Part4 U/Z

361 5 0
                                    

တက္ကသိုလ်စဖွင့်ချိန်..

တက္ကသိုလ်လို့ပြောလိုက်တာနဲ့ကျောင်းရဲ့မုဒ်ဝကိုတန်းမြင်တာပါဘဲ။အိမ်မက်ထဲကလို ကျောင်းသူကျောင်းသားတွေရဲ့ရီမောသံ၊စနှောက်သံတွေပြည့်နှက်နေခဲ့ပြီးဆရာ၊ဆရာမတို့၏ဆိုဆုံးမမှုတွေကိုလည်းတွေ့မြင်ရတော့သည်။အမြဲတန်းလိုတက်ဖူးချင်ခဲ့တဲ့ပန်းတိုင်သစ်ဆီရောက် နေသလိုခံစားလာရတယ်။ကျောင်းတက်ဖို့အနိုင်နိုင်ဖြစ်နေပေမဲ့ကိုယ်ကြိုတင်စုဆောင်းထားတဲ့ပိုက်ဆံလေးနဲ့တက်ရတာကြောင့် သူများတွေရဲ့အထင်သေး၊ရှုံချမှာကိုလည်းစိုးရိမ်မိသည်။

ကျွန်တော်ကတော့တက္ကသိုလ်တက်ရင်းအလုပ်လုပ်ဖို့စဥ်းစားခဲ့သည်။အမေကလည်းကျောင်းကိုသာတစိုက်မတ်မတ်တက်ခိုင်းပြီးတခြားအလုပ်တွေမလုပ်ခိုင်းခဲ့လို့သာ အလုပ်ကိုခဏဘေးဖယ်ထားလိုက်သည်။ကျွန်တော်က မန္တလေးသားလို့သာပြောတာ မန္တလေးကြောင်းသိပ်မသိဘူးလေ။

တနေ့လုပ်မှတနေ့စားရတဲ့အထဲမပါပေမဲ့ ပိုပိုပြီးကြိုးစားလာရတယ်။အမေနဲ့ညီမလေးတွက်ကျွန်တော်ဘဲရှိတာမို့ ကျွန်တော်ပိုကြိုးစားရမည်။သူများတွေလို ရည်းစားလေးထားလိုက်၊ အပြင်တွေသွားလိုက်မလုပ်နိုင်ပါ။အဖေမရှိတော့ထဲက အမေကကျွေးမွေးပြုစုခဲ့ရလို့ အမေ့ကိုပိုသနားမိသည်။အမေ့ကိုဒီထက်အလုပ်တွေလည်းမလုပ်စေချင်တော့ဘဲ သက်သောင့်သက်သာနေစေချင်တော့သည်။၁၀တန်းကိုနှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီးနောက်ကျွန်တော်ကြိုက်တဲ့ဘာသာရပ်ကိုလည်းတက်ခွင့်ရခဲ့တယ်။
ဒီနေ့ပထမဦးဆုံးကျောင်းတက်ချိန်မို့ကျွန်တော့်ခြေလှမ်းတွေပေါ့ပါးနေခဲ့တယ်။
အမေပြောတဲ့အတိုင်းအဓိပတိလမ်းကြီးကိုလျှောက်နေရသလိုခံစားရသည်။
သူ့တို့ကျောင်းသားကျောင်းသူတွေစုတဲ့နေရာဆီလျှောက်သွားရင်း ထိုင်နေလိုက်သည်။ခဏကြာတော့ဆရာမတစ်ယောက်ရောက်လာပြီး ကိုယ်နာမည်နဲ့ခုံနံပါတ်ကိုလိုက်ရှာရတော့သည်။
ထူးမြတ်သာတယောက် သူနာမည်နဲ့ခုံနံပါတ်ကိုတွေ့ပြီးချင်းဝင်ထိုင်လိုက်တော့သည်။ခုံတွေက သစ်သားခုံတွေဖြစ်ပြီးတယောက်ထိုင်ခုံမဟုတ်ပါ သုံးယောက်ထိုင်ခုံတွေဖြစ်သည်။

မောင်သည်သာ (Completed)Where stories live. Discover now