"Gunwook! ရောက်နေတာလား "
ချန်ချန်ဝရံတာကိုထွက်ရပ်ရင်း ကိုကိုတို့ခြံဘက်ကိုအကြည့်ရောက် Gunwookကိုမြင်လိုက်ရတာကြောင့်
မျက်လုံးလေးလက်သွားမိသည်။
Gunwookဆိုတာကိုကို့ညီဝမ်းကွဲလေ ချန်ချန်နဲ့ရွယ်တူ။အမြန်ပဲကိုကိုတို့အိမ်ဘက်ကိုကူးလာလိုက်သည်။အဲ့ဒီ့Gunwookဟာလဲကိုကိုနဲ့တူတူပါပဲ။ကျောင်းပိတ်တော့ချန်ချန့်ဆီလာတောင်မလာတော့။
ခြံတံခါးကိုဆွဲဖွင့်လိုက်တာနဲ့ Gunwookကသူ့အားလက်ထောင်ပြလို့နှုတ်ဆက်သည်။
"ရား...မင်းရောက်နေတာတောင်ငါ့ဆီ
မလာဘူးပေါ့လေ ""ဘာလဲ ငါ့ကိုအရမ်းသတိရနေတာလား ဟန်ယူဂျင်းက "
"ဟုတ်တယ် မင်းမလာတော့ပျင်းလို့သေတော့မယ် "
"ဂယူဗင်းဟျောင်းသာရှိရင် ငါ့ကို
အဖက်မလုပ်ပဲနေမှာများ....."သူပြောတာလဲမှန်နေတာမို့ ချန်ချန်ဘာမှပြန်မပြောနိုင်တော့။ကိုကိုသာအနားမှာရှိရင် ချန်ချန့်အတွက်
ကျန်တဲ့သူတွေဟာ ပျောက်သွားရော။အဲ့တာက ကိုကိုလဲအတူတူပဲနေမှာ။"ဟီး...သူငယ်ချင်းလေးကလဲ ငါကမင်းကိုဘယ်လောက်တောင်ခင်လိုက်လဲ အခုတောင်မင်းကိုတွေ့လို့ပြေးလာတာ မေမေ့ကိုတောင်မပြောခဲ့ရဘူး "
"ပြေးလာလဲ ကျွန်တော်မျိုး သခင်လေးနဲ့အချိန်မပေးနိုင်သေးပါဘူးခင်ဗျာ...."
"ဟာ...ဘာဖြစ်လို့...."
"Gunwookieရေ...ဒီစာရွက်တွေသွားပို့ပေးနော် မင်းအစ်ကိုကို..အဲ ချန်ချန်ရောက်နေတာလား "
အိမ်ထဲကထွက်လာတဲ့မာမားက
ဖိုင်အထပ်ထပ်တွေကိုလဲကိုင်ထားသေးသည်။ချန်ချန့်ကိုမြင်တော့
မာမားရဲ့အပြုံးနုနုဖြင့်ပြုံးပြလာသည်။ချန်ချန်ကလဲ ကိုကို့မေမေနဲ့ဖေဖေကိုပါပါး၊မာမားဟုခေါ်သလို ကိုကိုကလဲချန်ချန်မေမေနဲ့ဖေဖေကိုပါပါး၊
မာမားဟုသာခေါ်သည်။"ဟုတ်ကဲ့ မာမား...
Gunwookကဘယ်သွားမို့လဲ ""မင်းကိုကိုပေါ့ရှင်...အရေးကြီး
ဆေးစာရွက်တွေကျန်နေခဲ့လို့တဲ့
အဲ့တာ Gunwookလေးကိုသွားပေးခိုင်းမို့...."
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "