"ချန်ချန်.....အိပ်နေတုန်းလား ""အခုကိုကိုဖုန်းဆက်လို့ နိုးသွားပြီလေ!"
မနက်မိုးမလင်းခင်ထဲက မိုးတွေတစ်ဖွဲဖွဲနဲ့ရွာနေခဲ့တာမို့ အရမ်းအရမ်းကိုအိပ်ကောင်းနေတုန်းမှာ ကိုကို့ဖုန်း ကြောင့်နိုးသွားရတာမို့ ချန်ချန်စိတ်ကလေးဟာကြည်မနေပါ။ထို့ကြောင့် အကန်တွေပဲလှိမ့်ပြောမိတော့သည်။
"အဲ...ဒီနေ့ကိုကိုနဲ့ဆေးရုံမလိုက်တော့ဘူးပေါ့ "
"အိပ်ချင်တယ်လို့....ကိုကိုဘာလို့ဖုန်းဆက်တာလဲ သူများအိပ်ကောင်းနေတာ"
ကိုကို့ဘက်ကဘာပြောနေလဲ
စိတ်မဝင်စားတော့။ကိုယ့်ဘက်ကပြောချင်တာတွေသာ လျှောက်ပြောနေတော့တာ။မသိဘူး ချန်ချန်အခုသိတာ ဆက်အိပ်ချင်တာပဲသိတာ။"အဲ့တာဆို ချန်ချန်ဆက်အိပ်နော်
ကိုကို့ဘာသာပဲသွားလိုက်တော့မယ် ""လူကိုလာနှိုးပြီးမှ ပြန်အိပ်ခိုင်းနေတာလား! "
"ချန်ချန်ပဲအိပ်ချင်တယ်ဆိုကွာ... "
"အင်းလေ အိပ်ချင်တာကိုဘယ်သူ့ကြောင့်နိုးသွားတာလဲ "
"ကိုကိုက ချန်ချန်ဆေးရုံလိုက်ချင်မယ်ထင်လို့ လှမ်းခေါ်တာပါကွာ....မလိုက်ချင်လဲနေပါ ဆက်အိပ်နော် "
သက်ပြင်းချသံလေးနဲ့အတူ ပြောလာတဲ့စကားကြောင့် ချန်ချန့်မျက်ခုံးလေးတွေတွန့်ချိူးသွားရသည်။ဘယ်လိုကြီးလဲ ချန်ချန့်ကိုစိတ်မရှည်သလိုကြီး။
"ဆက်အိပ်လဲ ကိုကို့ကြောင့်အိပ်ရေးပျက်သွားပြီလေ "
"ချန်ငယ် ဘယ်လိုဖြစ်လို့စောစောစီးစီးကိုကို့ကို အကန်တွေချည်းပဲပြောနေရတာတုန်း ကိုကိုဘာအမှားရှိလို့လဲပြော"
"အိပ်ချင်နေရင် အဲ့လိုပဲဆိုတာ ကိုကို
မသိဘူးလား ""သိတယ်လေ တကယ်လို့ ကိုကိုကသာ ချန်ချန့်ကိုမခေါ်ပဲ ဒီတိုင်းဆေးရုံကိုသွားလိုက်ရင်လဲ ချန်ချန့်ကိုခေါ်တောင်မခေါ်ပဲသွားတယ်ဆိုပြီး စိတ်ဆိုးအုံးမှာလေ အဲ့တာကိုဘယ်လိုလုပ်ပေးရမှာလဲကိုကိုက "
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "