ချန်ချန်တစ်ရေးနိုးလာတော့ ခေါင်းတွေကလဲကိုက်ခဲနေပြီး အသားလေးတွေကလဲပူကျစ်ကာ ခန္ဓာကိုယ်လေးကလဲတစ်ဆတ်ဆတ်တုန်နေတာမို့ ဘေးမှာအဆင်သင့်ရှိနေတဲ့ စောင်ကိုဆွဲယူလိုက်လို့ ခြုံထားလိုက်ရသည်။
"ဟင်း...အေးလိုက်တာ "
ကိုယ့်ဘာသာကိုယ်တိုးတိုးတိတ်တိတ်ညီးညူလိုက်ရင်း ချန်ချန်ဖျားနေပြီဆိုတာကိုလဲသိလိုက်ရသည်။မနေ့ကမိုးရေထဲဘောလုံးသွားကန်မိတဲ့အကျိုးကျေးဇူးပါပဲ။
အစောကြီးအချိန်ခါရှိသေးတာမို့
မေမေတို့ကိုလဲသွားမနှိုးချင်တာ
ကြောင့် ထိုအတိုင်းသာပေတေလို့ ဆက်အိပ်နေမိသည်။ဒီအချိန်ကြီးမှ ဒုက္ခသွားမပေးချင်ပါ။ဝေဒနာကတစ်စတစ်စ ပိုဆိုးရွားလာဟန်တူသည်။ခဏတာတော့အိပ်ပျော်သွားပေမယ့် နှဖူးပေါ်မှအေးစက်စက်အရာတစ်ခုကိုခံစားလိုက်ရတာမို့
မျက်လုံးလေးတွေဟာပြန်ပွင့်လာခဲ့ပါသည်။"ချန်ချန်...နိုးပြီလား...ကိုယ်တွေအများကြီးပူနေတာသားသားရယ်..."
"အေးတယ်...အင့်"
မေမေကချန်ချန့်ကိုယ်ပေါ်ကို စောင်နောက်တစ်ထပ်ခြုံပေးလာပြီး နှဖူးပေါ်မှအဝတ်စကိုဖယ်ပေးလာသည်။
"ခေါင်း..ကိုက်တယ် "
"မေမေနှိပ်ပေးမယ်နော်...အအေးပတ်သွားတာနေမှာ...သားလေး ဘာစားချင်လဲ "
"ဘာမှမစားချင်ဘူး....ဖေဖေရော"
"အောက်မှာသားငယ်အတွက်
ဆန်ပြုတ်ပြုတ်ပေးနေတယ် ပြီးရင်လာလိမ့်မယ် "ဖေဖေဟာ ချန်ချန်နဲ့ဆိုနည်းနည်း
တည်တည်တံ့တံ့နေတက်သူဆိုပေမယ့်
ဒီလိုမျိုးချန်ချန်နေမကောင်းဖြစ်တဲ့အချိန်တွေဆိုရင်တော့ သူများနဲ့မတူအောင်ဂရုစိုက်ပေးတက်ပါသည်။ဒါပေမယ့်ချန်ချန့်အတွက်ဆန်ပြုတ်ဆိုတာကြီးကိုတော့မကြိုက်ချင်ပါ။ကြားတာနဲ့တင် နှာခေါင်းလေးရှုံ့မိသွားသည်။ချန်ချန်မှအဲ့ဆန်ပြုတ်ကြီး
မကြိုက်ပဲ။"အသားတွေကပိုပူလာသလိုပဲ မဖြစ်သေးပါဘူး ဂယူလေးကိုခေါ်အုံးမှ ဒီအချိန်ဆိုဆေးရုံမသွားလောက်သေးဘူးထင်တယ် "
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "