"ချန်ချန်...ကျောင်းသွားဖို့ပြင်ပြီးပြီ
လား ""အွန်း "
"ကိုကိုမနက်စာပြင်ထားတယ် ပြီးရင်ထွက်လာခဲ့တော့လေ "
"ရတယ်ကိုကို...ကျွန်တော်မစားတော့ဘူးရယ် "
ချန်ချန်ဟာပုံမှန်ဆိုရင်လဲ ကျောင်း
မသွားခင်အိမ်ကနေဘာမှ စားသွားလေ့မရှိ။ဟိုရောက်မှပဲ သူငယ်ချင်းတွေနဲ့ ကန်တင်းထိုင်ရင်း စားတက်တာလေ။
ဒါကြောင့်အခုလဲ စားသွားမည်မဟုတ်။"ဘာလို့လဲ..ကိုကို ချန်ချန်ကြိုက်တဲ့
သီးစုံထမင်းကြော်ထားပေးတာလေ ""စားလေ့မရှိဘူး ကိုကိုရ...ကျွန်တော်ကဟိုရောက်မှပဲဝယ်စားတာ "
"မဟုတ်တာတွေ...အပြင်စာတွေအမြဲစားရင်မကောင်ဘူးလေကွာ ကိုကိုပြောထားရဲ့သားနဲ့ အခုချက်ချင်း
ထွက်စား! "ပြောပြီးသည်နှင့် ချန်ချန့်အခန်းပေါက်ဝမှာရပ်နေရာကနေ လှည့်ထွက်သွားသည်။
လူကိုဆူပူသလိုပြောသွားတာမို့
ချန်ချန့်မျက်နှာလေးဟာ မသာယာတော့ပါ။မေမေတောင်မှ ချန်ချန့်ကို
ဘာမှမပြောတာ။ကိုကိုက လူကိုလာဆူနေသည်။ချန်ချန်ဟာလဲ ခေါင်းမာသူပီပီ ကိုကို့စကားကိုနားမထောင်ကာ ထမင်းစားခန်းဘက်ကိုလှည့်မကြည့်ပဲ အိမ်ပေါက်ဝ ကိုခြေလှမ်းတွေကိုဦးတည်သည်။
"ချန်ချန်!...."
ချန်ချန့်ကိုလေသံတင်းတင်းနဲ့ အနောက်ကနေအော်လိုက်တာများ ခြေလှမ်းလေးတွေတုံ့ခနဲရပ်မိသည်အထိ။
ဆူပုတ်ပုတ်လေးနှင့်လှည့်ကြည့်လိုက်တော့ သူ့ကိုခါးထောက်လို့စိုက်ကြည့်နေသည့်ကိုကို။"မနက်စာစားသွားဖို့ ပြောထားတယ်လေ"
"ကျွန်တော်လဲမစားဘူးလို့ ပြောထားတယ်လေ ကန်တင်းမှာစားမှာ "
"အဲ့ကန်တင်းကအစာတွေက မသန့်တာတွေချည်းပဲ ခဏခဏစားနေလို့ကောင်းတာမဟုတ်ဘူး "
"ဒါပေမယ့် ချန်ချန်ကြိုက်တယ်လေ "
"ကြိုက်လဲမစားရဘူး ကိုကိုပြောတာနားထောင် "
"မစားဘူးလို့...."
"ပြောမရဘူးလား...အဲ့တာဆိုမင်းအတွက် ကိုကိုအစောကြီးထပြီးလုပ်ပေးထားတဲ့ ထမင်းကြော်တွေကိုရော ဘာလုပ်လိုက်ရမလဲ လွှင့်ပစ်လိုက်ရမှာလား "
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "