကိုတွေ့လိုက်ရသည်။ချန်ချန့်ကိုတောင်
ဂရုမစိုက်အားပဲ ကိုကိုဟာအလုပ်ကိုပဲလုပ်နေပြန်သည်။ချန်ချန်ဆင်းလာတာကိုတောင်
အာရုံရှိဟန်မတူ။မျက်မှန်အဝိုင်းလေးတပ်လိုက်လို့ အလုပ်ကိုအာရုံစိုက်နေတာလေ။ထိုအချိန်ချန်ချန်စဥ်းစားမိတာတစ်ခုက
မျက်မှန်တပ်လေ့မရှိသည့် ကိုကိုက မျက်မှန်နဲ့အရမ်းချောတယ်ဆိုတာပဲ။ချန်ချန့်နှလုံးသားလေး အရည်ပျော်သွားပြီး စိတ်ကောက်နေတယ်ဆိုတာတောင်မေ့သွားတော့မလို့ ။
"ဟယ်လို..ရီနာ.."
"အင်..ဘယ်အချိန်လောက်လဲ "
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "