Part-8

273 50 4
                                    

"ချန်ချန်....မနက်ကျောင်းပိတ်ရက်ဆိုတော့ ကိုကိုနဲ့ဆေးရုံလိုက်ချင်လိုက်ခဲ့လေ"

"မလိုက်ချင်ပါဘူး...ချန်ချန်အိပ်ချင်လို့"

"ဟော...ကျောင်းဖွင့်ရက်တုန်းကကျ လိုက်ချင်တယ်ဆိုပြီး ခဏခဏပူဆာနေပြီးတော့ "

"အဲ့တာကျောင်းမသွားချင်လို့ရယ်
hee..."

ဂယူဗင်းကတော့ ပြုံးမိသွားရသည်။
ည၁၁နာရီထိုးကြီးလိုင်းတက်နေတဲ့ကောင်လေးကြောင့် စကားလာပြော
ကြည့်ရသည်။

မနက်ဖြန်ချန်ချန်တို့ကျောင်းပိတ်ရက်ဆိုတာကို သတိရမိကာ ရှေ့ရက်တွေကဂယူဗင်းနဲ့ဆေးရုံလိုက်ချင်သည်ဟုခဏခဏပူဆာနေတာမို့ ခေါ်မိသော်လဲ စိတ်ကလေးဟာပြောင်းသွားပြန်သည်။

ချန်ချန်က ကလေးပိစိလေးတွေနှင့်တူသည်။အခုတစ်မျိုးတော်ကြာတစ်မျိုးနှင့်။

'ဟုတ်ပါပြီ မလိုက်ချင်လဲနေပါ
ကလေးလေးအိပ်ရေးဝအောင်သာအိပ်'

'ကလေးလေးမဟုတ်ပါဘူးနော်'

'မသိဘူး ကိုကို့အတွက်ကလေးပဲ'

angrey reactတစ်ခုသာပေးပြီး ဘာမှပြန်မပြောလာတော့ပေ။ဂယူဗင်းကလဲဂယူဗင်းပဲ ၁၇နှစ်သားကို ကလေးလေးပဲထင်နေမိတာလေ။

ချန်ချန့်ကိုဆို ၅နှစ်သားလေးလိုပဲဂရုစိုက်ပေးချင်တယ် ကြင်နာပေးချင်တယ် နူးနူးညံ့ညံလေးပဲပြောဆိုဆက်ဆံပေးချင်တယ်။အမှန်တိုင်းပြောရရင် ချန်ချန့်ကိုဒီထက်ပိုပြီးလုံးဝအသက်
မကြီးစေချင်တော့ဘူး။ဖြစ်နိုင်ရင် ဟိုး၅နှစ်သားလေးမှာပဲ ရပ်တန့်နေစေချင်တာ။ချန်ချန်အသက်ကြီးလာလို့ လက်တွဲဖော်နှင့်ဆုံပြီးကလေးတွေဘာတွေရလာမှာမျိုးဆို ဂယူဗင်းယောင်လို့တောင်မတွေးကြည့်ရဲဘူး။ချန်ချန့်ကို
ဂယူဗင်းရဲ့မျက်နှာရိပ်အောက်မှာပဲ
အမြဲရှိစေချင်တာ။

တောင်!

'မနက်ကျငါ့ကိုဝင်ခေါ်ပေးအုံးနော်ဂယူ
ငါ့ကားဝပ်ရှော့ပို့ထားရလို့'

ဖုန်းကိုပိတ်ကာအိပ်မလို့ပြင်ရုံရှိသေး
ရီနာဆီမှစာဝင်လာပြန်သည်။ဒီသူငယ်ချင်းလေးနှယ် ဂယူဗင်းသာမရှိရင်ဘယ်လိုလုပ်မလဲ။အမြဲတစ်ခုခုဆို
ဂယူဗင်းကိုပဲအားကိုးလွန်းလှသည်။
တစ်ဦးတည်းသောသူငယ်ချင်းလေးမို့ ငြိုလဲမငြိုရင်ရက်ပါ။

 Loveable Diary  (Gyujin)Where stories live. Discover now