တက္ကသိုလ်ရောက်နေပြီဖြစ်သည့်
ချန်ချန်ဟာအရင်ကလို လူကောင်းလေးမဟုတ်တော့။အပေါင်းသင်းတွေနှင့် ပျော်ပါးတက်နေပြီ။ဂိမ်းတွေဘာတွေဆိုလဲ သူများဆော့တာထိုင်ကြည့်နေရသည်မဟုတ်တော့ပဲ ကိုယ်တိုင်လဲ ကျွမ်းကျွမ်းကျင်ကျင်ဆော့တက်နေပြီ။အခုလဲအတန်းလစ်ပြီး သူငယ်ချင်းတွေစုပြီးဂိမ်းဆိုင်ရောက်နေလေပြီ။မဟုတ်တာဆို အကုန်တက်နေတာလေ
ဟန်ဝေ့ချန်တို့....ဒါတွေသာကိုကိုသိရင် ချန်ချန့်ကိုကျိန်းသေပေါက်စိတ်ဆိုးမှာပင်။
ဒါပေမယ့်အခုတော့ ကိုကို့ကိုခေါင်းထဲ
မထည့်သေးဘူး။၁၅ရက်၊၁၅ရက်တိတိရှိနေပြီ ကိုကို့ဆီကအဆက်သွယ်မရတာ။သတိရလွန်းလို့ ချန်ချန့်ဘက်မှစာတွေပို့ထားသော်လဲ seenပဲပြပြီး ဘာမှအကြောင်းမပြန်။
ဒါဘာသဘောလဲ။အလုပ်ကိုအကြောင်းပြပြီး လူကိုအဖက်မလုပ်ချင်တာမဟုတ်ဘူးလား။စိတ်တိုလွန်းလို့ အတန်းတွေလဲမတက်နိုင်ပဲ သူငယ်ချင်းတွေနဲ့ဂိမ်းဆိုင်ပဲရောက်ရောက်နေတော့တာလေ။အဲ့တာ
ချန်ချန့်အမှားလား မဟုတ်ဘူး လူကိုစိတ်တိုအောင်လုပ်တဲ့ကိုကို့အမှား။"ယူဂျင်း...ဂိမ်းကိုအာရုံစိုက်ဆော့လေ
ရှုံးတော့မှာပဲ "ဆော့နေရင်းနဲ့မှ ကိုကို့ကိုသတိရလာမိပြန်သည့်အခါ ဂိမ်းဆီအာရုံမရောက်တော့ပဲ စိတ်တွေပျံ့လွင့်သွားသည်။
ငိုချင်လိုက်တာ ကိုကိုနဲ့တစ်ခါမှ
ဒီလောက်ထိ ခွဲမနေဖူးသလို ဘာအဆက်သွယ်မှလဲမလုပ်ပဲ မနေဖူးတာကိုလေ။စိတ်တွေမွန်းကြပ်လာသည့်အခါ
ဘေးမှအတူဆော့နေသည့် ဂျွန်လေးအနားမှ စီးကရက်ဘူးလေးဆီအကြည့်ရောက်မိသည်။တက္ကသိုလ်ကျောင်းသားဆေးလိပ်ဆောင်ထားတာကတော့အဆန်းတော့မဟုတ်ပေ။သူတို့အဖွဲ့ထဲမှာ ဆေးလိပ်
မသောက်တက်သူဆိုလို့ ချန်ချန်တစ်ယောက်တည်းသာရှိသည်။
မိန်းကလေးဖြစ်သည့် ချယ်ရီ တောင်မှဆေးလိပ်သောက်တက်သည်။ယူဂျင်းကိုလဲ'သောက်ကြည့်မလား'ဟုမေးတက်ကြပေမယ့်လဲ ယူဂျင်းဟာယောင်လို့တောင်မသောက်ကြည့်ခဲ့ပေ။
အကြောင်းကတော့ ကိုကိုမကြိုက်မှန်းသိ၍။
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "