"၂ဘာသာအထက် ကျတဲ့သူတွေ မနက်ဖြန်မိဘခေါ်ခဲ့! "
အတန်းပိုင်ဆရာ့ဆီမှ ကြားလိုက်ရတဲ့စကားကြောင့် လက်ထဲကreport cardလေးကိုကြည့်လိုက်ရင်း ချန်ချန့်မျက်နှာလေးဟာမဲ့ခနဲ။
လပတ်စာမေးပွဲမှာ ချန်ချန်ကအကောင်းဆုံးကြိုးစားခဲ့တယ်လို့ထင်ခဲ့ပေမယ့်လဲ ၃ဘာသာတောင်ကျသွားတာယုံတောင်မယုံနိုင်။
၃ဘာသာကျတာက ချန်ချန့်အတွက်
ပြသာနာမဟုတ်သေးပေမယ့် မနက်ဖြန်မိဘခေါ်ခဲ့ဆိုတဲ့ ဆရာ့စကားအဆုံးမှာ
ငိုချင်သွားရသည်။ဘယ်လိုလုပ်မလဲ
စာမေးပွဲကျလို့မိဘအခေါ်ခံရတာသာ ဖေဖေသိရင် ရိုက်သတ်လိမ့်မယ်ထင်တယ်။မိဘသာမခေါ်ရင် report cardမှာ
ကိုယ့်ဘာသာပဲ မိဘလတ်မှတ်တုထိုးပေးလိုက်ရင်ပြီးပြီ။အတန်းပိုင်ဆရာကလဲ အရမ်းအားနေတာလားမသိပါဘူးနော် တပည့်တွေကိုအရမ်းအခက်တွေ့အောင်လုပ်တယ်။ကျောင်းမှာတစ်နေ့လုံး ညဏ်နီညဏ်နက်လေးတွေ စဥ်းစားလိုက်သည့်အခါမှာတော့ တစ်ခုသာရှိသည်။ဒါကတော့ချန်ချန့်ရဲ့ မဟာတံတိုင်းကြီးကိုအသုံးချဖို့ပါပဲ။
report cardလေးကိုစာအုပ်ကြားထဲထိုးထည့်ကာဖွက်ထားလိုက်ပြီး ညနေကိုကို့ကိုဘယ်အချိန်ဆေးရုံကပြန်ရောက်မလဲဟု ဖုန်းဆက်မေးလိုက်သည်။
ကိုကိုပြန်မရောက်ခင်အချိန်လေးကို ချန်ချန်က ကိုကိုတို့အိမ်ဘက်သို့ကူးလာလိုက်ပြီး ကိုကိုပြန်အလာကိုကြိုစောင့်နေမည်။
ကိုကိုတို့အိမ်ဘက်သို့ကူးလာတော့
ကိုကို့ဖေဖေနဲ့မေမေဟာ ညစာစားပွဲတစ်ခုသွားဖို့ရှိသည်ဟုဆိုကာ ချန်ချန့်ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားသည်။ဟန်ဝေ့ချန်လေးတစ်ယောက်တည်း အိမ်စောင့်ကျန်ခဲ့ရတာပေါ့။ချန်ချန့်ကို သူတို့အိမ်မှာတစ်ယောက်တည်းထားခဲ့ရဲသည့် ပါပါးတို့ကို respectပါပဲ။ကျေးဇူးရှင်ကိုကိုကလဲ သူပြောထားတဲ့အချိန်ထက် အပြန်နောက်ကျနေသည့်အခါ ချန်ချန်စိတ်ကလေးဟာမကြည်ချင်တော့ပါ။ဒါပေမယ့်လဲ ချန်ချန်ကအကူညီလိုအပ်နေတာမို့ သည်းခံရမှာပါပဲ။ကိုကိုကယ်မှရတော့မှာမို့။
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "