"ကိုကို ချန်ချန့်ကိုလိုက်မပို့နိုင်တော့ဘူးနော် အရေးပေါ်လူနာတစ်ဦးပေါ်လာလို့ ကိုကိုဆေးရုံပြေးရတော့မယ် "
"ချန်ချန်ကပဲ ကိုကို့ကိုနားလည်ပေးပါအုံး ><"
"ပါးပါးကိုလိုက်ပို့ခိုင်းလိုက်နော်...
ကိုကိုတောင်းပန်ပါတယ် "အစတည်းက အစောကြီးထရလို့
စိတ်မကြည်လင်စွာဆောင့်အောင့်လို့
ကျောင်းသွားဖို့ပြင်နေတဲ့ ချန်ချန်ဟာ
ဖုန်းကိုဖွင့်ကြည့်လိုက်ချိန် မြင်လိုက်ရတဲ့စာကြောင့် မျက်နှာလေးဟာနှစ်ဆလောက်အိုစာသွားသလို။ကျောင်းတက်ရမှာကို လုံးဝကြီးပျင်းပေမယ့် အော် 'ကိုကိုကလိုက်ပို့မှာပဲ'ဟုစိတ်လေးနဲ့ ကြိုးစားပြင်နေရတာကို။
သူပဲလူကိုဖုန်းဆက်နှိုးပြီး လိုက်ပို့မယ်ပြောထားတာကို အခုကျတော့တစ်မျိုးဖြစ်သွားပြန်သည်။စိတ်တိုတိုနဲ့ လက်ထဲကိုင်လက်စဖြစ်နေသည့် လွယ်အိတ်လေးကို ကြမ်းပြင်ပေါ်သို့ပစ်ပေါက်ချလိုက်ကာ အိပ်ယာပေါ်ထိုင်ချလိုက်ပြီး မျက်နှာလေးမဲ့သွားရသည်။
ကိုကို့အလုပ်ကအရေးကြီးတယ်ဆိုတာသိပေမယ့် အစတည်းကလူကို လိုက်ပို့မယ်ဆိုပြီး မျှော်လင့်ချက်တွေမပေးပါနဲ့လား။
ဖုန်းတောင်လှမ်းမဆက်နိုင်ပုံထောက်ရင် အသဲသန်ဆေးရုံပြေးသွားရပြီထင်သည်။ကိုကို့ကိုတမင်ရွဲ့ပြီး ကျောင်းမသွားပဲနေလိုက်ရမလား။
မဖြစ်ပါဘူး အဲ့လိုဆိုဖေဖေကရိုက်သတ်လိမ့်မယ်ထင်တယ်။မေမေကလဲပူညံပူညံလုပ်အုံးမှာ။ပြီးတော့ ကိုကိုကလဲစိတ်ပြန်ဆိုးသွားအုံးမယ်။ကိုကိုစိတ်ဆိုးသွားပြီး အရင်တစ်ခါကလို ချန်ချန့်ကိုမခေါ်ပဲနေမှာကိုတော့ကြောက်ပါသည်။ကိုကို့ကိုတော့ဘာစာမှပြန်ပို့ချင်မနေတော့တာမို့ ပစ်ချလိုက်တဲ့လွယ်အိတ်လေးကိုပြန်ကောက်လွယ်လို့ အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။
စိတ်လေးဟာ ကြည်မနေတာမို့ ခြေလှမ်းတွေကိုဝုန်းဒိုင်းနဲ့လှမ်းမိသည့်အခါ စောစောစီးစီးဖေဖေ့ဆီမှအဆူခံလိုက်ရသည်။
"စောစောစီးစီးဘယ်လိုဖြစ်နေပြန်ရတာလဲ....ခြေသံကိုပြင်စမ်း ဟန်ယူဂျင်း! "
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "