"မေမေ...ရှေ့အိမ်သွားမလို့..."
"ဟန်ယူဂျင်းရယ် ဂယူဗင်းပိတ်ရက်လေးရှားရှားပါးပါးလေးရတာ အေးဆေးနေပါစေ မင်းက မိုးတောင်
မလင်းသေးဘူး သွားရှုပ်အုံးမယ် ""ဟာ..ကိုကိုကမုန့်လုပ်ကျွေးမယ်ဆိုပြီးလှမ်းခေါ်တာ မေမေမသိပါဘူး "
"နင်ပူဆာတာမဟုတ်ဘူးလား
ငါမသိရင်ခက်မယ် ""မေမေမယုံရင် ကိုကို့ဆီလိုက်
မေးပါလား တကယ်ပဲ ""ငါ့ကိုလာပြီးတစ်ခွန်းမကျန်ပြန်ပြောနေတာ နေအုံး နင့်အဖေနဲ့တိုင်အုံးမယ် "
ချန်ချန်မျက်နှာလေးမဲ့ကျသွားပြီး
ဘာမှပြန်မပြောတော့ပဲ ခြေလေးဆောင့်လို့ ရှေ့အိမ်က ကိုကိုတို့အိမ်ဆီကူးလာလိုက်သည်။မေမေကသိလဲမသိပဲ ချန်ချန့်ကိုပဲအပြစ်လာပြောနေတာလေ အမြဲ။
ကိုကိုကိုယ်တိုင် ညကတည်းက ဒီနေ့နားရက်ရလို့ ချန်ချန်ကြိုက်တဲ့မုန့်တွေလုပ်ကျွေးမယ်လို့ပြောထားတာ။အဲ့လိုမျိုးဆိုအရမ်းတက်ကြွတဲ့
ချန်ချန်က မနက်၆နာရီထဲကနိုးနေခဲ့တာ ပုံမှန်ဆို၉နာရီ၁၀နာရီမှနိုးတက်တာကိုလေ။အခုလဲကိုကိုတို့အိမ်ကိုကူးလာတော့၇နာရီပဲရှိသေး။အစကတော့တက်ကြွနေပေမဲ့လဲ ထွက်လာခါနီးမေမေကဆူနေတာမို့ စိတ်လေးကကြည်မနေတော့ပါ။
ထို့ကြောင့် ချန်ချန့်ကိုတံခါးလာဖွင့်ပေးတဲ့ကိုကို့ကိုလဲ မျက်စောင်းတွေချည်းသာပစ်နေမိတော့သည်။အမြဲကိုကိုနဲ့ပက်သက်ရင် ယူဂျင်းဟာ
အိမ်မှာအမြဲဆူခံရသည်။အလုပ်များတဲ့ကိုကို့ကို ယူဂျင်းကလိုက်ပြီးအနိုင်ကျင့်နေတယ်ထင်နေကြတာလေ။"အဲ...ကိုကိုဘာလုပ်မိလို့ မျက်စောင်းတွေချည်းပစ်နေရတာတုန်း ချန်ငယ်ရ "
ခြေလေးဆောင့်ပြီး အိမ်ထဲလိုက်ဝင်လာတဲ့ချန်ချန်ငယ်ဟာ ဂယူဗင်းကိုမြင်ထဲက မကျေနပ်အကြည့်လေးတွေနဲ့ပြည့်နေတာမို့ ဂယူဗင်းမှာမေးခွန်းထုတ်ရတော့သည်။
အစောကြီးအိမ်ဘက်ကူးလာလို့
ဂယူဗင်းမှာထူးဆန်းနေသေးတာလေ။ဒီအချိန်ချန်ချန်ရဲ့ အိပ်ယာထချန်မဟုတ်မှန်း သိတာပေါ့။ကိုယ်ကမုန့်လုပ်ကျွေးမယ်ဆိုပြီး ခေါ်ထားတာပေမဲ့လဲ နေ့လည်လောက်မှပဲရောက်လာမယ်ထင်ထားလို့ ဂယူဗင်းမှာစျေးတောင်သွားမဝယ်ထားရသေး။
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "