"ကိုကို...ချန်ချန့်ကိုဘယ်လိုမြင်လဲ "
"ချစ်ဖို့ကောင်းတယ်..."
"အာ...အဲ့လိုမဟုတ်ဘူးလေ
ချန်ချန့်ကိုဘယ်လိုသဘောထားလဲလို့မေးချင်တာ ""ချန်ချန်က ကိုကို့ညီလေးပဲပေါ့ ဘယ်လိုသဘောထားရမှာတုန်း.....
နေပါအုံး ဒီရက်ပိုင်းချန်ချန်ဒါကိုပဲ
ထပ်ခါထပ်ခါမေးနေတော့တာနော်
ကိုကို့ဆီကဘာလိုချင်တာရှိလို့လဲ ပြော"ဂယူဗင်းရဲ့အဖြေကို ချန်ငယ်ကတော့
မကျေနပ်သလိုမျက်နှာဘေးလေးနှင့် သက်ပြင်းလေးချသည်။ကိုယ်ပြောလိုက်တာဘာမှားသွားသလဲ အသဲသန်နဲ့ပြန်စဥ်းစားရပြန်တော့လဲ ဘယ်လိုမှ
မစဥ်းစားတက်။ဒီရက်ပိုင်းချန်ချန်ဟာ ထိုကဲ့သို့
အထူးဆန်းမေးခွန်းကို ထပ်ခါထပ်ခါ
မေးတက်နေသည်။ဂယူဗင်းက ဒီနေ့လိုတစ်ပုံစံထဲအဖြေကို ပေးသည့်အခါ မျက်နှာဘေးလေးဟာလဲ ဒီနေ့လိုပဲ
တစ်ပုံစံထဲဖြစ်နေတက်သည်။"ချန်ချန်ပြန်တော့မယ် "
ဂယူဗင်းကဒီနေ့ညဂျူတီမရှိတာမို့
ညနေစောင်းလောက်ထဲက အိမ်ပြန်ရောက်နေသည့်အခါ အရှုပ်ထုတ်လေးဟာ ဂယူဗင်းတို့ခြံဘက်ကူးလာလို့
ဂယူဗင်းအတွက်အဖော်ပြုနေခဲ့ပါသည်။အခုတော့နှစ်ယောက်သားခြံထဲက ဒန်းပေါ်မှာ။"ခုနကတော့ ညစာစားသွားမှာဆို "
"အိမ်မှာပဲစားတော့မယ်...."
"တကယ်လား ဟိုမှာ မင်းမာမားက
မီးဖိုချောင်ထဲချက်ပြုတ်နေတာကို အကုန်အလကားဖြစ်တော့မှာပဲ ""ကိုကိုစားပေးလိုက်လေ "
"မေမေက ချန်ချန်ပါစားမယ်ဆိုလို့ သေချာ ချက်ပြုတ်ပေးနေတာလေ
ကိုကို့အတွက်ပဲဆို အဲ့လောက်ထိချက်ပေးမနေဘူး ကိုကိုက စားပေးလိုက်လို့ရပေမယ့် ချန်ချန်ကမစားသွားလို့ မေမေစိတ်မကောင်းဖြစ်သွားရင်တော့
မတက်နိုင်ဘူးနော် "ထိုအခါမှ ထိုင်နေရာမှထရပ်နေပြီးဖြစ်သည့်ခြေလှမ်းလေးတွေဟာတန့်သွားသည်။ဘာကိုစိတ်ဆိုးချင်လို့စိတ်ဆိုးနေမှန်းမသိသည့် ယုန်စိတ်လေးကို
ဂယူဗင်းလဲနားမလည်နိုင်။
YOU ARE READING
Loveable Diary (Gyujin)
Fanfiction"ကိုကိုက ချန်ချန့်ကိုအရင်လို ဂရုမစိုက်ပေးတော့ဘူး အလုပ်ပဲလုပ်နေလေ "